Health Yangon Trend

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပြည်သူများ နေအိမ်တွင်နေထိုင်ရေး (Stay Home) အမိန့်ထုတ်ပြန်ကြေညာ

Read 653 times

ရခိုင်ပြည်နယ် စစ်တွေမြို့ (၂၀-၈-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် COVID-19 အတည်ပြုလူနာ (၂၂) ဦးတွေ့ရှိခဲ့ပြီး 

(၁၆-၈-၂၀၂၀) မှ (၂၀-၈-၂၀၂၀) ရက် မနက်ပိုင်းအတွင်း အတည်ပြုလူနာ (၆) ဦးထပ်မံတွေ့ရှိခဲ့သောကြောင့် 

ပြည်သူများအနေဖြင့် မိမိအိမ်တွင်သာ နေထိုင်ရန် (Stay Home) အမိန့်ကို သြဂုတ်လ (၂၀) ရက်နေ့တွင် အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။ 

စစ်တွေမြို့နယ်တွင် နေထိုင်သောသူများ အနေဖြင့် (Stay Home) အစီအစဥ်တွင် ပါဝင်သော အောက်ပါအချက်များကို  လိုက်နာရန်လိုအပ်သည်။

  • (မိမိအိမ်တွင်သာနေထိုင်ရန်) အစိုးရဌာန၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်ရုံသို့  တာဝန်သွားရောက်   ထမ်းဆောင်နေသူများ မပါ။

  • မဖြစ်မနေ စျေးဝယ်မည်ဆိုပါက  တစ်အိမ်လျှင် တစ်ဦးသာ သွားရန်။

  • ဆေးရုံ၊ ဆေးခန်း သွားရောက်ပါက တစ်အိမ်လျှင် နှစ်ဦးသာ သွားရန်။

  • နေအိမ်မှ ပြင်ပသို့သွားလာလျှင် ပါးစပ်နှင့် နှာခေါင်းစည်း(mask) တပ်ဆင်သွားလာရန်။

  • တာဝန်ထမ်းဆောင်ရန် သွားရောက်သူများနှင့် ပြန်လာသူများကို ပို့ဆောင်မည့် ယာဥ်များနှင့် ဖြတ်သန်းခွင့် ပြုထားသော ယာဥ်များကိုသာ ရပ်ကွက်အတွင်း  သွားလာခွင့်ပြုရန်။

  • ရပ်ကွပ်အတွင်း စျေးဝယ်မည် ဆိုပါက ယာဥ်မောင်းအပြင် ယာဥ်ပေါ်တွင် တစ်ဦး၊ ဆေးရုံဆေးခန်း သွားရောက်မည်ဆိုပါက က်  ယာဥ်မောင်းအပြင် ယာဥ်ပေါ်တွင် နှစ်ဦးသာ သွားရောက်ရန်။ 

အထက်ပါ ကိစ္စများတွင် သတ်မှတ်ဦးရေထက် ပိုလျှင် င် ဖြစ်စေ၊ အခြားအရေးပေါ် ကိစ္စ များအတွက် သွားလာရန် ရှိလျှင်ဖြစ်စေ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့သို့ သတင်းပို့ရမည်ဖြစ်သည်။ 

ဤအမိန့်ကို လိုက်နာရန် ပျက်ကွက်ပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နှင်းရေး ဥပဒေအရ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း အစိုးရက ဩဂုတ်လ (၂၀) ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။

 

Bookmark