By - WMMH (Mizzy)
တစ်ပတ်တာမှာ အလုပ်တွေ ကြိုးစားပမ်းစားလုပ်ရင်း သောကြာနေ့ကို ရောက်ရှိလာပြန်ပြီနော်။ ပိတ်ရက်မှာ ဦးနှောက်ကို အနားပေးရင်း ဇာတ်လမ်းကောင်းကောင်းတွေ ကြည့်ရှုလိုသူများအတွက် ဒီတစ်ပတ်အတွင်း Netflix မှာ Hot ဖြစ်နေတဲ့ ဇာတ်လမ်း (၅) မျိုးကို ပြောပြပေးချင်ပါတယ်။
၁။ Old Guard

Action ဇာတ်ကားကောင်းကောင်းကိုမှ ကြည့်ချင်သူများအတွက် Action အပြင် သဘာဝလွန် ဖြစ်ရပ်ဆန်းတွေကိုပါ ကြည်ရှုခံစားနိုင်မယ့် ဇာတ်လမ်းကောင်းလေးပဲ ဖြစ်ပါတယ်။
၂။ It’s Okay Not To Be Okay

ဒီဇာတ်လမ်းလေးကတော့ ထပ်ချစ်လာရမယ့် အချစ်အသစ်အတွက် အချိန်မပေးနိုင်ပါဘူးဆိုတဲ့ စိတ်ရောဂါအထူးကုဌာနက ကျန်းမာရေးဝန်ထမ်းရယ်၊ အချစ်အကြောင်း လုံးဝမသိသူ၊ နာမည်ကြီး ကလေးပုံပြင် ရေးသားသူ စာရေးဆရာမရယ်၊ သူတို့နှစ်ဦး ဆုံမိရာက ဖြစ်ပေါ်လာတဲ့ Fantasy/Romance Drama လေးတစ်ခု ဖြစ်ပါတယ်။ On Going Series လေးမို့ K Drama ချစ်သူတို့အတွက်တော့ သဘောကျမယ့် ဇာတ်လမ်းတွဲလေးပါပဲ။
၃။ Iron Fist (Season 2)

လူစွမ်းကောင်းတွေနဲ့ ရိုက်ကူးထားတဲ့ တရုတ်/ဗြိတိသျှဇာတ်ကား ဖြစ်ပြီး Season 1 နဲ့ ဇာတ်အိမ်အနည်းငယ် ကွဲပါတယ်။ ဒါပေမယ့်လည်း Iron Fist ရဲ့ Fan များအတွက်တော့ အားလပ်ရက်မှာ ကြည့်ဖို့ကောင်းမယ့် ဇာတ်လမ်းတစ်ခုပါပဲနော်။
၄။ The Expendables 3

ဒီဇာတ်လမ်းလေးကတော့ Action, Adventure ဇာတ်ကားသစ်လေး ဖြစ်ပြီး ဇာတ်လမ်းထဲမှာ ကိုယ်ကြိုက်တဲ့ မင်းသားတွေကို တစ်စုတစ်စည်းထဲ တွေ့ရမှာ ဖြစ်ပါတယ်နော်။
၅။ The Defender

ဒီ Series လေးကတော့ အရင်က Netflix ကနေ ပြသခဲ့တဲ့ Marvel ရဲ့ စူပါဟီးရိုး လေးယောက်ကို စုစည်းပြီး တင်ဆက်ထားတာပါ။ Daredevil, Jessica Jones. Luke Cage နဲ့ Iron Fist တို့ ပါ၀င်ပါတယ်။
Netflix Link - https://bit.ly/3fIjhle