ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်တွင် ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ကာကွယ်ရန် မြို့နယ်အဆင့် Quarantine Center (၅) ခုဖွင့်လှစ်ထားရှိသည်ဟုသိရှိရသည်။ ထိုအထဲမှ စင်တာ (၂)ခုမှာ အနံ့ပျောက်၊ချောင်းဆိုး၊ဖျားနာ စသည့်ကိုဗစ်ရောဂါ သံသယရှိသူတွေကို ထားရှိတာဖြစ်ပြီး ကျန်သုံးခုတွင် ကိုဗစ် အတည်ပြုလူနာနှင့် ထိတွေ့မိသူ Contact Person များကိုထားရှိခြင်းဖြစ်သည်။
လှိုင်မြို့နယ်ရှိ Quarantine Center (၅) ခုမှာ
အ.မ.က (၂၆) လူ(၆၀)ယောက် ဆန့် Quarantine Center 1
အ.လ.က (၅) လူ(၅၀)ယောက် ဆန့် Quarantine Center 2
ပညာရေးဝန်ကြီးဌာန မေခဆောင် လူ(၁၅၅) ယောက်ဆန့် Quarantine Center 3
ပညာရေးဝန်ကြီးဌာန ဒူးယားဆောင် လူ(၁၅၀)ယောက်ဆန့် Quarantine Center 4
ပညာရေးဝန်ကြီးဌာန ဇွဲကပင်ဆောင် လူ(၁၀၀)ယောက်ဆန့် Quarantine Center 5 အသီးသီးဖြစ်သည်ဟု လှိုင်မြို့နယ် တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ပြောကြားခဲ့သည်။
စည်ပင်သာယာဝန်ထမ်းများ ၊ဗော်လန်တီယာများ အပြင် ကြက်ခြေနီများနှင့် ပူးပေါင်း၍ ကျောင်းဆောင်အတွင်း ဆေးဖြန်းခြင်း၊ လူနာများနေထိုင်နိုင်ရန် နေရာထိုင်ခင်းများ ပြင်ဆင်ခြင်း များပြုလုပ်ပြီး ပြည်သူများလှုဒါန်းသော ငွေများထဲမှ လိုအပ်သော အိပ်ယာခင်း၊ခုတင်များဝယ်ယူခြင်း အစရှိသည်တို့ကိုလည်းလုပ်ဆောင်ခဲ့သည်ဟုသိရှိရသည်။
လှိုင်မြို့နယ်ရှိ စင်တာ (၅) ခုတွင် လက်ရှိတွင် Quarantine ဝင်နေသူ စုစုပေါင်း (၅၀၀)ခန့်ရှိနေပြီဖြစ်ကာ
ထိုလူ (၅၀၀) ၏ စားရေးသောက်ရေးကို မြို့နယ်ကိုယ်စားလှယ်များ စေတနာရှင်များ၏ လှုဒါန်းမှုများဖြင့် နေ့စဥ် တာဝန်ယူကျွေးမွေးနေခြင်းလည်းဖြစ်သည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအရ မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ (၂၃) ရက်နေ့မှ ယနေ့အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၂၀,၃၃၃) ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ
(၅,၇၈၂) ဦး နှင့် သေဆုံးလူနာ (၄၇၁) ဦး ရှိပြီ ဖြစ်သည်။