Events

၂၀၂၀ ခုနှစ်အတွင်း ကျင်းပမည့်ပွဲများကို လုံခြုံစိတ်ချစွာ ကျင်းပနိုင်ရန် STB စီစဉ်

Read 503 times

By Joey

၂၀၂၀ ခုနှစ် မတ်လပိုင်းမှ စတင်၍ စင်ကာပူနိုင်ငံတွင် စီပွားရေးနှင့်ဆိုင်သော ပွဲများကို ဆိုင်းငံ့ထားခဲ့ရာ ယခုအခါ စီးပွားရေးလုပ်ငန်းများ ပြန်လည်စတင်နေပြီ ဖြစ်သောကြောင့် Singapore Tourism Board (STB) မှ ပွဲများ ဆက်လက်ကျင်းပနိုင်ရန် ပြင်ဆင်လျက် ရှိသည်။

STB သည် ယခုလက်ရှိတွင် ပွဲ () ခု ကျင်းပနိုင်ရန် အဓိကထားပြုလုပ်နေပြီး အဆိုပါပွဲများမှာ 2020 IEEE International Conference on Computational Electromagnetics နှင့် Asia Pacific MedTech Virtual Forum 2020 တို့ ဖြစ်သည်။

STB မှ ပွဲတက်ရောက်သူများကို ပွဲစဉ်တစ်လျှောက် ရောဂါကာကွယ်ရေးအတွက် စီမံပေးထားခြင်း၊ ပွဲတက်ရောက်မည့် လူဦးရေကို အရေအတွက် ထိန်းချုပ်ထားခြင်း၊ တစ်ဦးနှင့်တစ်ဦး () ပေကွာမှ ပြောဆိုရန် သတ်မှတ်ထားခြင်း၊ ပွဲအခမ်းအနားပတ်ဝန်းကျင်ကို သန့်ရှင်းစွာထားခြင်း၊ ပိုးသတ်ဆေးဖြန်းထားပေးခြင်းနှင့် Covid-19 ကာကွယ်ရေး သတိပေးစာများကို ကပ်ပေးထားခြင်းတို့ကို ပြုလုပ်ထားမည်ဖြစ်သည်။

လိုက်နာရမည့် အချက်များအားလုံးကို နိုင်ငံတကာ စံနှုန်းနဲ့အညီ ပြုလုပ်ပေးထားမည် ဖြစ်သည့်အပြင် စင်ကာပူနိုင်ငံ MICE sector မှ စီးပွားရေးလုပ်ငန်းများအသင်းမှ ထုတ်ပြန်ထားသော အချက်များနှင့်အညီ ဆောင်ရွက်ထားမည် ဖြစ်သည်။

STB မှ ပြုလုပ်သည့်ပွဲများသည် လူချင်း ထိတွေ့လုပ်ဆောင်မှုရော Virtual ပြောဆိုဆက်ဆံမှုပါ ရောနှောပါဝင်နေသော Hybrid ပွဲအခမ်းအနားများ ဖြစ်နိုင်သည်ဟု ပြောဆိုမှုများ ရှိနေသည်။

ထို့ကြောင့် STB အနေဖြင့် ယခုနှစ်တွင် ကျင်းပမည့်ပွဲများတွင် လူအယောက် (၅၀) နှင့် Virtual Conference တွင် အယောက် (၁၀၀၀) ခန့်အထိ တတ်ရောက်နိုင်ရန် စီစဉ်ပေးထားပြီး အခမ်းအနားပုံစံ အသေးစိတ်ကိုလဲ အွန်လိုင်း မီဒီယာများမှ တိုက်ရိုက်ထုတ်လွှင့် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

STB ကုမ္ပဏီသည် အခမ်းအနားများအတွက် လုံခြုံဘေးကင်းရေး စီမံချက်အသစ်များကို အကောင်းဆုံး စံချိန်စံညွှန်းများနှင့် တည်ဆောက်နိုင်ရန်၊ ဒစ်ဂျစ်တယ်လ်စွမ်းရည်များပေါ် အခြေခံ၍ ခေတ်မီသွက်လက်သည့် စီးပွားရေးပုံစံများ ဖန်တီးနိုင်ရန်နှင့် COVID-19 ပြီးဆုံးချိန်တွင် ဖွံ့ဖြိုးတိုးတက်မှုအတွက် လမ်းသစ်များ ထွင်းဖောက်နိုင်ရန် စသည့် မဟာဗျူဟာမြောက် ရည်မှန်းချက် () ခုကို အဓိက ထားခြင်းဖြစ်သည်။

Source: STB company 

Bookmark