by WMMH (mizzy)
ပွင့်လင်းမြင်သာတဲ့ ခေတ်မှာ အလှအပရေးရာနဲ့ ပတ်သက်ပြီး ခေတ်လူငယ် တော်တော်များများ စိတ်ဝင်စားလာကြပါတယ်။ ဒါ့အပြင် အလှအပဆိုင်ရာ ဆေးရုံ ဆေးခန်းတွေကလည်း အလျှိုလျှို ဖွင့်လှစ်လာကြတာကို တွေ့ရပါတယ်။
အရေပြားကျန်းမာရေးဆိုတာ အလှအပအတွက်တင် မကဘဲ လူတန်းစားမရွေး ဂရုစိုက်သင့်တဲ့ အရာတစ်ခုပါ။ ကိုယ့်ရဲ့ အရေပြားကို နေလောင်ဒဏ်က ကာကွယ်နိုင်အောင်၊ ခရမ်းလွန်ရောင်ခြည် တိုက်စားခြင်းကနေ လျော့ပါးသက်သာစေအောင် လူတိုင်း ဂရုတစိုုက် ဆင်ခြင်သင့်ပါတယ်။ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့တဲ့အခါ တင်းတိပ်၊ ဝက်ခြံ၊ နေလောင်ဒဏ်တွေ ဖြစ်ပွားစေနိုင်တဲ့အပြင် ထိတွေ့မှု အဆမတန် များပြားလာတဲ့အခါ အရေပြားကင်ဆာအထိ ဖြစ်ပွားစေနိုင်ပါတယ်နော်။
ဒါဆိုရင် ကိုယ်က အရေပြားကျန်းမာရေးနဲ့ ပတ်သက်ပြီး သတိမမူမိလို့ဖြစ်စေ၊ ဂရုမစိုက်မိလို့ဖြစ်စေ မျက်နှာနဲ့ ခန္တာကိုယ်မှာ အရေပြားပြဿနာတွေ ဖြစ်လာပြီဆို ဘယ်လိုကုသသင့်လဲ? ဒီလိုပြသနာတွေ ဖြစ်လာပြီဆိုရင် ဆေးမြှီးတိုတွေနဲ့ ကုသတာထက် တတ်ကျွမ်းနားလည်တဲ့ ဆေးရုံ၊ ဆေးခန်းတွေမှာ ကုသမှု ခံယူတာ အကောင်းဆုံးပါပဲ။
ကုသမှု ခံယူချင်ပေမယ့် အရည်အသွေးပြည့်ဝပြီး စိတ်ချယုံကြည်ရတဲ့ အလှအပဆိုင်ရာ ဆေးခန်းတွေကို ဘယ်လိုရွေးချယ်ရမှန်းမသိ ဖြစ်နေတဲ့ လူငယ်လူရွယ်တွေအတွက် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်နဲ့ သင်္ဃန်းကျွန်းမြို့နယ်မှာရှိတဲ့ Laser Care Clinic (Health & Aesthetic Centre) အကြောင်းကို ပြောပြပေးချင်ပါတယ်။
ဒီဆေးခန်းလေးက ၂၀၁၅ခုနှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့တာ ဖြစ်ပြီးတော့ အဓိကအားဖြင့် လေဆာကုထုံးတွေနဲ့ အရေပြားဆိုင်ရာ ပြဿနာတွေကို အကောင်းဆုံး ဖြေရှင်းပေးနေတဲ့ ဆေးခန်းတစ်ခု ဖြစ်ပါတယ်။
ဒီဆေးခန်းမှာ ရရှိနိုင်တဲ့ Laser နဲ့ ပတ်သက်တဲ့ Treatment တွေကတော့ …
စတဲ့ မျက်နှာအရေပြားနဲ့ ကိုယ်ခန္ဓာ အလှအပဆိုင်ရာ ကုထုံးတွေအပြင်
Non Laser Treatment တွေအနေနဲ့ …
စတဲ့ စုံလင်လှတဲ့ Treatment တွေကို တစ်နေရာထဲမှာ ရရှိနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် Hair Treatment တွေအနေနဲ့ Healthy Scalp Therapy, Meso Regrowth Therapy နဲ့ PRP Hair Regrowth Therapy စသဖြင့် ဦးရေပြားဆိုင်ရာ ကုထုံးများကိုလည်း စုံစုံလင်လင် ရရှိနိုင်ပါတယ်နော်။
ကုသမှုအကြီးကြီးတွေကို မလုပ်ချင်သေးတဲ့ လူငယ်တွေ အကြိုက်များဆုံး ကုထုံးတစ်ခုကတော့ Peeling Treatment ပါ။ ဒီ Treatment မှာတော့ လူငယ်တွေ တော်တော်များများမှာ ဖြစ်လေ့ရှိတဲ့ နေလောင်တာတွေ၊ အသားအရေမွဲခြောက် ကြမ်းတမ်းတာတွေ၊ မျက်နှာနီမြန်းတာတွေနဲ့ တင်းတိပ်၊ ဝက်ခြံ၊ အမာရွတ်၊ အမဲစက် စတာတွေကို ၁ကြိမ် ကုသမှုခံယူရုံနဲ့ သိသိသာသာ သက်သာပျောက်ကင်းစေတဲ့ အာနိသင်တွေ ပါဝင်ပါတယ်။
ဈေးနှုန်းကလည်း လူတန်းစားမရွေး အလှအပ စိတ်ဝင်စားသူတိုင်း ပြုလုပ်နိုင်မယ့် ဈေးနှုန်းတွေ ဖြစ်တာမို့ လူကြိုက်အများဆုံး Treatment ပါပဲ။
ဒါ့အပြင် ဒီရက်ပိုင်းအတွင်းမှာ ကုသမှု လာရောက်ခံယူသူတိုင်းအတွက် Treatment အမျိုးအစားအပေါ်လိုက်ပြီး Discount များလည်း ရှိတယ်လို့ သိရပါတယ်။
Laser Care Clinic မှာ ကုသမှု ခံယူဖို့ ဆက်သွယ်စုံစမ်းလိုရင်တော့ လိပ်စာတွေက ...
Address (1) : No.25, Room 102, Yuzana Business Tower, Dhamazedi Rd, San Chaung Tsp, Myay Ni Gone, Yangon.
Phone : 09 302 008 88, 09 302 007 77
Address (2) : 35(A), Waizayantar Garden, Waizayantar Road, Thingangyun Township, Yangon
Phone : 09 449 901 177, 09 449 901 188