ဒီေနရာေတြက ရန္ကုန္ျမိဳ႕မွာ သြားရလာရလည္း လြယ္ကူျပီး ဆိုင္အျပင္အဆင္ေတြအရလည္း ထိုင္လို႔ေကာင္းတဲ႔ Bar ေတြပဲ ျဖစ္ပါတယ္။ ေအာက္မွာေဖာ္ျပထားတဲ႔ Bar ေတြထဲက စာဖတ္သူတို႔အၾကိဳက္ ေနရာေတြပါမလားဆိုတာ ဆက္ၾကည္႔လိုက္ရေအာင္...

၁။ ATLAS Rooftop Bar & Lounge
ATLAS Rooftop Bar & Lounge က ရန္ကုန္ျမိဳ႕မွာရွိတဲ႔ အေကာင္းဆံုး Bar ေတြထဲက တစ္ခုျဖစ္ပါတယ္။ သူငယ္ခ်င္းအေပါင္းအသင္းေတြနဲ႔ ေအးေဆးအနားယူစကားေျပာလို႔ေကာင္းမယ္႔ ေနရာတစ္ခုျဖစ္ပါတယ္။ ညိမ္႔ေညာင္းတဲ႔ "JAZZ" ဂီတသံစဥ္ေတြနဲ႔ ညေနခင္းကို ျဖတ္သန္းခ်င္တယ္ဆိုရင္ေတာ႔ ATLAS Rooftop Bar & Lounge ကို ေရြးခ်ယ္သင့္ပါတယ္။
လိပ္စာ- အမွတ္ (၈၄)၊ ပန္းလိူင္လမ္း၊ စမ္းေခ်ာင္းျမိဳ႕နယ္၊ ရန္ကုန္ျမိဳ႕။
ဆိုင္ဖြင့္ခ်ိန္- ေန႔စဥ္ ညေန ၅ နာရီကေန ည ၁၁ နာရီခြဲ။

၂။ Byblos Pub & Grill
Byblos Pub & Grill ကေတာ႔ သူ႔ရဲ႕ ကြ်န္းသစ္ေတြနဲ႔ ေဆာက္လုပ္ထားတဲ႔ အျပင္အဆင္ေတြေၾကာင့္ လူသိမ်ားပါတယ္။ ေသသပ္လွပတဲ႔ ပံုစံေတြနဲ႔ စနစ္တက် တည္ေဆာက္ထားပါတယ္။ နာမည္ၾကီးအရက္၊ ဘီယာ၊ အစားအေသာက္မ်ိဳးစံုသာမက ပီဇာပါရရွိႏိုင္တဲ႔ Bar & Grill တစ္ခုပဲ ျဖစ္ပါတယ္။
လိပ္စာ- Golden Valley၊ အမွတ္ (၂၀)ပုလဲလမ္း၊ ဗဟန္းျမိဳ႕နယ္၊ ရန္ကုန္ျမိဳ႕။
ဆိုင္ဖြင့္ခ်ိန္- ေန႔စဥ္ မြန္းလြဲ ၁၁ နာရီခြဲကေန ည ၁၁ နာရီ။

၃။ Ginki Kids Restaurant
Ginki Kids Restaurant မွာေတာ႔ ဥေရာပအစားအစာ၊ အာရွအစားအစာနဲ႔ ျမန္မာအစားအစာေကာင္းေကာင္းေတြကို မွာယူစားသံုးႏုိင္မွာ ျဖစ္ပါတယ္။ ေသာက္စရာေတြလည္း စံုလင္စြာရရွိႏိုင္တာေၾကာင့္ သူငယ္္ခ်င္းေတြနဲ႔ ေအးေဆးအနားယူရင္း ေသာက္စားႏိုင္မယ္႔ ေနရာတစ္ခု ျဖစ္ပါတယ္။
လိပ္စာ- Golden Valley၊ အမွတ္ (၁၈) ကေမ႓ာဇလမ္း၊ ဗဟန္းျမိဳ႕နယ္၊ ရန္ကုန္ျမိဳ႕။
ဆိုင္ဖြင့္ခ်ိန္- ေန႔စဥ္ မြန္းလြဲ ၁၁ နာရီကေန ည ၁၁ နာရီ။

