ရခိုင်ပြည်နယ် စစ်တွေမြို့တွင် COVID-19 လူနာ အများအပြား တိုးလာသည့်အတွက် ခရီးသည်များ ဘတ်စ်ကားစီးရာတွင် Mask များကို မဖြစ်မနေတပ်ဆင်ကြရန် ရန်ကုန်ဘတ်စ်ကားဝန်ဆောင်မှု (YBS) မှ တာဝန်ရှိသူများက သတိပေးခဲ့ကြသည်။
နေ့စဥ် ဘတ်စ်ကားပေါင်း ၄,၀၇၀ ကျော်နှင့် ခရီးသည်ပေါင်း ၁,၂၁၂,၇၂၆ ဦးရေ ရှိသည့်အတွက် Mask များနှင့် လက်သန့်စင်ဆေးများပေးမည့် အစီအစဥ်များလည်း ရှိကြောင်းလည်း သိရသည်။
လွန်ခဲ့သည့်အပတ် သြဂုတ်လ (၁၆) ရက်မှစ၍ COVID-19 ကူးစက်သူ (၅၀) ထိ တစ်ပတ်အတွင်း တိုးပွားလာသောကြောင့် ယခုအခါ ရောဂါကူးစက်သူစုစုပေါင်း (၄၆၃) ဦးထိရှိလာပြီး သက်သာပျောက်ကင်းသူ (၃၄၁) ရှိပြီဖြစ်သည်။
ထို့ပြင် နှာခေါင်းစည်း Mask များအပါအဝင် ဆေးဝါးများနှင့် စားသုံးကုန်ပစ္စည်းများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် လိုလှောင်ခြင်း မပြုလုပ်ရန် UMFCCI ( မြန်မာ့ကုန်သည်၊ စက်မှုအသင်းချုပ် ) မှ သတိပေး ကြေညာခဲ့သည်။