ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ပိုးတွေလူနာများပြားလာသည့်အတွက် (၂၈.၉.၂၀၂၀) မှစ၍ မြို့နယ်များ ကျော်လွန်ဖြတ်သန်းခွင့်မပြုတော့ပဲ ရဲတပ်ဖွဲ့မှ ကင်းလှည့် စစ်ဆေးနေပြီဖြစ်သည်။
အချို့သော မရှိမဖြစ်လုပ်ငန်းများကို ချွင်းချက်ဖြင့် လုပ်ကိုင်ခွင့်ပြုထားရာ အဆိုပါလုပ်ငန်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
ဘဏ်နှင့်ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းများ
စက်သုံးဆီအရောင်းဆိုင်များ
စားသောက်ကုန်နှင့် သား၊ငါး အအေးခန်းများ
ဆေးဝါးနှင့် ဆေးကိရိယာပစ္စည်း ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ
ရေသန့်ထုပ်လုပ် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ
နေ့စဥ်တစ်ကိုယ်ရေသုံးပစ္စည်း ထုတ်လုပ်သည့်စက်ရုံများ
Relief Flight များ၊ Cargo Flight များနှင့်အထူးစင်းလုံးငှား လေယာဥ်ခရီးစဥ်များအတွက် ဝန်ဆောင်မှုပေးရသည့် လုပ်ငန်းများဖြစ်သော
လေကြောင်းလိုင်းများ
အထွေထွေလေကြောင်းပို့ဆောင်ရေးလုပ်ငန်းများ
မြေပြင်ဝန်ဆောင်မှုလုပ်ငန်းများ
လေယာဥ်ဆီဖြည့်တင်းရေးလုပ်ငန်း
လေကြောင်းဖြင့် ကုန်စည်တင်သွင်း / တင်ပို့ခြင်းလုပ်ငန်း
အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းများ
အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သည့် ကုမ္ပဏီအေဂျင်စီများ
လေယာဥ်အစားအသောက် ထုတ်လုပ်တင်ပို့ခြင်းလုပ်ငန်း
လေယာဥ်ပြုပြင် ထိန်းသိမ်းမွန်းမံခြင်းလုပ်ငန်း
ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတွင် နိုင်ငံတကာမှ ကုန်တင်သင်္ဘောများအတွက် ဝန်ဆောင်မှုပေးရသည့်
ပုဂ္ဂလိကဆပ်ကမ်းများ
သင်္ဘောလိုင်းဌာန ကိုယ်စားလှယ်ရုံးများ
အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းကုမ္ပဏီများ
အကောက်ခွန် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သည့် ကုမ္ပဏီအေဂျင်စီများ
ကုန်သေတ္တာတင် မော်တော်ယာဥ်လုပ်ငန်းများ
ဆိပ်ကမ်း ပို့ကုန်/သွင်းကုန် သယ်ဆောင်သည့် ကုန်တင်မော်တော်ယာဥ်၊ ရေယာဥ်လုပ်ငန်းများ
ကုန်းတွင်းကုန်သေတ္တာစခန်းများ
ကုန်းတွင်း ဆိပ်ကမ်းများ
ဆက်သွယ်ရေးဝန်ဆောင်မှုပေးရသော လုပ်ငန်းများဖြစ်သည့်
စာတိုက် ဝန်ဆောင်မှုလုပ်ငန်းများ
ကြိုးဖုန်းနှင့် မိုဘိုင်းတယ်လီဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း
အင်တာနက်ဝန်ဆောင်မှုများ (ဆိုင်ဖွင့်လှစ်၍ တယ်လီဖုန်းရောင်းချခြင်း၊ ဒေတာရောင်းချခြင်းမပါ)
တာဝါနှင့် ဖိုင်ဘာပြုပြင်ရေး ဝန်ဆောင်မှုလုပ်ငန်းများ ဖြစ်ကြောင်း UMFCCI မှ သတင်းထုတ်ပြန်ထားသည်။
လက်ရှိအချိန်ထိ မြန်မာနိုင်ငံတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း ( ၁၀,၇၃၄)ဦး ရှိပြီး ဆေးရုံမှဆင်းခွင့်ရသူ (၂၈၆၂) ဦးရှိပြီဖြစ်ကာ သေဆုံးသူမှာ( ၂၂၆)ဦး ထိရှိလာပြီဖြစ်သည်
By Aung Myo Hein