Movies Careers & Jobs

လူတိုင်းအကြိုက် ကာတွန်း Tom and Jerry ရဲ့ ဖန်တီးရှင် ကွယ်လွန်

Read 558 times

အော်စကာဆုရ ကာတွန်းဆရာ၊ ဒါရိုက်တာနှင့် ထုတ်လုပ်သူ Gene Deitch သည်  ပြီးခဲ့သည့်အပတ် ကြာသပတေးနေ့တွင် သူနေထိုင်ရာ တိုက်ခန်းတွင် သေဆုံးခဲ့ကြောင်း သိရသည်။ သူသည် သေဆုံးချိန်တွင် အသက် ၉၅ နှစ်ရှိပြီ ဖြစ်သည်။ 

Gene Deitch ကို ၁၉၂၄ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့ ချီကာဂိုတွင် မွေးဖွားခဲ့ပြီး Deitch သည် ၁၉၅၉ ခုနှစ်၊ ပရာ့ဂ်သို့ အလည်အပတ်ခရီးတွင် သူ၏ဇနီးဖြစ်သူ  Zdenka Najmanova နှင့် တွေ့ဆုံခဲ့သည်။ 

သူတို့၏ အိမ်ထောင်ဖက်များကို ကွာရှင်းပြီးနောက် Deitch နှင့် Najmanova သည် ၁၉၆၄ ခုနှစ်တွင် လက်ထပ်ခဲ့ကြကာ "ချစ်ခြင်းမေတ္တာ (သို့) ပရာ့ဂ်အတွက်"  မှတ်စုတိုကို ၂၀၁၈ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။

Deich သည် ဆယ်စုနှစ်ခြောက်ခုနီးပါး ကာတွန်းများကို ဖန်တီးနေခဲ့ပြီး Academy of Awards သုံးခုအတွက် အမည်စာရင်း တင်သွင်းခံခဲ့ရကာ ၁၉၆၄ ခုနှစ်တွင် Munro အတွက် အကောင်းဆုံးကာတွန်းကားတိုများအတွက် အော်စကာဆု ရရှိခဲ့သည်။ 

သူသည် Tom and Jerry အပြင် Popeye the Sailor ဇာတ်လမ်းတွဲများစွာကိုလည်း ရိုက်ကူးခဲ့သည်။

Su Mon Oo ( Mine )
The Chicago Tribune

============================

လူတိုင္းအႀကိဳက္ Tom and Jerry ရဲ႕ ဖန္တီးရွင္ ကြယ္လြန္

ေအာ္စကာဆုရ ကာတြန္းဆရာ၊ ဒါ႐ိုက္တာႏွင့္ ထုတ္လုပ္သူ Gene Deitch သည္  ၿပီးခဲ့သည့္အပတ္ ၾကာသပေတးေန႔တြင္ သူေနထိုင္ရာ တိုက္ခန္းတြင္ ေသဆုံးခဲ့ေၾကာင္း သိရသည္။ သူသည္ ေသဆုံးခ်ိန္တြင္ အသက္ ၉၅ ႏွစ္ရွိၿပီ ျဖစ္သည္။ 

Gene Deitch ကို ၁၉၂၄ ခုႏွစ္၊ ၾသဂုတ္လ ၈ ရက္ေန႔ ခ်ီကာဂိုတြင္ ေမြးဖြားခဲ့ၿပီး Deitch သည္ ၁၉၅၉ ခုႏွစ္၊ ပရာ့ဂ္သို႔ အလည္အပတ္ခရီးတြင္ သူ၏ဇနီးျဖစ္သူ  Zdenka Najmanova ႏွင့္ ေတြ႕ဆုံခဲ့သည္။ 

သူတို႔၏ အိမ္ေထာင္ဖက္မ်ားကို ကြာရွင္းၿပီးေနာက္ Deitch ႏွင့္ Najmanova သည္ ၁၉၆၄ ခုႏွစ္တြင္ လက္ထပ္ခဲ့ၾကကာ "ခ်စ္ျခင္းေမတၱာ (သို႔) ပရာ့ဂ္အတြက္"  မွတ္စုတိုကို ၂၀၁၈ ခုႏွစ္တြင္ ထုတ္ေဝခဲ့သည္။

Deich သည္ ဆယ္စုႏွစ္ေျခာက္ခုနီးပါး ကာတြန္းမ်ားကို ဖန္တီးေနခဲ့ၿပီး Academy of Awards သုံးခုအတြက္ အမည္စာရင္း တင္သြင္းခံခဲ့ရကာ ၁၉၆၄ ခုႏွစ္တြင္ Munro အတြက္ အေကာင္းဆုံးကာတြန္းကားတိုမ်ားအတြက္ ေအာ္စကာဆု ရရွိခဲ့သည္။ 

သူသည္ Tom and Jerry ႏွင့္ Popeye the Sailor ဇာတ္လမ္းတြဲမ်ားစြာကိုလည္း ႐ိုက္ကူးခဲ့သည္။

Su Mon Oo ( Mine )
The Chicago Tribune

Bookmark