Careers & Jobs Yangon Trend

ခြင်လည်းပြေး၊ ဟင်းချက်ရာမှာလည်း သုံးနိုင်တဲ့ ခြင်ပြေးပင် (သို့) Wild Lime ပင်

Read 1062 times

ခြင်ပြေးပင် ဒါမှမဟုတ် Wild Limeပင်ဟာ ဟင်းချက်ပြုတ်ရာမှာသုံးတဲ့ သံပုရာ၊ အခြား လိမ္မော်သီးနဲ့ သံပုရာသီးစတဲ့ အပင်မျိုးနွယ်ဝင် ဖြစ်ပါတယ်။ ရုက္ခဗေဒအမည် Zanthoxylum ခေါ်တွင်ပြီး Zanthoxylum အမျိုးအနွယ်တွေရဲ့ အမြစ်ကလုပ်တဲ့ အဝါရောင်ဆိုးဆေးလို့ အဓိပ္ပါယ်ရတဲ့ ဂရိဘာသာစကား Xanthos နဲ့ သစ်သားလို့ အဓိပ္ပါယ်ရတဲ့ Xylon ဆိုတဲ့ စကားကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ Wild Limeပင်ကို ရှမ်းပြည်နယ်အတွင်း ပေါများစွာ တွေ့နိုင်ပြီး ခြင်ပေါများတဲ့နေရာ (၁၀) ပေပတ်လည် တစ်ဝိုက်မှာ ထားရှိရင် ခြင်မလာနိုင်တဲ့ အစွမ်းသတ္တိလည်း ရှိတာကြောင့် မြန်မာမှုပြုပြီး ခြင်ပြေးပင်လို့လည်း ခေါ်ဆိုကြပါတယ်။

အဲ့ဒီအပင်ရဲ့ အပွင့်နဲ့အရွက်တွေကို ချေလိုက်ရင် သံပုရာအနံ့ ရပြီး အစေ့ကို ငရုတ်ကောင်းစေ့အဖြစ် အစားထိုး အသုံးပြုနိုင်ပါတယ်။ အရွက်နဲ့ အခေါက်ကိုတော့ အမှုန့်အဖြစ် ကြိတ်ပြီး ဟင်ခတ်အမွှေးအကြိုင် အနေနဲ့ အသုံးပြုလို့ ရပါတယ်။

မြေကြီးမှာ စိုက်ပျိုးချင်တယ် ဆိုရင်တော့ စိုစွတ်သောမြေ၊ ခြောက်သွေ့တဲ့မြေ၊ ရေဆင်ကောင်းတဲ့ သဲမြေ၊ နူန်းဆန်တဲ့မြေ၊ ထုံးဆန်တဲ့ မြေတွေမှာပါ စိုက်လို့ရပါတယ်။

စိုက်ပျိုးရာတွင် အလင်းရောင်ကို အလုံအလောက် ပေးရပြီး နေအပူချိန် တစ်နေကုန် ဒါမှမဟုတ် တစ်ရက်မှာ ၃ နာရီ မှ ၆ နာရီကြား (နေ့တစ်ဝက်လောက်) တော့ နေရောင်ရရှိဖို့ လိုအပ်ပါတယ်။ အပင်က တစ်နေ့တာလုံး အလင်းရောင်ရရင်တော့ အပင် ပိုမိုကြီးထွားနိုင်ပြီး အပွင့်ပွင့်နိုင်ပါတယ်။

အပင်ပွားချင်ရင်တော့ ခြင်ပြေးပင်ရဲ့ အစေ့ကနေ အလွယ်တကူ အပင်ပွားလို့ ရပါတယ်။ ဝယ်ယူလိုတယ် ဆိုရင်တော့  တစ်ပင်ကို အမြင့်အလိုက် မြန်မာငွေ (၃,၀၀၀) ကျပ်မှ (၁၅,၀၀၀) ကျပ် အထိ ကျသင့်မှာ ဖြစ်ပါတယ်။

Source: flawildflowers.org

 

Bookmark