Business

ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ် (၇) ဘဏ်ကို One Pay မှတစ်ဆင့် ငွေလွှဲနိုင်ပြီ

Read 1126 times

မြန်မာနိုင်ငံ၏ ပထမဆုံးသော မိုဘိုင်းမှတစ်ဆင့် ဘဏ်အချင်းချင်း ငွေလွှဲသည့် ဝန်ဆောင်မှုကို အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် ( AGD Bank ) ၏ နည်းပညာပိုင်းနှင့် လုပ်ငန်းပိုင်းဆိုင်ရာ ထောက်ပံ့ပေးမှုဖြင့် စတင်မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ 

မိုဘိုင်းမှတစ်ဆင့် ဘဏ်အချင်းချင်းငွေလွှဲသည့် ဝန်ဆောင်မှုကို အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၊ ဧရာဝတီဘဏ်၊ သမဝါယမဘဏ်၊ ကမ္ဘောဇဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ယူနိုက်တက်အမရဘဏ်နှင့် ရိုးမဘဏ်တို့တွင် အသုံးပြုနိုင်မည် ဖြစ်သည်။

အဆိုပါ ဘဏ်အချင်းချင်း မိုဘိုင်းမှတစ်ဆင့် ငွေလွှဲသည့် ဝန်ဆောင်မှုသည် သုံးစွဲသူများကို နီးစပ်ရာ ဘဏ်ခွဲများသို့ သွားရောက်ရန် မလိုဘဲ ဘဏ်တစ်ခုနှင့် တစ်ခုကြား ငွေလွှဲခြင်းကို လွယ်ကူစွာ ပြုလုပ်နိုင်မည် ဖြစ်သည်။ 

ယခုကဲ့သို့ ကပ်ရောဂါဖြစ်ပွားနေသည့် ကာလတွင် ဤဝန်ဆောင်မှုသည် လူတစ်ဦးနှင့်တစ်ဦး ထိတွေ့မှုကို လျှော့ချပေးနိုင်ရုံသာမက ဘဏ်တစ်ခုမှ အခြားဘဏ်တစ်ခုသို့ ငွေလွှဲရန်ကိစ္စအတွက် ဘဏ်ခွဲများသို့ ကူးချည်သန်းချည် သွားရသည့် အခြေအနေမှလည်း လွတ်ကင်းနိုင်မည် ဖြစ်သည်။

သုံးစွဲသူများအနေဖြင့် ဘဏ်အချင်းချင်းကြား ငွေလွှဲလိုပါက မိမိ၏ OnePay ပိုက်ဆံအိတ်ထဲသို့ ငွေဖြည့်ပြီး လွယ်ကူစွာ ငွေလွှဲနိုင်ပြီး ငွေဖြည့်ခြင်းကို AGD ဘဏ်ငွေစာရင်းကို အသုံးပြု၍သော်လည်းကောင်း၊ e-commerce မှတ်ပုံတင်ထားသော မည်သည့်ဘဏ်၏ MPU ကတ်ကိုမဆို အသုံးပြု၍သော်လည်းကောင်း၊ Visa သို့ Master Card များ အသုံးပြု၍ သော်လည်းကောင်း ပြုလုပ်နိုင်သည်။

ထို့အပြင် ဘဏ်စာရင်းနှင့် ကတ်များမရှိဘဲနှင့်လည်း နီးစပ်ရာ 123 ဝန်ဆောင်မှုရသည့်ဆိုင်များနှင့် နိုင်ငံတစ်ဝန်းရှိ OnePay ၏ တရားဝင် ကိုယ်စားလှယ်ဆိုင်များတွင် ငွေဖြည့်နိုင်သည်။ ငွေဖြည့်ပြီးသည့် နောက်တွင် မိမိ၏ OnePay ပိုက်ဆံအိတ်ထဲမှ အထက်ဖော်ပြပါ ဘဏ်များထဲက မိမိငွေလွှဲလိုသည့် ဘဏ်သို့ ငွေလွှဲခြင်းကို အလွယ်တကူ ဆောင်ရွက်နိုင်မည် ဖြစ်သည်။

Su Mon Oo ( Mine )
MOI

==============================

ျပည္တြင္းရွိ ပုဂၢလိကဘဏ္ (၇) ဘဏ္ကို One Pay ျဖင့္ ေငြလႊဲႏိုင္ၿပီ

ျမန္မာႏိုင္ငံ၏ ပထမဆုံးေသာ မိုဘိုင္းမွတစ္ဆင့္ ဘဏ္အခ်င္းခ်င္း ေငြလႊဲသည့္ ဝန္ေဆာင္မႈကို အာရွစိမ္းလန္းမႈဖြံ႕ၿဖိဳးေရးဘဏ္ ( AGD Bank ) ၏ နည္းပညာပိုင္းႏွင့္ လုပ္ငန္းပိုင္းဆိုင္ရာ ေထာက္ပံ့ေပးမႈျဖင့္ စတင္မိတ္ဆက္လိုက္ၿပီ ျဖစ္သည္။ 

