Yangon Trend

နည်းပညာမဖွံ့ဖြိုးစဉ်ကတည်းက Online Music Store တွေမှာ ပျံ့နှံ့ခဲ့တဲ့ ကျော်ဟိန်းရဲ့ သီချင်းများ

Read 734 times

By WMMH (Mizzy)

အကယ်ဒမီ (၅) ဆုရှင် သရုပ်ဆောင်နဲ့ တေးသံရှင် မင်းသားကြီးကျော်ဟိန်းဟာ သရုပ်ဆောင်အပိုင်းမှာသာမက တေးဆိုပိုင်းမှာပါ ထူးချွန်ပြောင်မြောက်တဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။  

သူဟာ အောင်မြင်တဲ့ ဇာတ်လမ်းပေါင်းများစွာနဲ့ တေးသီချင်း Album ပေါင်း (၁၄) ခုကို ပရိတ်သတ်ထံ ချပြခဲ့ပြီးနောက် အသက် (၆၁) နှစ်အရွယ်မှာ သာသနာ့ဘောင်ကို အပြီးတိုင်ဝင်ရောက်ခဲ့ပြီး အသက် (၇၃) နှစ်အရွယ်မှာ နှလုံးရောဂါနဲ့ ဆုံးပါးခဲ့တာ ဖြစ်ပါတယ်။

တေးသံရှင်ကျော်ဟိန်းရဲ့ သီချင်းများစွာဟာ မြန်မာနိုင်ငံမှာ နည်းပညာများ မဖွံ့ဖြိုး၊ မတိုးတက်သေးခင် လွန်ခဲ့သော နှစ်ပေါင်းများစွာထဲက You Tube, Sound Cloud နဲ့ Online Music Store တော်တော်များများမှာ ပျံ့နှံ့နေခဲ့တာပဲ ဖြစ်ပါတယ်။


အခုချိန်မှာတော့ သီချင်းတော်တော်များများကို  Music Store ပေါင်းများစွာ၊ Live Stream Channel ပေါင်းများစွာမှာ တွေ့ရှိနိုင်နေပြီဆိုပေမယ့် ထိုခေတ်အခါကတည်းက Online Streaming မှာ ရောက်ရှိနေနှင့်ပြီး ဖြစ်တဲ့ တေးသံရှင် မင်းသားကြီးကျော်ဟိန်းရဲ့ အရည်အချင်းကတော့ အံ့သြလောက်စရာ ကောင်းလှပါတယ်။

ဒီတော့ MY Yangon Guide ရဲ့ တေးချစ်သူ ပရိတ်သတ်များလည်း တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားခဲ့တဲ့ တေးသံရှင်ကျော်ဟိန်းရဲ့ တေးသီချင်းအယ်လ်ဘမ်တစ်ချို့ကို နားဆင်နိုင်စေဖို့ အောက်ပါလင့်ခ်မှာ တစ်စုတစ်စည်းထဲ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ မျက်ရည်ငှက်များ နားစေသတည်း
Album Link - https://cutt.ly/OdAK23k

၂။ လူကြီးမင်းများ လက်ခုပ်တီးပါ
Album Link - https://cutt.ly/idALRRx

၃။ တစ်ကိုယ်တော်လေလွင့်ခြင်း
Album Link - https://cutt.ly/ndANM0n

၄။ စင်ပေါ်က သီချင်းများ
Album Link - https://cutt.ly/xdALFA5


၅။ အဓိပ္ပါယ်ရှိသောလူ
Album Link - https://cutt.ly/adAZxep

၆။ ထာဝရရှင်သန်နေမယ်
Album Link - https://cutt.ly/sdAXsjw

၇။ ဝီရရသ
Album Link - https://cutt.ly/rdAXHyE

၈။ အဓိပ္ပါယ်ရှိသော စင်ပေါ်က အသံများ
Album Link - https://cutt.ly/VdAX3O5

လင့်ခ်များကို တတ်နိုင်သလောက် စုစည်းပေးတဲ့ ၇၀ ၈၀ ၉၀ ခုနှစ် သီချင်းသည်များ Facebook Group၊ ဦးနိုင်နဲ့ တစ်ခြားသော လင့်ခ်ပိုင်ရှင်များကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။ (တစ်ချို့ Link များမှာ Joox Music Application တွင် တိုက်ရိုက်နားထောင်နိုင်သော Link များ ဖြစ်ပါတယ်။)

Photo Credit From myanmarmusicnotes.blogspot.com 

 

Bookmark