Events

ငယ်ငယ်က ဖတ်ခဲ့ရတဲ့ ကာတွန်းတွေကို အသံထွက် ရုပ်ပြအနေနဲ့ Yoke Pya မှာ ပြန်လည်ခံစားနိုင်

Read 635 times

Photo : Yoke Pya Facebook Page

ခေတ်လူငယ် တော်တော်များများရဲ့ ငယ်ဘဝ စာမျက်နှာတွေမှာ ရုပ်ပြ၊ ကာတွန်းစာအုပ်တွေ ဆိုတာ အမြဲတမ်း အတူရှိနေခဲ့တဲ့ ပျော်စရာလေးတွေ ဆိုရင်လည်း မမှားပါဘူး။ 

ငယ်ငယ်က ကာတွန်းစာအုပ်တွေ၊ ဂျာနယ်တွေ၊ သတင်းစာတွေမှာ ပါတဲ့ ကာတွန်း အတိုအစလေးတွေ ကအစ ပျော်စရာကောင်းတဲ့ အမှတ်တရလေးတွေ ဖြစ်ခဲ့တာပေါ့။  ငယ်ငယ်က ရပ်ကွက်ထဲမှာ ရှိတဲ့ စာအုပ် အဌားဆိုင်တွေမှာ ကိုယ်ကြိုက်တဲ့ စာအုပ်လေးတွေ အလုအယက် ငှားဖတ်ခဲ့ကြ ရတာကလည်း ပျော်စရာကောင်းတဲ့ ငယ်ဘဝရဲ့ အမှတ်တရ တစ်ခုပါပဲ။ 

အဲ့ဒါကြောင့် ရုပ်ပြ၊ ကာတွန်း ဇာတ်ကောင်တွေဟာ လူငယ် တော်တော်များများရဲ့ ငယ်ဘဝကို ထင်ဟပ်စေခဲ့တဲ့ အကြောင်းအရာလေး တစ်ခုပါ။ ငယ်ငယ်က ကြည့်ခဲ့ရတဲ့ ကာတွန်း၊ ရုပ်ပြတွေကို အခုဆိုရင် အသံထွက် ရုပ်ပြအနေနဲ့ Yoke Pya ဆိုတဲ့ Facebook Page လေးကနေ တင်ဆက်ပေးနေပြီ ဖြစ်ပါတယ်။ 

Yoke Pya ဆိုတဲ့ Page လေးကနေ ငယ်ငယ်ကတည်းက သဘောကျခဲ့တဲ့ ကာတွန်းလေးတွေကို ဖတ်ပြပေးတဲ့ You Tube Channel လေးဖြစ်တဲ့ NDSP ကနေ အပတ်စဉ် တင်ဆက်ပေးနေတာ ဖြစ်ပါတယ်။

အကယ်၍ ရုပ်ပြ အသံ သရုပ်ဖော်တာကို သဘောမကျတဲ့ သူတွေ အတွက်လည်း WE Distrubution နဲ့ပေါင်းစပ်ပြီး စာအုပ်များကို အလွယ်တကူ ဝယ်ယူနိုင်အောင် ပြုလုပ်ပေးထားကိုလည်း တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ 

ကာတွန်းစာအုပ်မှ ကြိုက်နှစ်သက်တဲ့ သူတွေအတွက်ရော၊ အသစ်အဆန်း ရုပ်ပြ အသံထွက်ကိုမှ ကြိုက်နှစ်သက်တဲ့ သူတွေအတွက်ပါ အဆင်ပြေအောင် ပြုလုပ်ထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ 

 

Bookmark