Careers & Jobs

တစ်ပတ်အတွင်း ဖြစ်လာမယ့် သင့်ကံကြမ္မာ အဆိုးအကောင်းများ

Read 1710 times

ခုနှစ်ရက်သားသမီးများအတွက် ဧပြီလ ၂ ရက်မှ ဧပြီလ ၈ ရက်နေ့အထိ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ တစ်ပတ်စာ ကံကြမ္မာ၊ အဆိုးအကောင်းများကို ဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေနေ့ မွေးသူများ

ညီအစ်ကိုမောင်နှမများအတွက် မိမိပိုင်ငွေကြေးများ လွန်ကဲစွာ သုံးစွဲရစေခြင်းမျိုး ကြုံရပါလိမ့်မည်။ ခရီးသွား၍ လုပ်ကိုင်ရသောလုပ်ငန်းများ အဆင်ပြေပါလိမ့်မည်။ နိုင်ငံခြားခရီးများတွင် အောင်မြင်မှုရရှိပါလိမ့်မည်။ အိမ်ထောင်ဖက်နှင့်အဆင်မပြေမှုများ ရှိနိုင်ပါသည်။ အဆင်မပြေကွဲပြားစေသည့် ဝင်ငွေနည်းပါးနေသည့် အခြေအနေများနှင့် ကြုံတွေခံစားနေရပါလိမ့်မည်။ အချို့သောကိစ္စများတွင် ပြေလည်မည်ထင်၍ မိမိကိုယ်တိုင်ဖြေရှင်းမိရာမှ အခြေအနေဆိုးရွားစေခြင်းမျိုး ခံစားရတတ်ပါသည်။ အချစ်ရေးတွင် ထင်တိုင်းမရော၊ ခင်တိုင်းမပြော၊ အပြောအဆို ယဉ်ကြေး၍ သဘောအလို အသွင်အေးပါသော အိမ်ထောင်ဖက်နှင့် ကြေနပ်စွာ လက်တွဲမှုပြုရပါလိမ့်မည်။

ယတြာ။ ။ အိမ်ကဘုရားတွင် သစ်သီး ၃ မျိုး ကပ်လှူပေးပါ။

တနင်္လာနေ့ မွေးသူများ

စီးပွားရေး ပြောင်းလဲလုပ်ကိုင်ရတတ်သည်။ အများကို ယုံကြည်မှုလွန်ကဲလျှင် ဆုံးရှုံးမှုများစွာ ခံရပါလိမ့်မည်။ စီးပွားရေးဆိုင်ရာ လုပ်ကိုင်ဆောင်ရွက်မှုများတွင် တိုးတက်သောအောင်မြင်မှုများ ရရှိပါလိမ့်မည်။ အများအကျိုးအတွက် အနစ်နာခံ၍ ကူညီစောင့်ရှောက်ရခြင်း၊ ပညာဒါနဖြန့်ဝေကုသိုလ်ပြုရခြင်း၊ အများ၏ ယုံကြည်ချစ်ခင် လေးစားမှုခံရခြင်းများရှိနေမည်။ မိမိလေ့လာလိုက်စားသော အဆင့်မြင့်ပညာရပ်များ ထပ်မံသင်ယူရခြင်းများ ကြုံရပါလိမ့်မည်။ အချစ်ရေးတွင် သံသယမေတ္တာဖြင့် ဟန်မကျဖြစ်လာသည်ဆိုပါလျှင် အနည်းနှင့်အများသည် တလွဲနှင့်တခြား ဖြစ်နေကြပါလိမ့်မည်။ ထိပ်တိုက်ဖြေရှင်းမှသာလျှင် စိတ်အိုက်နေခြင်းပမာ ခံစားနေရပါသော အဖြစ်အပျက်များသည် ပြေလည်မှုဖြစ်စေရပါလိမ့်မည်။

