Health

ရန်ကုန်မြို့တွင်းက ဝန်ဆောင်မှုကောင်းတဲ့ အလှအပဆိုင်ရာ ဆေးခန်း (၃) ခု

Read 1819 times

BY WMMH (Mizzy)

မြန်မာနိုင်ငံမှာ ခေတ်ရေစီးကြောင်းအလိုက် ပြောင်းလဲတိုးတက်လာတာနဲ့အညီ ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ ဆေးခန်းများဟာလည်း လူတော်တော်များများရဲ့ စိတ်ဝင်စားမှုကို ရရှိလာကြပါတယ်။

ဒါကြောင့် ပျိုပျိုမေတို့နဲ့ အလှအပ စိတ်ဝင်စားသူ အားလုံးတို့အတွက်ရည်ရွယ်ပြီး ဒီကနေ့မှာတော့ အလှအပနဲ့ ကျန်းမာရေးဆိုင်ရာ ပုဂ္ဂလိကဆေးခန်းများစွာထဲက ယုံကြည်စိတ်ချရပြီး ဝန်ဆောင်မှုကောင်းမွန်တဲ့ ဆေးခန်း (၃)ခုကို ဖော်ပြပေးသွားချင်ပါတယ်။

 

Laser Care Clinic

ဒီဆေးခန်းကတော့ လေဆာနဲ့ပတ်သက်တဲ့ ကုထုံးတွေကို အဓိကထား ကုသပေးနေတာ ဖြစ်ပြီး အမေရိကားနဲ့ ကိုးရီးယား စတဲ့ နိုင်ငံတွေက အဆင့်မြင့်စက်ကိရိယာတွေကို အသုံးပြုထားတာ ဖြစ်လို့ Treatment ခံယူသူ တော်တော်များများ သဘောကျတဲ့ ဆေးခန်းတစ်ခု ဖြစ်ပါတယ်။  Lutronic, Jeisys Laser စတဲ့ ခေတ်မှီစက်ပစ္စည်းများကို အသုံးပြုတာဖြစ်လို့ Customerတွေအနေနဲ့ အရည်အသွေးပြည့်မှီပြီး စိတ်ချယုံကြည်ရတဲ့ Treatmentတွေကို ရယူနိုင်မှာ ဖြစ်ပါတယ်။

ဆိုင် (၁) အမှတ် (၂၅)၊ ဓမ္မစေတီလမ်း၊ မြေနီကုန်း (မြေနီကုန်းဆိုင်ခွဲ)
ဆိုင် (၂) အမှတ် (၃၅) A၊ ဝေဇယန္တာဥယျာဉ်၊ ဝေဇယန္တာလမ်း၊သင်္ကန်းကျွန်း (ဝေဇယန္တာ ဆိုင်ခွဲ)

Young’s Skin Health Center

ဒီဆေးခန်းလေးကတော့ ထိုင်ဝမ် အဆင့်မြင့်နည်းပညာအသစ်နဲ့ သဘာဝပစ္စည်းတွေကို သေသေချာချာ သုတေသန ပြုလုပ်ထားတာဖြစ်လို့ Qualityပိုင်းရော၊ ဝန်ဆောင်မှုအပိုင်းမှာပါ ယုံကြည်စိတ်ချရတဲ့ ဆေးခန်းတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် အသားအရေ အမျိုးအစားအစုံအလင်အတွက်လည်း treatmentတွေ မျိုးစုံရှိတာမို့ ကိုယ့်ရဲ့ အသားအရေက Combinationပဲဖြစ်ဖြစ်၊ ချွေးပေါက်ကျယ်နေတာပဲဖြစ်ဖြစ်၊ အဆီအရမ်းပြန်တဲ့ အသားရေပဲဖြစ်ဖြစ် ကိုယ်နဲ့ကိုက်ညီမယ့် treatmentတွေကို ရွေးချယ်ပြုလုပ်လို့ ရပါတယ်။

ဒီဆိုင်ရဲ့ နာမည်ကြီးတဲ့ treatmentတွေကတော့ ...

Microcrystal Sponge Rejuvenative (ရေမြုပ်ကုထုံး)
Hyaluronic acid 3D Micro-Infusion (အသားအရေ တင်းရင်စေသော ကုထုံး)
Mandelic acid (အသားအရေ ဝင်းပစေသောကုထုံး)
စတာတွေပဲဖြစ်ပါတယ်။

ဆိုင်လိပ်စာ: ၇(A)၊ ဆေးရုံလမ်း၊ ဘောက်ထော်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။

 

Skin Art Aesthetic and laser Clinic

ဒီဆေးခန်းလေးရဲ့ ထူးခြားတဲ့အချက်ကတော့ ပါးချိုင့်ဖော်ပေးတာ၊ မျက်အိတ်တွဲတာ၊ မျက်ကွင်းချိုင့်တာနဲ့ မျက်ကွင်းညိုတာတွေကို ကုသပေးတဲ့အပြင် ဆံပင်ကျွတ်၊ ဆံပင်ပါးနေတဲ့သူတွေအတွက် ကုသမှုတွေလည်း ပေးပါသေးတယ်။ ဒါ့အပြင် အခုနောက်ပိုင်းမှာ Vampire Facial ဆိုပြီး နာမည်ကြီးနေတဲ့ သွေးရည်ကြည်ကုထုံး၊ ကိုယ့်မျက်နှာမှာရှိတဲ့ မှဲ့တွေကို ဖျက်ချင်တဲ့သူတွေအတွက်လည်း မှဲ့ဖျက်ပေးခြင်းနဲ့ တစ်ခြား Treatmentတွေလည်း ရှိပါသေးတယ်။ ဈေးနှုန်းကလည်း အထူးချိုသာတာမို့လို့ သွားသင့်တဲ့ ဆေးခန်းတွေထဲက တစ်ခုဖြစ်ပါတယ်နော်။

ဆိုင် (၁) အမှတ် (၆၉၀)၊ ပထမထပ်၊ ကျော်သူလမ်း၊တောင်ဥက္ကလာပမြို့နယ် (ရန်ကုန်ဆိုင်ခွဲ)
ဆိုင် (၂) ၅၇လမ်း၊ ၃၈လမ်းနဲ့ ၃၉လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့ (မန္တလေးဆိုင်ခွဲ) 

ရန်ကုန်မြို့ရဲ့ အလှအပဆိုင်ရာ ဆေးခန်းများကို တစ်စုတစ်စည်း ရှာဖွေချင်တယ်ဆိုရင်တော့ https://bit.ly/33OZ0qY ဒီလင့်ခ်မှာ ရှာဖွေနိုင်ပါတယ်နော်။ 

Source From www.hearmyanmar.com 

Bookmark