Health

သုဝဏ္ဏကွင်းတွင် လူ(၂၀၀)ခန့်ဆန့်မည့် Quarantine Center တည်ဆောက်မည်

Read 604 times

လူ ၂၀၀ လောက် ထားနိုင်မယ့် ယာယီ Quarantine စင်တာတခုကို သုဝဏ္ဏ မြက်ခင်းတု အားကစားကွင်းမှာ တည်ဆောက်နေတယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ဖော်ရေးသားထားပါတယ်။ 

 COVID-19 ဒုတိယလှိုင်းကာလမှာ ပိုးတွေ့လူနာတွေများလာတဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနနဲ့ ဆွေးနွေးပြီး ယာယီ Quarantine စင်တာ ဆောက်နိုင်ဖို့ လုပ်ဆောင်တာဖြစ်ပြီး ၅ ရက်အတွင်း Quarantine စင်တာဖြစ်အောင် တည်ဆောက်နေတာပါ။

ပထမအဆင့်အနေနဲ့ လူ ၂၀၀ ဆံ့အောင် တည်ဆောက်မှာဖြစ်ပြီး နောက်ထပ် လူ ၄၀၀ လောက် ထပ်ထားနိုင်ဖို့လည်း စီစဉ်လျက်ရှိပါတယ်။ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ကုသရေးကိစ္စ အဝဝကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆောင်ရွက်သွားမှာ ဖြစ်ပြီး တည်ဆောက်ရေး၊ နေရေးထိုင်ရေးနဲ့ နေ့စဉ် အစားအသောက် ကုန်ကျစရိတ် အားလုံးကိုတော့ ဧရာဝတီ ဖောင်ဒေးရှင်းက ကျခံပေးသွားမှာ ဖြစ်တယ်လို့သိရှိရပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာ အသွားအလာကန့်သတ်ထားသူ စုစုပေါင်း (၆၆၀၀) ကျော်ရှိပြီး အတည်ပြုလူနာတွေကိုတော့ ဆေးရုံကြီး(၇)ရုံမှာ ဆေးကုသမှုပေးနေတာပါ။ ရန်ကုန်တိုင်းအတွင်းမှာတော့ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၄၀၀ နီးပါး ရှိပါတ

 

Bookmark