Yangon Trend

ဇူလိုင် ၂၁ ရက်မှစ၍ YBS အစီးရေ (၆၀၀) ခန့်တွင် ကတ်ဖြင့် ယာဉ်စီးခ ပေးချေနိုင်တော့မည်

Read 951 times

By-Jae

YRTA ၏ ဦးဆောင်မှုဖြင့် ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသော YBS ယာဉ်လိုင်း ( ၆၀၀ ) နီးပါးတွင် ဇူလိုင် (၂၁) မှစတင်ပြီး ငွေပေးချေကတ် (YPS Card) များဖြင့် ယာဉ်စီးခများ ပေးချေနိုင်တော့မည် ဖြစ်ကြောင်း Yangon Bus Public Company Limited မှ ထုတ်ပြန်ထားသည်။

ဇူလိုင် (၁၆) ရက်မှစပြီး  YPS ကတ်များကို  g & g စတိုးဆိုင်ပေါင်း (၅၂) ဆိုင်တွင် သာမက  ဆူးလေ၊ သမိုင်းနှင့် တာမွေတွင်ရှိသည့် YBS Services Center များတွင်လည်း ဝယ်ယူနိုင်မည် ဖြစ်သည်။ 

တစ်ကတ်လျှင် ၂,၀၀၀ ကျပ်ဖြင့် ၀ယ်ယူနိုင်မည်ဖြစ်ပြီး ၅,၀၀၀ ကျပ် ငွေဖြည့်ပါက YPS card တစ်ကတ် အခမဲ့ ထပ်မံ ရရှိမည် ဖြစ်သည်။

YPS Card များကို ယာဉ်လိုင်း ၁၂၊ ၁၄ ၊ ၂၅၊ ၃၀၊ ၃၈၊ ၅၅၊ ၄၃၊ ၆၂၊ ၇၂၊ ၈၇၊ ၈၈၊ ၈၉ နှင့် ၉၆ စုစုပေါင်း ယာဉ်လိုင်း (၁၃) ခုတွင် စတင် အသုံးပြုနိုင်မည် ဖြစ်သည်။

YPS ကတ်အသုံးပြုနည်း...

  • ကားအရှေ့တံခါးနား  တပ်ဆင်ထားသော  စက်တွင် ကတ်ကို ထိရမည်။

  • အဆင်းတွင်  အနောက်တံခါးနား  တပ်ဆင်ထားသော စက်ကို ထပ်မံထိပါက

  • ကျသင့်နှုန်းထားကို ဖြတ်တောက်သွားမည် ဖြစ်သည်။ 

  • ထိရန် မေ့လျော့ပျက်ကွက်ခဲ့ပါက ခရီးစဉ်တစ်ခုလုံး ကျသင့်နှုန်းထားအတိုင်း အလိုအလျောက် ဖြတ်တောက် သွားမည် ဖြစ်သည်။

YPS Card (Yangon Payment Service) လုပ်ငန်းကို အကောင်အထည်ဖော်မည့် Asia Starmar Co., Ltd သည် ပြီးခဲ့သော ၂၀၁၇ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ဒါဝင်ရောက် ယှဉ်ပြိုင် အောင်မြင်ခဲ့သည်။

(crd photo - Global new light of myanmar)

Bookmark