Shopping & Promo Travel

၆၀% အထူးပရိုမိုးရှင်းနဲ့ Popa Mountain Resort ရဲ့ သဘာဝအလှထဲ စီးမျှောကြမယ်!!

Read 833 times

BY WMMH (Mizzy)

မွန်းကြပ်စရာ မြို့ပြကနေ ခဏလောက် ရုန်းထွက်ပြီး တောတောင်ရေမြေ သဘာဝအလှတွေကို တမေ့တမော ငေးမောချင်နေပြီလား?

မကြာခင် ရောက်ရှိလာတော့မယ့် အောက်တိုဘာလ ပိတ်ရက်ရှည်တွေမှာ အနားယူအပန်းဖြေဖို့ နေရာကောင်းတစ်ခုကို ရှာဖွေနေသူများအတွက် Popa Mountain Resort ရဲ့ အထူးစပယ်ရှယ် ပရိုမိုးရှင်းလေးအကြောင်းကို ပြောပြပေးလိုက်ချင်ပါတယ်။ 

ဒီ ပရိုမိုးရှင်းလေးကတော့ Popa Mountain Resort ရဲ့ “သဘာဝအလှထဲ ခရီးသွားကြမယ်” ဆိုတဲ့ ပရိုမိုးရှင်း ဖြစ်ပြီးတော့ ယခုလာမယ့် (၂၀၂၀)ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့ကနေ နောက်နှစ် (၂၀၂၁)ခုနှစ် စက်တင်ဘာလ ၃၀ ရက်အတွင်း Popa Mountain Resort မှာ လာရောက်အနားယူ အပန်းဖြေချင်သူများအတွက် အထူးစပယ်ရှယ် ၆၀ % လျှော့ဈေးပေးသွားမယ့် အစီအစဉ်လေးပါ။  

ဟိုတယ်ဘိုကင်တွေကိုတော့ ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ (၇) ရက်က စတင်လက်ခံနေတာ ဖြစ်ပြီး  ဩဂုတ်လ (၁၇) ရက်အထိ တင်တဲ့ ဘိုကင်များကိုသာ လျှော့ဈေးများ ပေးသွားမှာ ဖြစ်ပါတယ်။ 

ဘိုကင်ရရှိနိုင်မယ့် အခန်းဈေးနှုန်းများကို ကြည့်ရှုချင်တယ်ဆိုရင်တော့ www.htoohospitality.com ဝက်ဘ်ဆိုဒ်မှာ Destination ကို ( Popa ) လို့ရွေးပြီး၊ Hotel နေရာမှာ ( Popa Mountain Resort ) ကို ရွေးပါ။ 

ဒါပြီးရင်တော့ ကိုယ်သွားမယ့်ရက် ( Check in / Check out ) မှာ (၂) ည အနည်းဆုံး ရွေးပေးပြီး Promo Code ( POPA60 ) ကို ရိုက်ထည့်ပေးလိုက်တာနဲ့ အခန်းအမျိုးအစား၊ ဈေးနှုန်းတွေကို ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ်။ 

Booking Confirm ဖြစ်တယ်ဆိုရင် ငွေအပြည့်ချေရမှာဖြစ်ပြီးတော့ ငွေချေဖို့အတွက် ဘဏ်မှာ တကူးတက ငွေသွားမလွှဲချင်ဘူးဆိုရင် www.htoohospitality.com ဝက်ဘ်ဆိုဒ်မှာ Visa, Master, MPU card ( Connect with E-commerce ) တွေနဲ့ တစ်ခါထဲ ဘိုကင်တင်ပြီး ငွေချေလိုက်လို့ ရပါတယ်။ 

Website ကနေ ဘိုကင်မတင်ချင်ဘူးဆိုရင်တော့ ဖုန်းနဲ့ဖြစ်ဖြစ်၊ Facebook Messengerမှာဖြစ်ဖြစ် ဘိုကင်တင်ပြီးတာနဲ့ ( AGD, KBZ, AYA bank ) စတာတွေကနေ လွှဲလို့ရတဲ့အပြင် (OK Dollor , G&G , True Money , Near Me ) အစရှိတဲ့ Agent များကနေလည်း ငွေပေးချေလို့ ရပါတယ်။ ဒါ့အပြင် ရန်ကုန်ရုံးချုပ်ကို ကိုယ်တိုင်လာရောက်ပြီး ငွေပေးချေလို့လည်း ရပါတယ်နော်။ 

ပရိုမိုးရှင်းထဲမှာ ပါဝင်တဲ့ Facilicity တွေကတော့ ၂ယောက်ခန်း တစ်ခန်းအတွက် Breakfast + Tax + service Charges စတာတွေ ပါဝင်မှာ ဖြစ်ပါတယ်။ 

ရန်ကုန်ရုံးချုပ်လိပ်စာကတော့ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ကန်ရိပ်သာလမ်း၊ ကန်တော်ကြီးဟိုတယ်ဝင်ပေါက်၊ ဟိုတယ်သင်တန်းကျောင်း မျက်စောင်းထိုး။ 

ဖုန်းနံပါတ် - 01 8399 343 ,09 76 703 0887/ 852/ 890 

Bookmark