Business

ရန်ကုန်တွင် ပြည်တွင်းအခြေစိုက်ရုံးခွဲ ဖွင့်လှစ်သွားမည့် MasterCard ကုမ္ပဏီ

Read 1059 times

Mastercard မှ  မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၌ သီးခြားရုံးခွဲအား ဖွင့်လှစ်ရန် စတင်လုပ်ဆောင်လျှက်ရှိပြီး  မြန်မာနိုင်ငံအတွက် Country Business Development Manager တစ်ဦး ခန့်အပ်သွားမည်ဖြစ်ကြောင်း သြဂုတ်လ (၂၅) ရက်နေ့တွင် ကြေညာခဲ့သည်။

Mastercard သည် မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်အသွင်ကူးပြောင်းမှုအား အရှိန်မြင့်တင်ဆောင်ရွက်ရန် ရည်ရွယ်ပြီး စျေးကွက်အပေါ်လည်း ယုံကြည်မှု မြင့်မားလျက်ရှိသည်။ 

နိုင်ငံ၏ လေးပုံတစ်ပုံအောက်သာ ဘဏ်အကောင့်များ အသုံးပြုလျက် ရှိသော်လည်း လူဦးရေ၏ ၈၀ ရာခိုင်နှုန်းမှာ စမတ်ဖုန်းများ အသုံးပြုနေကြပြီး ဖုန်းမှတစ်ဆင့် ဒီဂျစ်တယ်စနစ်ဖြင့် ငွေပေးချေခြင်း၊ ငွေလွှဲခြင်းများကို အများအပြား ပြုလုပ်လျက် ရှိသည်။

ထို့ပြင် မြန်မာနိုင်ငံ အစိုးရအနေဖြင့်လည်း  သုံးစွဲသူများ၊ စီးပွားရေးလုပ်ငန်းများနှင့် အစိုးရဌာနများအကြား ငွေပေးချေမှုနှင့် သက်ဆိုင်သည့် ဝန်ဆောင်မှုများ ပေါ်ပေါက်လာစေရန်အတွက် စွန့်ဦးတီထွင်သူများ၊ စီးပွားရေးလုပ်ငန်းများအား အခွင့်အလမ်းများပေးကာ ပံ့ပိုးကူညီလျက် ရှိသည်။

Mastercard သည် မြန်မာနိုင်ငံ၏ အစိုးရဌာနများ ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် အသုံးပြုသူများအတွက် ဒီဂျစ်တယ်ငွေပေးချေမှု ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေသည်မှာ ဆယ်စုနှစ်နီးပါးရှိပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင် (၈) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် နိုင်ငံအတွင်းရှိ Mastercard အသုံးပြုသူများအား ၂၀၂၁ အထိ ခံစားနိုင်သည့် အထူးအစီအစဉ်များကို ပေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

Bookmark