Shopping & Promo Yangon Trend

မေလကုန်အထိ တစ်လီတာလျှင် ၂၅၀/၃၀၀ ကျပ်ဖြင့် ရောင်းချပေးမည့် Max Energy

Read 1061 times

Covid-19 ဖြစ်ပွားနေသောကာလအတွင်း ကျန်းမာရေးနှင့် လူမှုအကျိုးပြုဝန်ထမ်းများ၊ တက္ကစီအငှားယာဉ်များ အဆင်ပြေစေရန် ရည်ရွယ်၍ Max Energy မှ စက်သုံးဆီကို အထူးစျေးနှုန်းဖြင့် ရောင်းချခြင်းအား မေလကုန်အထိ ရက်တိုးမြှင့် သတ်မှတ်ပေးလိုက်ပြီ ဖြစ်သည်။

စက်သုံးဆီ တစ်လီတာ ဈေးနှုန်းများမှာ..
Octane 92 - ၂၅၀ ကျပ်
Octane 95 - ၃၀၀ ကျပ်
Diesel - ၃၀၀ ကျပ် ဖြစ်သည်။

အဆိုပါ အထူးစျေးနှုန်းကို Taxi အငှားယာဉ်များအနေဖြင့် (၁၅) လီတာနှုန်း နေ့စဉ် ရယူနိုင်ပြီး
ကျန်းမာရေးဝန်ထမ်းများသည် မိမိတို့၏ သက်ဆိုင်ရာ ဝန်ထမ်းကတ် ပြသရုံဖြင့် အထူးဈေးနှုန်းကို ရယူနိုင်မည် ဖြစ်သည်။

ဧပြီလတွင် ၎င်းအထူးစျေးနှုန်းဖြင့် စက်သုံးဆီ လီတာပေါင်း (၂၆) သိန်းခန့်နှင့် ကားအစီးရေ (၁၁၀,၀၀၀) ခန့်အား ရောင်းချခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

Su Mon Oo ( Mine )

==============================

 

Covid-19 ဖြစ်ပွားနေသောကာလအတွင်း ကျန်းမာရေးနှင့် လူမှုအကျိုးပြုဝန်ထမ်းများ၊ တက္ကစီအငှားယာဉ်များ အဆင်ပြေစေရန် ရည်ရွယ်၍ Max Energy မှ စက်သုံးဆီကို အထူးဈေးနှုန်းဖြင့် ရောင်းချခြင်းအား မေလကုန်အထိ ရက်တိုးမြှင့် သတ်မှတ်ပေးလိုက်ပြီ ဖြစ်သည်။

Octane 92 - ၂၅၀ ကျပ်
Octane 95 - ၃၀၀ ကျပ်

အဆိုပါ အထူးဈေးနှုန်းကို Taxi အငှားယာဉ်များအနေဖြင့် (၁၅) လီတာနှုန်း နေ့စဉ် ရယူနိုင်ပြီး

ဧပြီလတွင် ၎င်းအထူးဈေးနှုန်းဖြင့် စက်သုံးဆီ လီတာပေါင်း (၂၆) သိန်းခန့်နှင့် ကားအစီးရေ (၁၁၀,၀၀၀) ခန့်အား ရောင်းချခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

Su Mon Oo ( Mine )

Bookmark