Travel

အရှေ့တောင်အာရှ ခရီးသွားလာမှုကို မြင့်တက်လာစေမယ့် Travel Throwback ကမ်ပိန်း

Read 604 times

By - WMMH (Mizzy)

စင်္ကာပူနိုင်ငံအခြေစိုက် ခရီးသွားလုပ်ငန်းတစ်ခုဖြစ်တဲ့ The Singapore Tourism Board (STB) ဟာ ခရီးသွားဝါသနာရှင်များထံကို အရှေ့တောင်အာရှရဲ့ အလှတရားများ ဖော်ထုတ်ပြသပေးနိုင်ရန် ရည်ရွယ်ချက်နဲ့ လူထုအခြေပြု အစီအစဉ် #Travel Throwback ကမ်ပိန်းကို စတင်လိုက်ပါတယ်။ 

ကမ္ဘာတစ်ဝန်းရှိ နေရာအများအပြားမှာ ခရီးသွားလာရေး ကန့်သတ်ချက်တွေ ဆက်လက်ရှိနေပေမယ့်လည်း ဒီကမ်ပိန်းက လူမှုကွန်ရက်ကနေ ပဏာမခြေလှမ်းအဖြစ် အရှေ့တောင်အာရှဒေသများအပေါ်  စိတ်ဝင်စားမှု မြင့်တက်စေပြီး လည်ပတ်ချင်စရာ ဒေသတစ်ခုအဖြစ် ဦးစားပေး ရွေးချယ်ကြစေရန် ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။ 

ဒီကမ်ပိန်းမှာဆိုရင်တော့  ကို သွားရောက်လည်ပတ်ခဲ့ဖူးတဲ့ Instagram ခရီးသွားများက @Visit_Singapore ရဲ့ Instagram မှာသာ ရရှိနိုင်မယ့် သီးသန့်ဖန်တီးထားတဲ့ “TravelThrowback” Instagram Effect ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

မိမိတို့ သွားရောက်လည်ပတ်ခဲ့ကြတဲ့ အရှေ့တောင်အာရှဒေသများမှ နှစ်သက်ရာ ခရီးသွားအမှတ်တရပုံများကို ဝေမျှနိုင်မှာဖြစ်ပြီး အတူတကွ သွားရောက် လည်ပတ်သူများအနေဖြင့်လည်း Tag များဖြင့် ဖိတ်ခေါ်နိုင်မှာ ဖြစ်ပါတယ်။

လူမှုကွန်ရက်ဟာ လူငယ်နဲ့ သက်လတ်ပိုင်း ခရီးသွားများအတွက် ခရီးသွားဖို့ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ အင်မတန် လွှမ်းမိုးနိုင်ပါတယ်။ 

ဒီ  Travel Throwback Campaign ကနေတစ်ဆင့် အရှေ့တောင်အာရှရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို မြတ်နိုးတန်ဖိုးထားတဲ့ ခရီးသွားတွေအတွက် သူတို့ရဲ့ အလှပဆုံး အမှတ်တရတွေနဲ့ အတွေ့အကြုံတွေကို ကျန်ရစ်စေဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။ 

ယခုအစီအစဉ်ဟာ အရှေ့တောင်အာရှမှာ နေထိုင်သူ၊ အလုပ်လုပ်ကိုင်သူ၊ လည်ပတ်ပျော်ပါးသူတွေ အားလုံးရဲ့ စုပေါင်းအားထုတ်မှု တစ်ခုအဖြစ် ဒေသတွင်း ခရီးသွားလာရေးတွေ ပြန်လည် လည်ပတ်လာဖို့အတွက် အထောက်အကူပြုစေမယ့် အသံတစ်သံပဲ ဖြစ်ပါတယ်။ 

Bookmark