Business

မြန်မာ- ကိုရီးယား နှစ်နိုင်ငံမှ SME လုပ်ငန်းများအတွက် “ Online B2B Meeting “

Read 433 times

By WMMH (Mizzy)

ကမ္ဘာတ၀န်းလုံးတွင် ပျံ့နှံ့လျက်ရှိသော COVID-19 pandemic ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း စီးပွားရေးလုပ်ငန်းများ အခြခိုင်စွာ ဆက်လက်လည်ပတ်နိုင်ရန်အတွက် မြန်မာ - ကိုရီးယား နည်းပညာဖလှယ်ခြင်း “ Online B2B Meeting ” အစီအစဉ်ကို ဇူလိုင်လ (၂၇)ရက်နေ့မှ စတင်၍ ကျင်းပ ပြုလုပ်လျက် ရှိသည်။ 

ထိုအစီအစဉ်ကို မြန်မာနိုင်ငံရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု၀န်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာနတို့နှင့်အတူ ကိုရီးယားသမ္မတနိုင်ငံရှိ အသေးစား၊ အလတ်စားနှင့် အစပျိုးစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန (Korea SMEs and Startups Agency) တို့ ပူးပေါင်း၍ “Technology Exchange Program” အဖြစ် ပြုလုပ်ကျင်းပခြင်း ဖြစ်သည်။

“ ၂၀၂၀ ပြည့်နှစ်၊ မြန်မာ-ကိုရီးယား နည်းပညာဖလှယ် ခြင်း (Online B2B Meeting) “ အစီအစဉ်ကို ၂၇.၇.၂၀၂၀ ရက်နေ့မှ ၂၉.၇.၂၀၂၀ ရက်နေ့ထိ ၃ရက်တိုင် ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး အစီအစဉ်၏ ရည်ရွယ်ချက်မှာ Government to Government ပူးပေါင်း၍ မြန်မာ - ကိုရီးယား နှစ်နိုင်ငံ၏ အသေးစား၊ အလတ်စားနှင့် အစပျိုး စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ဖြစ်သည်။

ဤအစီအစဉ်တွင် …

  • အသီးအနှံ၊ အစားအသောက်များ ထိန်းသိမ်းခြင်း၊ ထုပ်ပိုး ခြင်းနှင့် ဆိုင်သော စီးပွားရေး လုပ်ငန်းများ
  • ဆောက်လုပ်ရေးနှင့် သတ္ထုတူးဖော်ရေးဆိုင်ရာ စက် ယန္တရား ထုတ်လုပ်ရောင်းချသော စီးပွားရေး လုပ်ငန်းများ
  • IT ဆိုင်ရာ စီးပွားရေး လုပ်ငန်းများ
  • ဆေးပစ္စည်းကိရိယာများ ထုတ်လုပ် ဖြန့်ဖြူးခြင်း စသော စီးပွားရေး လုပ်ငန်းများ
  • Steel ပိုက်နှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူး သော စီးပွားရေးလုပ်ငန်းများ
  • Orthopedic ဆိုင်ရာ ပတ်တီး ထုတ်လုပ်ဖြန့်ဖြူးသော စီးပွားရေးလုပ်ငန်းများ
  • ကားဆက်စပ်ပစ္စည်း ထုတ်လုပ်ရောင်းချသော စီးပွားရေး လုပ်ငန်းများ
  • သုတ်ဆေး အမျိုးမျိုးနှင့် အခြား ဆက်စပ်ပစ္စည်းများ ထုတ်လုပ်သော စီးပွားရေးလုပ်ငန်းများ
  • ဆေးနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ် ဖြန့်ဖြူးသော စီးပွားရေးလုပ်ငန်းများ
  • ဖြည့်စွက်စာနှင့် အခြား ကျန်းမာရေး အထောက်အကူပြု ဆေးများ ထုတ်လုပ်ဖြန့်ဖြူးသော စီးပွားရေးလုပ်ငန်းများ
  • အထူး စက်ပစ္စည်းများ ထုတ်လုပ်ဖြန်ဖြူးသော စီးပွားရေး လုပ်ငန်းများ

စသည်တို့နှင့် ပတ်သက်သော အကြောင်းများ ပါဝင်ဆွေးနွေးမည် ဖြစ်သည်။

ပါဝင်ဆွေးနွေးလိုသော မြန်မာကုမ္ပဏီများအနေဖြင့် အောက်ဖော်ပြပါ လိပ်စာနှင့် ဖုန်းနံပါတ်များတွင် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

Korea Business Development Center(KOSME), Yangon
ဖုန်းနံပါတ်  - ၀၁ ၉၂၅ ၃၇၉၄
အီးမေးလ် - [email protected]

JS Global(Myanmar) Co., Ltd
လိပ်စာ - အမှတ် (၁၉၄)၊ (194), အခန်းအမှတ် (၁၀၁)၊ သုခကွန်ဒို၊ သုခလမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်းနံပါတ် - ၀၉ ၇၇၈ ၈၅၉ ၅၆၂၊ ၀၉ ၄၅၀ ၀၄၅ ၉၁၈။
အီးမေးလ် - [email protected]

Source from www.msme.gov.mm

Bookmark