မိုဘိုင္းမွတစ္ဆင့္ ဘဏ္အခ်င္းခ်င္းေငြလႊဲသည့္ ဝန္ေဆာင္မႈကို အာရွစိမ္းလန္းမႈဖြံ႕ၿဖိဳးေရးဘဏ္၊ ဧရာဝတီဘဏ္၊ သမဝါယမဘဏ္၊ ကေမာၻဇဘဏ္၊ ျမန္မာ့ေရွ႕ေဆာင္ဘဏ္၊ ယူႏိုက္တက္အမရဘဏ္ႏွင့္ ႐ိုးမဘဏ္တို႔တြင္ အသုံးျပဳႏိုင္မည္ ျဖစ္သည္။

အဆိုပါ ဘဏ္အခ်င္းခ်င္း မိုဘိုင္းမွတစ္ဆင့္ ေငြလႊဲသည့္ ဝန္ေဆာင္မႈသည္ သုံးစြဲသူမ်ားကို နီးစပ္ရာ ဘဏ္ခြဲမ်ားသို႔ သြားေရာက္ရန္ မလိုဘဲ ဘဏ္တစ္ခုႏွင့္ တစ္ခုၾကား ေငြလႊဲျခင္းကို လြယ္ကူစြာ ျပဳလုပ္ႏိုင္မည္ ျဖစ္သည္။ 

ယခုကဲ့သို႔ ကပ္ေရာဂါျဖစ္ပြားေနသည့္ ကာလတြင္ ဤဝန္ေဆာင္မႈသည္ လူတစ္ဦးႏွင့္တစ္ဦး ထိေတြ႕မႈကို ေလွ်ာ့ခ်ေပးႏိုင္႐ုံသာမက ဘဏ္တစ္ခုမွ အျခားဘဏ္တစ္ခုသို႔ ေငြလႊဲရန္ကိစၥအတြက္ ဘဏ္ခြဲမ်ားသို႔ ကူးခ်ည္သန္းခ်ည္ သြားရသည့္ အေျခအေနမွလည္း လြတ္ကင္းႏိုင္မည္ ျဖစ္သည္။

သုံးစြဲသူမ်ားအေနျဖင့္ ဘဏ္အခ်င္းခ်င္းၾကား ေငြလႊဲလိုပါက မိမိ၏ OnePay ပိုက္ဆံအိတ္ထဲသို႔ ေငြျဖည့္ၿပီး လြယ္ကူစြာ ေငြလႊဲႏိုင္ၿပီး ေငြျဖည့္ျခင္းကို AGD ဘဏ္ေငြစာရင္းကို အသုံးျပဳ၍ေသာ္လည္းေကာင္း၊ e-commerce မွတ္ပုံတင္ထားေသာ မည္သည့္ဘဏ္၏ MPU ကတ္ကိုမဆို အသုံးျပဳ၍ေသာ္လည္းေကာင္း၊ Visa သို႔ Master Card မ်ား အသုံးျပဳ၍ ေသာ္လည္းေကာင္း ျပဳလုပ္ႏိုင္သည္။

ထို႔အျပင္ ဘဏ္စာရင္းႏွင့္ ကတ္မ်ားမရွိဘဲႏွင့္လည္း နီးစပ္ရာ 123 ဝန္ေဆာင္မႈရသည့္ဆိုင္မ်ားႏွင့္ ႏိုင္ငံတစ္ဝန္းရွိ OnePay ၏ တရားဝင္ ကိုယ္စားလွယ္ဆိုင္မ်ားတြင္ ေငြျဖည့္ႏိုင္သည္။ ေငြျဖည့္ၿပီးသည့္ ေနာက္တြင္ မိမိ၏ OnePay ပိုက္ဆံအိတ္ထဲမွ အထက္ေဖာ္ျပပါ ဘဏ္မ်ားထဲက မိမိေငြလႊဲလိုသည့္ ဘဏ္သို႔ ေငြလႊဲျခင္းကို အလြယ္တကူ ေဆာင္႐ြက္ႏိုင္မည္ ျဖစ္သည္။

Su Mon Oo ( Mine )
Ref MOI
 

Bookmark