လက်ရှိကာလဟာ Covid-19 ကြောင့် လူအများစု အိမ်မှာ နေနေကြရတဲ့အချိန်ပါ။ ဆိုင်တချို့ကလည်း ဒီကာလမှာ ပိတ်တာများပါတယ်။ မပိတ်ဘူးဆိုရင်တောင် အပြင်ထွက်ပြီး အစားအသောက်တွေ ထွက်ဝယ်ရမှာ ပျင်းနေကြတယ်မလား။
Food Delivery တွေကလည်း ကိုယ်စားချင်တဲ့ အစားအသောက်တိုင်း ပို့မပေးနိုင်ဘူးလေ။ ဒီလိုဆိုတော့ မိမိအိမ်မှာပဲ မိုင်လိုနဲ့ အလွယ်တကူ လုပ်စားလို့ရမယ့် ကိတ်မုန့်လုပ်နည်းလေးကို ပြောပြလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
၁။ Milo အထုတ်လတ် ၂ ထုတ်
၂။ နို့ဆီ ( သို့ ) နို့စိမ်းတစ်ဘူး
၃။ ကြက်ဥ ၄ လုံး
လုပ်နည်းကတော့ အရမ်းကို လွယ်ကူပါတယ်။ ကိတ်လုပ်ဖို့အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေအားလုံးကို Blender ထဲ ထည့်ပြီး ရောမွှေလိုက်ပါ။
အားလုံးနှံ့သွားပြီဆိုရင် ပန်းကန်တခုထဲကို ထည့်ပြီး ၁ နာရီလောက် ပေါင်းပေးပါ။ Oven အသုံးပြုလို့လည်း ရပါတယ်။ တစ်နာရီပြည့်တဲ့အခါမှာတော့ စားချင်စဖွယ် မိုင်လိုကိတ်လေး ရရှိပါပြီ။
Su Mon Oo ( Mine )
============================
လုပ္ရလြယ္ကူၿပီး စားလို႔ေကာင္းတဲ့ Milo Cake ေလး
လက္ရွိကာလဟာ Covid-19 ေၾကာင့္ လူအမ်ားစု အိမ္မွာ ေနေနၾကရတဲ့အခ်ိန္ပါ။ ဆိုင္တခ်ိဳ႕ကလည္း ဒီကာလမွာ ပိတ္တာမ်ားပါတယ္။ မပိတ္ဘူးဆိုရင္ေတာင္ အျပင္ထြက္ၿပီး အစားအေသာက္ေတြ ထြက္ဝယ္ရမွာ ပ်င္းေနၾကတယ္မလား။
Food Delivery ေတြကလည္း ကိုယ္စားခ်င္တဲ့ အစားအေသာက္တိုင္း ပို႔မေပးႏိုင္ဘူးေလ။ ဒီလိုဆိုေတာ့ မိမိအိမ္မွာပဲ မိုင္လိုနဲ႔ အလြယ္တကူ လုပ္စားလို႔ရမယ့္ ကိတ္မုန႔္လုပ္နည္းေလးကို ေျပာျပလိုက္ပါတယ္။
ပါဝင္ပစၥည္းမ်ား
၁။ Milo အထုတ္လတ္ ၂ ထုတ္
၂။ ႏို႔ဆီ သို႔မဟုတ္ ႏို႔စိမ္းတစ္ဘူး
၃။ ၾကက္ဥ ၄ လုံး
လုပ္နည္းကေတာ့ အရမ္းကို လြယ္ကူပါတယ္။ ကိတ္လုပ္ဖို႔အတြက္ လိုအပ္တဲ့ ပါဝင္ပစၥည္းေတြအားလုံးကို Blender ထဲ ထည့္ၿပီး ေရာေမႊလိုက္ပါ။
အားလုံးႏွံ႔သြားၿပီဆိုရင္ ပန္းကန္တခုထဲကို ထည့္ၿပီး ၁ နာရီေလာက္ ေပါင္းေပးပါ။ Oven အသုံးျပဳလို႔လည္း ရပါတယ္။ တစ္နာရီျပည့္တဲ့အခါမွာေတာ့ စားခ်င္စဖြယ္ မိုင္လိုကိတ္ေလး ရရွိပါၿပီ။
Su Mon Oo ( Mine )