၄။ 7th joint bar & grill
Reggae ဂီတေတြကိုနားဆင္ရင္း သူငယ္ခ်င္းေတြနဲ႔ ဆံုျပီး ကဲခ်င္တယ္ဆိုရင္ေတာ႔ 7th joint bar & grill ကို ေရြးခ်ယ္သင့္ပါတယ္။ 7th joint bar & grill က ရန္ကုန္ျမိဳ႕က ေစ်းသင့္တင့္တဲ႔ bar ေတြထဲက တစ္ခုအပါအဝင္ ျဖစ္ပါတယ္။
လိပ္စာ- ၄၈ လမ္း၊ မဟာဗႏၶဳလမ္း၊ ဗိုလ္တစ္ေထာင္ျမိဳ႕နယ္၊ ရန္ကုန္ျမိဳ႕။
ဆိုင္ဖြင့္ခ်ိန္- ေန႔စဥ္ ညေန ၅ နာရီကေန မနက္ ၂ နာရီ။

၅။ Harry Bar (Myanmar Plaza)
Bar ထိုင္ရင္း Night Out ပါ တစ္ခါထဲထြက္ခ်င္ရင္ေတာ႔ Harry Bar ကို ေရြးခ်ယ္သင့္ပါတယ္။ Harry Bar က လူငယ္ေတြၾကားမွာ ေရပန္းစားတဲ႔ Bar တစ္ခုျဖစ္ျပီး အဲ့ဒီက HPL Beer နဲ႔ အာလူးေခ်ာင္းေၾကာ္ေၾကာင့္လည္း နာမည္ၾကီးေနျခင္း ျဖစ္ပါတယ္။
လိပ္စာ- Myanmar Plaza (Ground Floor)၊ ရန္ကင္းျမိဳ႕နယ္၊ ရန္ကုန္ျမိဳ႕။
ဆိုင္ဖြင့္ခ်ိန္- ေန႔စဥ္ မြန္းလြဲ ၁၁ နာရီကေန မနက္ ၁ နာရီ။
Psyche (My Yangon)
Source Trip Advisor
(Unicode)
သူငယ်ချင်းတွေနဲ့ အေးဆေးစကားပြောရင်း သောက်စားနိုင်မယ့် Bar & Grill (၅) ခု
ဒီတစ်ပါတ်မှာတော့ ဘော်ဒါအပေါင်းအသင်းတွေနဲ့ အေးဆေး Chill လို့ရမယ့် နေရာလေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
ဒီနေရာတွေက ရန်ကုန်မြို့မှာ သွားရလာရလည်း လွယ်ကူပြီး ဆိုင်အပြင်အဆင်တွေအရလည်း ထိုင်လို့ကောင်းတဲ့ Bar တွေပဲ ဖြစ်ပါတယ်။ အောက်မှာဖော်ပြထားတဲ့ Bar တွေထဲက စာဖတ်သူတို့အကြိုက် နေရာတွေပါမလားဆိုတာ ဆက်ကြည့်လိုက်ရအောင်...
၁။ ATLAS Rooftop Bar & Lounge
ATLAS Rooftop Bar & Lounge က ရန်ကုန်မြို့မှာရှိတဲ့ အကောင်းဆုံး Bar တွေထဲက တစ်ခုဖြစ်ပါတယ်။ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အေးဆေးအနားယူစကားပြောလို့ကောင်းမယ့် နေရာတစ်ခုဖြစ်ပါတယ်။ ညိမ့်ညောင်းတဲ့ "JAZZ" ဂီတသံစဉ်တွေနဲ့ ညနေခင်းကို ဖြတ်သန်းချင်တယ်ဆိုရင်တော့ ATLAS Rooftop Bar & Lounge ကို ရွှေးချယ်သင့်ပါတယ်။
လိပ်စာ- အမှတ် (၈၄)၊ ပန်းလိူင်လမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဆိုင်ဖွင့်ချိန်- နေ့စဉ် ညနေ ၅ နာရီကနေ ည ၁၁ နာရီခွဲ။
