Food & Drinks

အိမ်မှာနေရင်း KFC စတိုင်ကြက်ကြော်တွေကိုယ်တိုင်ကြော်လို့ ရမည့်နည်း

Read 2662 times

ခုလိုအခြေအနေမျိူးမှာအိမ်တွင်းအောင်းရင်းကြက်ကြော်စားပြီး ကိုရိုနာရန်ကိုကာကွယ်လို့ရအောင် My Yangon ကနေပြီးတော့ အိမ်မှာအေးဆေးလုပ်စားလို့ရမယ့်ကြက်ကြော်နည်းလေးကိုဖော်ပြပေးလိုက်ပါတယ်။

(၁)။ ကြက်ဥအကာ ၉လုံး ထည့်ပီး အမြှုပ်ထအောင် မွှေပါ။
(၂)။ အကြော်မှုန့် ၂၀၀ ဂရမ် ထမင်းစားဇွန်း ၇ဇွန်း
ဆား ၂ဇွန်း ၊ သကြား ၂ဇွန်း ၊ ကြက်သားမှုန့် ၁ ဇွန်း ငရုတ်ကောင်း ၁ဇွန်းခွဲ ပုဂံလုံး ၁လုံးထဲ ထည့်၍ အသင့်ပြင်ထားပါ။
(၃)။ အသင့်ပြင်ထားသော အကြော်မှုန့် ၇ဇွန်း အား ရောမွှေပါ။
(၄)။ မုန့်နှစ် ရအောင် ကြာကြာမွှေပါ
(၅)။ ကြက် ၃ကောင်ခွဲ (တစ်ကောင် ကို ၈စိပ် ခြမ်းပါ။)
(၆)။ စိပ်ထားသော ကြက်သားတုံးတွေကို မုန့်နှစ်ထဲ ထည့်ပီး မွှေပါ။
(၇)။ Bread Crumbs ပေါင်မုန့်ခြောက် ၁ထုပ် လိုပါမယ်။
(၈)။ မုန့်နှစ်ထဲ စိမ်ထားသော ကြက်သားတုံးတွေကို ပေါင်မုန့်ခြောက် များများ ကပ်ပေးပါ။
(၉)။ မုန့်ကြွပ်ကပ်ထားသော ကြက်သားတုံးတွေကို ရေခဲသေတ္တာထဲမှာ မိနစ် ၃၀ ခန့်ထားပေးပါ။
(၁၀)။ ဆီကို အပူပေးပီး ကြော်ပေးရပါမည်။ (မီးအရှိန် မပြင်းရပါ)
အားလုံးပြီးရင်တော့အေးဆေးစားသုံးနိင်ပါပြီ။

Bookmark