Food & Drinks

လူသိပ်မသိသေးတဲ့ Photographer တွေအကြိုက် ကော်ဖီဆိုင်လေးတွေ

Read 1074 times

By WMMH (Mizzy)

အပျော်တမ်းဖြစ်ဖြစ်၊ Commercial ဖြစ်ဖြစ် Indoor Portrait လှလှလေးတွေ ရိုက်ချင်တဲ့ ဓာတ်ပုံရိုက်ဝါသနာ ပါသူများအတွက် Decoration ဆန်းဆန်းနဲ့ လူမသိသူမသိ ကော်ဖီဆိုင်လေးတွေကို ဒီတစ်ပတ်မှာ ‌ပြောပြပေးချင်ပါတယ်။

၁။ Pansodan Scene Art Cafe


Retro Style ကိုမှ Indoorကောင်းကောင်း ရိုက်ချင်တဲ့ Photographer တွေ အကြိုက်တွေ့မယ့် နေရာလေးတစ်ခုပါပဲ။ ဆိုင်ထဲမှာ ဓာတ်ပုံရိုက်ရင် charges မပေးရပေမယ့် လူများတတ်တဲ့ ဆိုင်မို့ ကိုယ်က အေးအေးဆေးဆေး ရိုက်ချင်တာဆိုရင်တော့ လူရှင်းတဲ့မနက်စောစောနဲ့ နေ့လည်ပိုင်းလို အချိန်မျိုးကို ရွေးသွားသင့်ပါတယ်နော်။

ဆိုင်လိပ်စာနဲ့ ဖုန်းနံပါတ်များကိုတော့ အောက်ပါလင်ခ့်မှာ ဝင်ရောက်ကြည့်ရှုလို့ ရပါတယ်။
https://bit.ly/2ZXTCQe


၂။ Cafe Sovico +


Solo Portrait ရိုက်ချင်သူများအတွက် ညွှန်းပေးချင်တဲ့ ဆိုင်လေးတစ်ဆိုင်ပါပဲ။ ဒီဆိုင်အပြင်အဆင်ရဲ့ ထူးခြားချက်က စားပွဲတစ်ခုကို စတိုင်လ်တစ်မျိုးနဲ့ ခင်းကျင်းထားတာဖြစ်ပြီး ထိုင်ခုံတွေကလည်း ဆိုဖာ၊ ဆက်တီခုံတွေ၊ သာမန် ကော်ဖီဆိုင်ပုံစံ ခုံတွေနဲ့ meeting room လို ပုံစံတွေ၊ ဘားစတိုင်လ် စားပွဲတွေ စသဖြင့် ပုံစံအမျိုးမျိုးရှိပြီး လူလည်းရှင်းတာမို့ ဓာတ်ပုံဆရာတွေ အကြိုက် ဆိုင်လေးတစ်ဆိုင်ပါပဲ။

ဆိုင်လိပ်စာနဲ့ ဖုန်းနံပါတ်များကိုတော့ အောက်ပါလင်ခ့်မှာ ဝင်ရောက်ကြည့်ရှုလို့ ရပါတယ်။
https://bit.ly/3fWt2MP


၃။ Cafe Gotham


Vintage Style ကြိုက်ကြတဲ့ Photographer များနဲ့ Marvel Hero တွေကို ကြိုက်တဲ့သူများကတော့ ဒီဆိုင်ကို လုံးဝသဘောကျမှာ အမှန်ပါပဲ။ ဆိုင်ရှေ့မှာ မြက်ခင်းစိမ်းစိမ်းလေးပေါ် စားပွဲခုံလှလှလေးကို ထိုင်ချင့်စဖွယ် ခင်းထားပြီး ဆိုင်အတွင်းထဲက နံရံတွေမှာ Marvel Hero ဖြစ်တဲ့ Batman နဲ့ Joker ပုံ ပန်းချီကားအပြည့်ကို တွေ့နိုင်မှာပါ။ Indoor Vintage Style ကိုမှ ခပ်မိုက်မိုက်လေး ရိုက်ချင်သူများအတွက် ကွက်တိပါပဲ။

ဆိုင်လိပ်စာနဲ့ ဖုန်းနံပါတ်များကိုတော့ အောက်ပါလင်ခ့်မှာ ဝင်ရောက်ကြည့်ရှုလို့ ရပါတယ်။
https://bit.ly/3jz1Y8D

၄။ Freedom Cafe


ခွေးလေးတွေ၊ ကြောင်လေးတွေနဲ့ Indoor ကောင်းကောင်း ရိုက်ချင်ရင်တော့ Freedom Cafe က အဆင်ပြေပါတယ်။ သူက အောက်ထပ်မှာ Coffee သောက်လို့ရတဲ့ နေရာရှိပြီး၊ ပထမထပ်နဲ့  ဒုတိယထပ်မှာတော့ အိမ်မွေးကြောင်လေးတွေ၊ ခွေးလေးတွေနဲ့ ဆော့ကစားလို့ရတဲ့ နေရာလေး ပြုလုပ်ပေးထားတာပဲ ဖြစ်ပါတယ်။ ဆိုင်ရဲ့ Decoration တွေကလည်း Photographer တွေရဲ့ အမြင်အာရုံကို ဖမ်းစားနိုင်မှာ အသေအချာပါပဲ။

ဆိုင်လိပ်စာနဲ့ ဖုန်းနံပါတ်များကိုတော့ အောက်ပါလင်ခ့်မှာ ဝင်ရောက်ကြည့်ရှုလို့ ရပါတယ်။
https://bit.ly/3hxghIO


၅။ Cafe Deja Brew (Cafe & Art Space)


ကိုလိုနီခေတ်ဟောင်းပုံစံလေးတွေနဲ့ ဆိုင်အတွင်းမှာရော အပြင်မှာပါ ပြင်ဆင်ထားပြီး Art & Trendy သွားထားတဲ့ ဆိုင်လေး ဖြစ်ပါတယ်။ Vintage Theme လေးနဲ့ Recycle Concept တွေ ဆိုင်အတွင်းမှာ ရှိတဲ့အပြင် ကဗျာဆန်ဆန် စာစုလှလှလေးတွေကိုလည်း ကိုလိုနီခေတ်စတိုင် မြင်တွေ့ရဦးမှာပါ။ ဆိုင်ရှေ့က စားပွဲသေးသေးလေးကတော့ Instagram မှာ တင်လို့ကောင်းတဲ့ အပြင်အဆင်မျိုးလေး လုပ်ထားတာဖြစ်လို့ ဓာတ်ပုံဆရာတွေ မျက်စိကျလောက်မယ့် ဆိုင်မျိုးပါပဲ။

ဆိုင်လိပ်စာနဲ့ ဖုန်းနံပါတ်များကိုတော့ အောက်ပါလင်ခ့်မှာ ဝင်ရောက်ကြည့်ရှုလို့ ရပါတယ်။> https://bit.ly/30GJlqB

Bookmark