ယတြာ ။ ။ အိမ်ကဘုရားတွင် ဇီးသီးသုံးလုံး ကပ်လှူပေးပါ။

အင်္ဂါနေ့ မွေးသူများ

ရာထူးလုပ်ငန်းများမှ ဝင်ငွေအထူးဝင်လာပါလိမ့်မည်။ မြေယာ၊ ယာဉ်ကားပိုင်ဆိုင်မှု ရရှိစေလိမ့်မည်။ ဆန့်ကျင်ဘက်လိင်များနှင့်ပတ်သက်၍ အခွင့်အရေးကောင်းများ အောင်မြင်မှုရရှိခံစားရပါမည်။ အိမ်ထောင်ဖက်၏ ကျန်းမာရေး ဂရုစိုက်ရန်လိုပါမည်။ စိတ်ကူးတည့်သော စီးပွားရေးလုပ်ငန်းများဖြင့် တိုးတက်သောအောင်မြင်မှုများ ရရှိပါလိမ့်မည်။ တောင်အရပ်ဆီသို့ ခရီးထွက်ရန်မသင့်ပါ။ အချစ်ရေးတွင် ချစ်သူသည် မည်မျှပင် ထာဝရလိုက်လျောစေသည့်အပြုအမူများဖြင့် မိမိအပေါ်တွင် ဆက်ဆံခဲ့ပါသော် လည်း မိမိ၏မာနအား ထိခိုက်စေသည့် စရိုက်သဘောအနေမမှန်မှုအတွက် ဆန့်ကျင်မှု ပြုလိုစိတ်များ ဖြစ်ပေါ်နေမိပါလိမ့်မည်။

ယတြာ ။ ။ ငါးသက်စေ့လွှတ်၍ ကုသိုလ်ပြုပေးပါ။

ဗုဒ္ဓဟူးနေ့ မွေးသူများ

သစ္စာရှိမှုကြောင့် မိမိ၏ဂုဏ်ဒြပ်နှင့် ထင်ပေါ်ကျော်ကြားလိမ့်မည်။ သားချင်းညီအစ်ကိုများကြောင့် အကောင်းဆုံးပျော်ရွှင်သုခ ခံစားရပါမည်။ အသက်ရှူလမ်းကြောင်းနှင့်ဆိုင်သော ဝေဒနာများ ဖြစ်ပေါ်ခံစားရတတ်ပါသည်။ မကြာခဏ ခရီးထွက်ရတတ်ပါသည်။ ခရီးသွားစဉ် မတော်တဆ ဘေးအန္တရာယ်များနှင့် ကြုံရတတ်သည်။ ဉာဏ်နှင့်ယှဉ်၍ လုပ်ကိုင်ရသောလုပ်ငန်းများတွင် အောင်မြင်မှုရရှိပါလိမ့်မည်။ ကျန်းမာရေးဂရုစိုက်ရန် လိုပါသည်။ အချစ်ရေးကိစ္စများတွင် နှစ်ဦးစလုံးအတွက် အဆင်ပြေအောင်မြင်လိုပါလျှင် အသွင်အနေရှောင်ကြဉ်စေလိုသောကိစ္စများတွင် အထူးအလေးထား၍ လိုက်နာမိရန် သတိပြုပါ။

ယတြာ ။ ။ အိမ်ကဘုရားတွင် ပဲပြုတ်ဖြင့် ဆွမ်း ကပ်လှူပေးပါ။

ကြာသပတေးနေ့ မွေးသူများ

ပညာရေးဆိုင်ရာကိစ္စများတွင် ကံကောင်းမည်။ မိခင်နှင့် ပတ်သက်သော အကြိုးခံစားခွင့်များ ရရှိပါလိမ့်မည်။ ရေခြိုးများ၍ ကျန်းမာရေးထိခိုက်မှု ဖြစ်စေတတ်ပါသည်။ လုပ်ငန်းအသစ်များအပေါ်တွင် ဦးဆောင်ဦးရွက်ပြု၍ လုင် ဆောင်ရွက်လိုစိတ်များ ရှိနေပါလိမ့်မည်။ ဆန့်ကျင်ဘက်လိင်များနှင့် ပတ်သက်၍ ပြဿနာအရှုပ်အရှင်းဖြစ်ရတတ်သည်။ တောင်အရပ်သို့ ခရီးထွက်ရန်မသင့်ပါ။ အချစ်ရေးတွင် မေတ္တာရှိစွာဖြင့် ချစ်လာမိပါသည်ဟု ပီတိစိတ်ဖြာဝေလန်း ခံစားမိသည်ဆိုပါလျှင် တည်ရှိသိက္ခာနှင့် လိုက်လျောညီစေမည့် ချဉ်းကပ်မှုမျိုး ပြုသင့်ပါသည်။ တစ်နည်းတစ်ရပ်ဆိုင်စေမည့် နီးစပ်နိုင်စေမည့် အခွင့်အရေးကောင်းများ ရရှိရန် လိုအပ်လျှင် အောင်သွယ်တော် အားကိုးရန် လိုပါလိမ့်မည်။