၂။ Byblos Pub & Grill
Byblos Pub & Grill ကတော့ သူ့ရဲ့ ကျွန်းသစ်တွေနဲ့ ဆောက်လုပ်ထားတဲ့ အပြင်အဆင်တွေကြောင့် လူသိများပါတယ်။ သေသပ်လှပတဲ့ ပုံစံတွေနဲ့ စနစ်တကျ တည်ဆောက်ထားပါတယ်။ နာမည်ကြီးအရက်၊ ဘီယာ၊ အစားအသောက်မျိုးစုံသာမက ပီဇာပါရရှိနိုင်တဲ့ Bar & Grill တစ်ခုပဲ ဖြစ်ပါတယ်။
လိပ်စာ- Golden Valley၊ အမှတ် (၂၀)ပုလဲလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ဆိုင်ဖွင့်ချိန်- နေ့စဉ် မွန်းလွဲ ၁၁ နာရီခွဲကနေ ည ၁၁ နာရီ။
၃။ Ginki Kids Restaurant
Ginki Kids Restaurant မှာတော့ ဥရောပအစားအစာ၊ အာရှအစားအစာနဲ့ မြန်မာအစားအစာကောင်းကောင်းတွေကို မှာယူစားသုံးနိုင်မှာ ဖြစ်ပါတယ်။ သောက်စရာတွေလည်း စုံလင်စွာရရှိနိုင်တာကြောင့် သူငယ်ချင်းတွေနဲ့ အေးဆေးအနားယူရင်း သောက်စားနိုင်မယ့် နေရာတစ်ခု ဖြစ်ပါတယ်။
လိပ်စာ- Golden Valley၊ အမှတ် (၁၈) ကမ္ဘောဇလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ဆိုင်ဖွင့်ချိန်- နေ့စဉ် မွန်းလွဲ ၁၁ နာရီကနေ ည ၁၁ နာရီ။
၄။ 7th joint bar & grill
Reggae ဂီတတွေကိုနားဆင်ရင်း သူငယ်ချင်းတွေနဲ့ ဆုံပြီး ကဲချင်တယ်ဆိုရင်တော့ 7th joint bar & grill ကို ရွှေးချယ်သင့်ပါတယ်။ 7th joint bar & grill က ရန်ကုန်မြို့က ဈေးသင့်တင့်တဲ့ bar တွေထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။
လိပ်စာ- ၄၈ လမ်း၊ မဟာဗန္ဓုလမ်း၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်မြို့။
ဆိုင်ဖွင့်ချိန်- နေ့စဉ် ညနေ ၅ နာရီကနေ မနက် ၂ နာရီ။
၅။ Harry Bar (Myanmar Plaza)
Bar ထိုင်ရင်း Night Out ပါ တစ်ခါထဲထွက်ချင်ရင်တော့ Harry Bar ကို ရွှေးချယ်သင့်ပါတယ်။ Harry Bar က လူငယ်တွေကြားမှာ ရေပန်းစားတဲ့ Bar တစ်ခုဖြစ်ပြီး အဲ့ဒီက HPL Beer နဲ့ အာလူးချောင်းကြော်ကြောင့်လည်း နာမည်ကြီးနေခြင်း ဖြစ်ပါတယ်။
လိပ်စာ- Myanmar Plaza (Ground Floor)၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။
ဆိုင်ဖွင့်ချိန်- နေ့စဉ် မွန်းလွဲ ၁၁ နာရီကနေ မနက် ၁ နာရီ။