ကိုရိုနာဗိုင်းရပ်ကာလမှာ မိမိရဲ့ အိမ်ကို သန့်ရှင်းအောင်ထားဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ပိုးမွှားတွေ မရှိအောင် နေထိုင်ရင်တော့ ပိုအဆင်ပြေမှာပါ။
အိမ်တိုင်းမှာတော့ တစ်နည်းမဟုတ်တစ်နည်း ခိုကပ်နေတက်တဲ့ ပိုးမွှားတွေ ရှိတက်ပါတယ်။ အခုဖော်ပြပေးမယ့် နှိမ်နှင်းနည်းတွေထဲကနေ မိမိအဆင်ပြေရာကို ရွှေးချယ်ပြုလုပ်နိုင်ပါတယ်။
၁။ ပိုးဟပ်
ပိုးဟပ်တွေဟာ အစားအစာနဲ့ ရေရှိရာမှာ ရှင်သန်တဲ့အတွက် အစားအစာတွေကို သူတို့လက်လှမ်း မမီအောင် ထားဖို့လိုပါတယ်။ ဒါမှမဟုတ်ရင် ရေသန့်ဘူး အလွတ်တစ်လုံးကို ယူလိုက်ပါ။ ထိပ်ပိုင်းကို ကတော့ပုံဖြစ်အောင် ဖြတ်လိုက်ပါ။
ထိုကတော့လေးကို ရေဘူးပိုင်းထဲမှာ ပြန်ထည့်ပါ။ ပြီးရင် အဲ့ဒီပစ္စည်းလေးကို ပိုးဟပ်တွေ လာတတ်တဲ့ နေရာမှာထားပေးပါ။ ပိုးဟပ်တွေဟာ ရေဝင်သောက်မှာဖြစ်ပြီး ပြန်ထွက်မရတော့ပါဘူး။
၂။ ယင်ကောင်
ယင်ကောင်တွေကို နှိမ်နှင်းချင်ရင်တော့ ဖန်ခွက်တစ်ခွက်ထဲကို ပန်းသီးပါဝင်တဲ့ ဗနီဂါထည့်ပါ။ နောက်ပြီး အချဉ်ပေါက်နေတဲ့ အသီးတစ်မျိုးရောပါ။ ပြီးရင်တော့ စောစောကနည်းအတိုင်း စာရွက်တစ်ရွက်ကို ကန်တော့ပုံလုပ်ပြီး ပုလင်းထဲထည့်ပါ။ ပြည့်စုံသွားပြီဆိုရင်တော့ ယင်ကောင်များတဲ့နေရာမှာ ညအိပ်ထားလိုက်ပါ။
၃။ ခြင်
ခြင်တွေကို နှိမ်နင်းဖို့ဆိုရင် Citro-nella နဲ့ Lemongrass ဆီကို မီးစာလုပ်ပြီး ထွန်းပေးပါ။ ဒါတွေက ခြင် နိုင်ပါတယ်။ ဒါမှမဟုတ်ရင်တော့ အုန်းဆီကို အခြားအပင်ကရတဲ့ ဆီတစ်မျိုးမျိုးဖြစ်တဲ့ (essential oil) အနည်းငယ်နဲ့ ရောပြီး ခဲသွားအောင်ထားပါ။ ထိုအရာကို အသားပေါ်မှာ လိမ်းနိုင်ပါတယ်။ သတိထားရမှာက essential oil မများပါစေနဲ့။
၄။ ပုရွက်ဆိတ်
ပုရွတ်ဆိတ်တွေအတွက်ဆိုရင်တော့ အရက်က အသုံးဝင်လာပါပြီ။ အရက်ဆီ အနည်းငယ်ကို ပန်းကန်ဆေးဆပ်ပြာ၊ ရေတို့နဲ့ရောပြီး သမအောင်ခေါက်ပါ။ အမြှုပ်တွေ ထွက်လာပြီဆို ပုရွက်ဆိတ် လမ်းကြောင်းတွေမှာ ဖျန်းထားလိုက်ပါ။ ပုရွက်ဆိတ် ကင်းစင်တဲ့ အိမ်ဂေဟာလေး ဖြစ်စေမှာပါ။
၅။ ပင့်ကူ
ပင့်ကူတွေက tea tree တွေကို မုန်းပါတယ်။ ရေခွက်ဝက်၊ ဗနီဂါခွက်ဝက်ကို tea tree essential oil အနည်းငယ်နဲ့ရောပြီး ဖျန်းရင် ပင့်ကူတွေကြားကြာ မနေနိုင်တော့ပါဘူး။
၆။ ကြမ်းပိုး
ကြမ်းပိုးကိုနိုင်တာ ယူကလစ်အဆီပါပဲ။ ရေတစ်ခွက်ထဲကို ယူကလစ်ဆီ ၁၀ စက်လောက်ထည့်ပြီး ခုတင်တစ်ဝိုက်ဖျန်းပါ။ ကြမ်းပိုးတွေ မလာနိုင်တော့ပါဘူး။ ခရီးသွားမယ့်သူတွေဆိုလည်း ယူကလစ်ဆီကို ဆောင်နိုင်ပါတယ်။
Psyche (My Yangon)