Careers & Jobs

ရန်ကုန်မှာ ဘယ် WiFi က‌စျေးအသက်သာဆုံးလဲ ??

Read 1629 times

ကိုဗစ်ကာလမှာ Work From Home ကို ဖုန်းဘေနဲ့လုပ်ရမယ်ဆို ရတဲ့လခလေး ဘယ်ရောက်သွားမှန်းမသိဖြစ်သွားပါလိမ့်မယ်။ရန်ကုန် မြို့နယ်တော်တော်များများမှာ WiFi တပ်လို့ရနေပြီဆိုတော့ ဘယ် WiFi တွေက ရန်ကုန်မှာ အသက်သာဆုံးလဲဆိုတာ ဒီစာရင်းမှာကြည့်လိုက်ပါ။ သင်ရော ဒီထဲက ဘယ် WiFi တွေကိုသုံးဖူးလဲ??

1.5BB

(2020)ခုနှစ်အတွင်း မြန်မာ့ အမြန်ဆုံး Internet ဆုကိုရရှိထားတဲ့ Internet Service Provider (ISP)  ပဲဖြစ်ပါတယ်။ ရန်ကုန်မြို့နယ်တော်တော်များများမှာ အသုံးပြုလို့ရနေပြီး Good Reviews တွေလည်းရရှိထားတဲ့ Wifi brand ပဲဖြစ်ပါတယ်။ 10 Mbps ကို တစ်လ(၂၅၀၀၀) ကျသင့်မှာပါ။

2.MPT ရဲ့ ဒုံးပျံ FTTH

MPT က Fiber တွေဟာလည်း review ကောင်းကောင်းရရှိထားကြပါတယ်။ သူ့ရဲ့ ဒုံးပျံ fiber က Max Mbps  20 ကို တစ်လ (၃၉၀၀၀)ကျပါတယ်။ တပ်ဆင်ခတွေ ဘာတွေကတော့ အခမဲ့ဖြစ်ပါတယ်။ 

3.Ooredoo ရဲ့ Supernet 

Ooredoo ရဲ့ Supernet ကတော့ 10Mbps ကို တစ်လ ၃၇၀၀၀ကျပါတယ်။ သူလည်း တပ်ဆင်ခတွေ အခမဲ့ပါပဲ။ 

4.Mytel

Mytel ကလည်းနောက်ပိုင်း review တွေကောင်းလာတဲ့ ISP လို့ပြောလို့ရပါတယ်။ 10 Mbps ကိုမှ တစ်လ (25000) သာကျမှာဖြစ်ပြီး တပ်ဆင်ခ ၊ စက်ဖိုး အကုန်လုံး free ပါ။ 

5.Net Core

သူကလည်း မြို့နယ်တော်တော်များများမှာ ရရှိတဲ့ ISP ပါပဲ ။သူကလည်း 10 Mbps ကို တစ်လ (၂၅၀၀၀) ကျမှာပါ။

 

Bookmark