COVID-19 ရောဂါကပ်ဆိုးဖြစ်ပေါ်နေချိန်အတွင်း အိမ်မှာ အလုပ်လုပ်နေရသူတွေအတွက် စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့ပေးနိုင်မယ့် အချက် (၅) ချက်ကို ဖော်ပြပေးလိုက်ပါသည်။
၁။ တနေ့စာ အလုပ်တွေကို အစီစဉ်တကျ သတ်မှတ်ပြီး အလုပ်လုပ်ပါ။ အချိန်တွေအရမ်းပိုလုပ်မိခြင်း မဖြစ်စေဖို့ သတိရှိပါ။
၂။ တစ်နာရီ သို့မဟုတ် နှစ်နာရီကြားတခါ နားပြီးမှ အလုပ်ဆက်လုပ်ပါ။ ခန္စာကိုယ် လှုပ်ရှားမှုလေးတွေ ပြုလုပ်ပေးပါ။
၃။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို စားပေးပါ။
၄။ မိမိအလုပ်ထိုင်လုပ်နိုင်မည့် နေရာကို အတတ်နိုင်ဆုံး သတ်မှတ်ရွေးချယ်ထားပါ။ သက်တောင့်သက်သာရှိမည့်နေရာ ဖြစ်ပါစေ။
၅။ တနေ့စာအပြီးလုပ်ရမည့်အလုပ်တွေကို ချရေးပြီး နာရီပိုင်းအတွင်း အရင်ပြီးရမည့် ကိစ္စတွေကို ခွဲခြား သတ်မှတ်ပါ။
WHO