Careers & Jobs

လက်ရှိ ကိုရီးယားမှာ Trending ဖြစ်နေတဲ့ အမိုက်စား ဆံပင်ပုံစံ (၆) မျိုး

Read 430 times

By-Jae

လက်ရှိဆံပင်ပုံစံကို အရမ်းငြီးငွေ့နေပြီး လုံး၀ပြောင်းလဲသွားစေမယ့် ဆံပင်စတိုင်အသစ်ကို ရှာဖွေနေပါသလား ??? 

Hair Style ဆိုတာက လူတစ်ယောက်ရဲ့ ရုပ်ရည်သွင်ပြင်ကို ပြောင်းလဲစေတဲ့ အရာတစ်ခုဖြစ်ပါတယ်။ Trend တွေဟာ အမြဲတမ်း ပြောင်းလဲနေတာ ဖြစ်တာကြောင့်  လက်ရှိ ဘယ်လို Hair Style တွေက Trending  ဖြစ်မလဲ? 

Google ခေါက်နေစရာ မလိုပဲ   Hair Style (၇) မျိုးကို ဖော်ပြပေးလိုက်ပါတယ်နော်။

(၁) Jennie ရဲ့ ဆံပင်ပုံစံ 

ဒီဆံပင်ပုံစံကတော့ ၂၀၂၀ မှာ Hit အဖြစ်ဆုံး ဆံပင်ပုံစံတစ်မျိုးပါ။ သူမရဲ့ ဆံပင်ပုံစံကတော့ ရှေ့ ဆံပင် အနည်းငယ်ကို ချထားပြီး ရွေရောင်ဆံပင်ကို အရောင်ချွတ်ထားတဲ့ ပုံစံပဲဖြစ်ပါတယ်။ တော်တော်လေးကို ကြည့်ကောင်းတဲ့ ဆံပင်ပုံစံလေးဖြစ်ပါတယ်။ 

(၂) Caramel Brown Hair Colour Style

ဒီဆံပင်ပုံစံကတော့ ကိုရီးယား သရုပ်ဆောင် Han Soe Hee က ( The World Of The Married) ဇာတ်လမ်းတွဲ ရိုက်ကူးစဉ်အခါက ပြုလုပ်ခဲ့တဲ့ ဆံပင်ပုံစံပဲ ဖြစ်ပါတယ်။ Caramel brown Colour ဟာ အသားအရေကို ပိုမိုတောက်ပစေတဲ့အပြင် အချိန်တိုင်းအတွက် သဘာ၀ဆန်ပြီး လှပတဲ့ ဆံပင်ပုံစံဖြစ်ပါတယ်။

(၃) ဂုတ်ထောက်ဆံပင်ပုံစံ

ဂုတ်ထောက်ဆံပင်ပုံစံဟာ လောလောဆယ် ကိုရီးယားမှာ တော်တော်လူကြိုက်များတဲ့ပုံစံပါ။ အထူးသဖြင့် လက်ရှိပြသနေဆဲ ဖြစ်တဲ့ Korea Drama (It’s okay not to be ok) ထဲက မင်းသမီး Soe Ye Ji လို ဆံပတ်စံမျိုး ဖြစ်ပါတယ်။ ပခုံးအထိ ဆံပင်ပုံစံက ရိုးရှင်းရှင်းဖြစ်ပေမယ့် ဆွဲဆောင်မှုကတော့ ရှိနေဆဲ ဖြစ်ပါတယ်။ အညိုနုရောင် ဆိုးမည်ဆိုပါက နူးညံ့​သစ်လွင်သော အလှတရားကို ပိုမိုပေါ်လွင်စေမှာ ဖြစ်ပါတယ်။


(၄) Subtle Hair Highlights Style

ဒီဆံပင်ပုံစံကတော့ Joy ( Ret Velvet)ရဲ့ ဆံပင်ပုံစံပဲ ဖြစ်ပါတယ်။ ဆံပင်အနက်ရောင်ရဲ့ အောက်ဘက်မှ ရွှေရောင်ကို Hight Light ဖောက်ထားတဲ့ပုံစံလေးဖြစ်ပါတယ်။ သိမ်မွေ့နူးညံ့တဲ့ ခံစားချက်ကို ပေါ်လွင်စေပြီး ခေတ်ဆန်သယောင်လည်း ရှိစေပါတယ်။

(၅) Bob Hair Style

ဘေးတိုက်ခွဲထားတဲ့ခပ်တိုတို Bob Hair Style ဟာ ကိုရီးယားမှ ဆံပင်ပုံစံဖြစ်ပြီး  ဘယ်လိုမျက်နှာပုံစံကိုမဆို ပိုမိုနူးညံ့ပျေ့ာပြောင်းတဲ့ မျက်နှာအသွင်အပြင်ကို ရရှိစေနိုင်ပါတယ်။ ဆံပင်ပါးတဲ့သူတွေအနေနဲ့ Bob Hair style က ပိုပြီး Smart ကျစေမှာပါ။ ဒါ့အပြင် လှိုင်းတိုတို ဆံပင်ပုံစံဟာလည်း ချစ်စရာအကောင်းဆုံးနဲ့  ဆွဲဆောင်မှုရှိတဲ့ ဆံပင်ပုံစံ ဖြစ်ပါတယ်။ တိုတောင်းတဲ့ ဆံပင်ကို ဆံပင်အရောင်အဖျော့လေးတွေ သုံးပေးရင် ပိုပြီးနုပျို သယောင်ထင်ရမှာပါ။ 

(၆) သောင်ပြင်လှိုင်းကဲ့သို့ ဆံပင်ပုံစံ

သောင်ပြင်လှိုင်းကဲ့သို့ ဆံပင်ပုံစံဟာ အရမ်းကို သဘာ၀ဆန်လွန်းပါတယ်။ ဒါ့အပြင် ဒီဆံပင်ပုံစံက နူးညံ့ ပျော့ပြောင်းပြီး သက်တောင့်သက်တာ ရှိလွန်းလှပါတယ်။

Bookmark