ယတြာ ။ ။ ကလေးတစ်ဦးအား စမူဆာနှစ်ခု ဒါနပြုပေးပါ။

သောကြာနေ့ မွေးသူများ

မိမိ၏ထင်ပေါ်ကျော်ကြားမှုတို့အတွက် ဩဇာတိက္ကမ ရှိသူတို့အား အမှီပြု၍ တိုးတက်ကြီးပွားအောင်မြင်ပါလိမ့်မည်။ အများနှင့်ဆိုင်သော လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာမှ အောင်မြင်ကြီးပွားမှုများနှင့် ဂုဏ်သိက္ခာမြင့်မားမှုကို ရရှိပါမည်။ ချိုသာသောစကားများဖြင့် ဆန့်ကျင်ဘက်လိင်များအား မိမိဘက်သို့ပါစေရန် ဆွဲဆောင်နိုင်ပါလိမ့်မည်။ အဟုတ်အရှိတရားအပေါ်တွင် နှုတ်ကတိစကား လိုသည်ထက်ပို၍ မပေးမိပါစေနှင့်။ အိမ်ထောင်ဖက်ကံတရားကိုမှီ၍ စီးပွားရေးတိုးတက်မှုများ ခံစားရပါမည်။ အချစ်ရေး၌ ချစ်သူအပေါ်တွင် နည်းမှန်စွာ သည်းခံပါသော်လည်း သမုဒယအစဉ်အလာဖြင့် တစ်ခုမှအကြင်နာဖြစ်အောင် ပြုပေးနိုင်စွမ်းမရှိခဲ့ခြင်းအပေါ် တည့်မှန်စွာ လျှောက်လုပ်နေခြင်းထက် လှည့်ပြန်ကာ နောက်ဆုတ်လေခြင်းဖြင့် တည်ငြိမ်မှုရရန် ကြိုးစားသင့်ပါသည်။

ယတြာ ။ ။ မွေးနေ့နံနက်တွင် အိမ်ကဘုရား၌ နွားနို့ကပ်လှူပေးပါ။

စနေနေ့ မွေးသူများ

အိမ်ထောင်ဖက်၏ အဆင်မပြေသော ဆက်ဆံရေးများကြောင့် စိတ်သောကဖြစ်ရခြင်းများ ရှိတတ်သည်။ လူကြီးသူမများနှင့် အလုပ်အကိုင်များမှ စနေနံဆိုင်ရာပစ္စည်းများ အထူးအကျိုးပြု ခံစားခွင့်များရရှိမည်။ ဤကာလအတွင်း ထင်ပေါ်ကျော်ကြား၍ ဂုဏ်ယူဝင့်ကြွားစရာများ ဖြစ်ပေါ်ခံစားရပါမည်။ ဆွေမျိုးမိသားစုအတွင်း အပြောအဆို အနေအထိုင် မသင့်တင့်မှုများကြောင့် ရန်မကင်းရခြင်းများ ကြုံရတတ်သည်။ စိတ်နှလုံးပူပန်ညှိုးနွမ်းရသော အမှုကိစ္စများ အထူးသဖြင့် ပေါ်ပေါက်နေတတ်ပါသည်။ အိမ်မှ ရွှေ၊ လူ၊ လှေ စသည့် ဗုဒ္ဓဟူးနာမ်များ ထွက်ရကိန်းကြုံရတတ်ပါသည်။ အချစ်ရေးတွင် သောကအပြစ်ကင်းသော သဘောကျချစ်ခြင်းများဖြင့် ကမ်းလင့်၍ စန်းပွင့်စေသော အခြေအနေများနှင့် ဆုံတွေ့ယှဉ်ပြိုင်၍ ကြုံတွေ့ရင်ဆိုင်ရစေသော အောင်မြင်မှုများ ဖြစ်ပေါ်နေရပါလိမ့်မည်။

ယတြာ ။ ။ မိတ်ဆွေတစ်ဦးအား လိမ္မော်ရည် ဒါနပြုပေးပါ။


ဒေါက်တာလင်းမြတ်သူ၊ မြန်မာနိုင်ငံ ဝေဒသုတေသနအဖွဲ့ 
ဖုန်းနံပါတ် - 01566930, 0973230716, 09253817608
 

Bookmark