By - Jae
ဂျပန်နိုင်ငံရဲ့ လက်လီလုပ်ငန်းအုပ်စုဖြစ်သော Aeon လုပ်ငန်းစုသည် မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ရန်ကုန်တွင် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာသန်း ၁၈၀ အကုန်အကျခံကာ Shopping Center ကြီး တစ်ခု တည်ဆောက်မည် ဖြစ်ကြောင်း ဩဂုတ် (၄) ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။
Aeon Mall စျေး၀ယ်စင်တာကြီးကို ၇၂,၀၀၀ စတုရန်းမီတာရှိသော နေရာတွင် တည်ဆောက်မည်ဖြစ်ပြီး ရန်ကုန် မြို့နှင့် မိနစ် ၃၀ အကွာ အဝေးတွင် ရှိမည် ဖြစ်သည်။ Aeon အနေနှင့် ၂၀၂၁ နှစ်လယ်ပိုင်းတွင် စတင် ဆောက်လုပ်မည်ဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် ဖွင့်လှစ်ရန် ရည်ရွယ်ထားသည်။
Aeon အနေဖြင့် ကမ္ဘာအနှံ့ရှိ အခြားလက်လီရောင်းချသူများအား အရှေ့တောင်အာရှတွင်ရင်းနှီးမြှုပ်နှံရန် ဦး ဆောင်လျှက်ရှိသည်။ ကမ္ဘောဒီးယားတွင် ဆိုင်ခွဲနှစ်ခုကိုဖွင့်ထားပြီး နောက်ထပ် ထပ်ဖွင့်ရန် ကြိုးစားနေပြီ ဖြစ်သည်။
ကမ္ဘောဒီးယားရှိ အရောင်းပြခန်းများ၏ စွမ်းဆောင်ရည်မြင့်မားမှုကြောင့် Aeonသည် ပြိုင်ဘက်များ မရှိသောနေရာတွင် စျေးကွက်အနေအထားကို လွှမ်းမိုးရန် မြန်မာနိုင်ငံတွင် စတင်လုပ်ဆောင်မည်ဟု ကုမ္ပဏီအမှုဆောင်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ဇူလိုင်လနှောင်းပိုင်းတွင် မြန်မာအစိုးရက ခွင့်ပြုခဲ့သည့် ရင်းနှီးမြှုပ်နှံမှုကို Aeon နှင့် ရွှေတောင်အုပ်စုတို့ ဖက်စပ် ပြုလုပ်မည်ဖြစ်သည်။ အဆိုပါအကျိုးတူလုပ်ငန်းသည် ၇၀% ကို Aeon Mall မှ ပိုင်ဆိုင်ပြီး Aeon အုပ်စု၏ ၃၀% ကို ရွှေတောင်မှ ပိုင်ဆိုင်သည်။
ရွှေတောင် အိမ်ခြံမြေလုပ်ငန်းစုမှ အမှုဆောင်ချုပ်ဖြစ်သူ မစန္ဒာထွန်းမှ " Aeon Mall နှင့်အတူ ပိုဆန်းသစ်တဲ့ လက်လီအရောင်း၊ စတိုင်အယူအဆတို့ကို မြန်မာနိုင်ငံသို့ ဆောင်ယူဖို့ စိတ်လှုပ်ရှားမိကြောင်း ” ပြောကြားခဲ့သည်။
ရွှေတောင်လုပ်ငန်းစုကြီးသည် အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးကို အဓိကလုပ်ကိုင်တဲ့ လုပ်ငန်းစုကြီးဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် အလုပ်သမားအင်အား ၆၈၀၀ လောက်နီးနီး ရှိခဲ့သည်။ ၁၉၉၉ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် ဈေးဝယ်စင်တာ ၆ ခုကို လုပ်ကိုင်လျက် ရှိပြီး ၂၀၁၇ ခုနှစ်တွင် ရန်ကုန်မြို့လယ်တွင် ဖွင့်လှစ်ခဲ့သော Juction City အပါအဝင် ဖြစ်သည်။
Aeon လုပ်ငန်းစုကြီးအတွက် အရှေ့တောင်အာရှသည် ရင်းနီးမြှပ်နှံမှု အကောင်းဆုံးနေရာ ဖြစ်သည်။ ဗီယက်နမ်တွင် ၅ ခု၊ ကမ္ဘောဒီယားနှင့် အင်ဒိုနီးရှားတွင် ၂ ခုစီ လုပ်ကိုင်လျက်ရှိရာ Aeon Mall အတွက် အမေရိကန်ဒေါ်လာ ၃၇၂.၁၁ သန်း (၃၄.၅ ဘီလျံယန်း) လုပ်ငန်းလည်ပတ်မှုအမြတ် ရရှိခဲ့သည်။ ထိုပမာဏသည် တရုတ်ပြည်မှ ရရှိသော ဝင်ငွေ ယန်း ၉ ဘီလီယံထက် ပိုများသည်။
ဂျပန်နိုင်ငံတွင် လက်လီအရောင်းဈေးကွက်မှာ ရင့်မာနေပြီဖြစ်သောကြောင့် အေရွန် အနေနှင့် Shopping Mall အသစ်ထပ်မံ ဖွင့်ရန်ထက် ရှိပြီးသား ရှော့ပင်းမောလ်များကိုသာ ပြန်လည် မွမ်းမံဖိုံ ဦးစားပေးတဲ့ မဟာဗျူဟာကို ကျင့်သုံးလျက် ရှိသည်။
သို့သော် ၎င်းလုပ်ငန်းစု အနေနှင့် ပင်လယ်ရပ်ခြားတွင် ရှော့ပင်းမောလ်အသစ်များ ထပ်မံဖွင့်လှစ်ရန် လုပ်ကိုင်လျက် ရှိသည်။ တရုတ်ပြည်တွင် လက်ရှိ ဆိုင်ပေါင်း ၃၀ လုပ်ကိုင်နေပြီး ၂၀၂၆ ခုနှစ် မှ ဖေဖော်ဝါရီလအထိ ဆိုင်ပေါင်း ၇၀ ဖွင့်မည် ဖြစ်သည်။
ယခုအချိန်တွင် မြန်မာလူမျိုးများအနေဖြင့် ကိုဗစ်ကူးစက်ခံရသူပေါင်း လူ အယောက် ၃၅၀ ခန့် ရှိသောကြောင့် အခြား အိမ်နီးချင်းနိုင်ငံများနှင့် ယှဉ်ပါက အရမ်းနည်းသည်။
ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်အရ မြန်မာ့ စီးပွားရေးတိုးတက်မှုမှာ ၂၀၂၀ ခုနှစ် စက်တင်ဘာလတွင် အဆုံးသတ်မည့် ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် တိုးတက်မှု ၀.၅ ရာခိုင်နှုန်းအဖြစ် နှေးကွေးခဲ့သော်လည်း ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ၇.၂ ရာခိုင်နှုန်းအထိ ပြန်မြင့်တက်လိမ့်မည်ဟု ခန့်မှန်းထားသည်။