
KBZ MS က အာမခံပမာဏ၏ အခမဲ့ ထပ်ဆောင်း ၅၀ ရာခိုင်နှုန်း COVID-19 အကာအကွယ် ရယူနိုင်မည့် ကာလကို ထပ်မံတိုးမြှင့်လိုက်ပြီး မြန်မာနိုင်ငံသားများ၏ ကျန်းမာရေးကို အထောက်အပံ့ပေးရန် တုပ်ကွေးကာကွယ်ဆေး ထိုးနှံပေးခြင်း အစီအစဉ်ကို မိတ်ဆက်လိုက်ပြီ ဖြစ်သည်။
မြန်မာ့အာမခံနယ်ပယ်တွင် ဦးဆောင်နေသူဖြစ်သော အထွေထွေအာမခံကုမ္ပဏီ KBZ MS က လက်ရှိ ကျန်းမာရေးအာမခံထားရှိသူများနှင့် အသစ်ဝယ်ယူမည့်သူများအတွက် အခမဲ့အပို ၅၀ ရာခိုင်နှုန်း COVID-19 အကာအကွယ်ကို ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့အထိ ထပ်မံတိုးမြှင့်ပေးအပ် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
KBZ MS သည် COVID-19 ကြောင့် ပြင်ပလူနာအဖြစ် ကုသခံရခြင်း၊ ဆေးရုံတက်ရခြင်း နှင့် သေဆုံးခြင်း ဖြစ်စဉ်များ အတွက် အာမခံရရှိငွေ၏ ၅၀ ရာခိုင်နှုန်းအား အပိုထပ်ဆောင်းပေးအပ်ခြင်းကို မြန်မာနိုင်ငံတွင် ပထမဆုံး အကောင်အထည်ဖော်လုပ်ဆောင်ခဲ့သည့် အာမခံလုပ်ငန်းဖြစ်သည်။ အဆိုပါအစီအစဉ်ကို ၂၀၂၀ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် စတင်ခဲ့ပြီး ဇွန်လ ၁၃ ရက်နေ့အထိ ပေးအပ်သွားရန် သတ်မှတ်ထားခဲ့သော် လည်း လက်ရှိမြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဆက်လက်ပြန့်ပွားနေဆဲဖြစ်သောကြောင့် COVID-19 အကာအကွယ်အခမဲ့ပေးအပ်ခြင်းကာလကို စက်တင်ဘာလ ၁၃ ရက်နေ့အထိ ၃ လတာ ထပ်မံ တိုးမြှင့်လိုက်ခြင်း ဖြစ်သည်။
COVID-19 သည် မြန်မာနိုင်ငံသားများအတွက် တည်ရှိနေဆဲ အန္တရာယ်တစ်ခု ဖြစ်နေသေး သောကြောင့် KBZ MS က ၎င်း၏ အာရောဂျံ အာမခံပေါ်လစီ ဝယ်ယူထားသူများအတွက် ကျန်းမာရေး စောင့်ရှောက်မှုများ ပံ့ပိုးပေးခြင်းကို ဆက်လက်လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။ KBZ MS ၏ အာရောဂျံ ဝန်ဆောင်မှုရယူထားသူများနှင့် စတင်ဝယ်ယူသည့်သူများတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြင်ပလူနာအဖြစ် ကုသခံရခြင်း၊ ဆေးရုံတက်ရခြင်း နှင့် သေဆုံးခြင်းဖြစ်ရပ်များ ဖြစ်ပွားခဲ့ပါက အာမခံပမာဏ၏ အခမဲ့ ထပ်ဆောင်း ၅၀ ရာခိုင်နှုန်းကိုအကျိုးခံစားခွင့်ရှိမည် ဖြစ်သည်။
KBZ MS ၏ အမှုဆောင် အရာရှိချုပ်ဖြစ်သူ Mr Anil Mancham က "စိတ်ဝင်စားတဲ့ ကုမ္ပဏီ တွေနဲ့ ဝန်ဆောင်မှု ဝယ်ယူသူတွေအတွက် ဘယ်လို ကျန်းမာရေးအာမခံပေါ်လစီက သူတို့နဲ့ အသင့်တော်ဆုံးဖြစ်မလဲဆိုတာကို ပြီးပြည့်စုံတဲ့ အခမဲ့ Life Planning လေ့လာဆန်းစစ်မှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ဆွေးနွေးအကြံပြုပေးမယ့် ကျွမ်းကျင်သူ Life Planners™ တွေလည်း အသင့်ရှိနေပါတယ်။" ဟု ပြောကြားခဲ့သည်။
KBZ MS က ၎င်း၏ ဝန်ထမ်းများနှင့် ဝန်ဆောင်မှုရယူထားသည့် ကော်ပိုရိတ်လုပ်ငန်းများအနေဖြင့်လာမည့် တုပ်ကွေးရာသီကို ကျန်းမာရေးကောင်းမွန်စွာဖြင့် ကျော်ဖြတ်နိုင်စေရန်အတွက် တုပ်ကွေးကာကွယ်ဆေး ထိုးနှံပေးခြင်းများ ပြုလုပ်ပေးသွားမည်ဖြစ်သည်။ တုပ်ကွေးကာကွယ်ဆေး၏ ကျန်းမာရေး အကျိုးကျေးဇူးများ ကို လူသိများ လာစေရန် မြှင့်တင်ပေးမည့် ရည်ရွယ်ချက်ဖြင့် KBZ MS က မြန်မာနိုင်ငံရှိ စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းရှင်များကို ဦးတည်ချက်ထားကာ တုပ်ကွေးကာကွယ်ဆေးထိုးခြင်း အစီအစဉ်ကို အကောင်အထည် ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။ ရှေ့တန်းမှလုပ်ကိုင်နေသော ဝန်ထမ်းများနှင့် ဇွန်လမှစတင်ကာ စုပေါင်းအာမခံ ရယူထားသော ကော်ပိုရိတ် လုပ်ငန်းများအတွက် တုပ်ကွေးကာကွယ်ဆေး အလုံးရေ ၃၀၀ ကို ပံ့ပိုးပေးသွားမည် ဖြစ်သည်။ ရှေ့ပြေးစီမံကိန်းကို ရန်ကုန်မြို့တွင် စတင်ဆောင်ရွက်လျက်ရှိပြီး ရလဒ်များအပေါ်မူတည်၍ ၂၀၂၀ မကုန်ခင်တွင် မြန်မာနိုင်ငံ၏ အခြားဒေသများသို့ တိုးချဲ့ဆောင်ရွက်သွားမည်လည်း ဖြစ်သည်။
“ရာသီပေါ်တုပ်ကွေး နဲ့ ကျန်းမာရေးအကျိုးဆက်တွေကို မကြာခဏ လျစ်လျူရှုမိတတ်ကြပါတယ်။ တာဝန်သိ အလုပ်ရှင်တစ်ဦး ၊ အာမခံနယ်ပယ်မှာ ဦးဆောင်နေသူတစ်ဦးအနေနဲ့ ကျွန်တော်တို့ ဝန်ထမ်းတွေ ကျန်းမာပြီး အန္တရာယ်ကင်းစေချင်သလို ဝန်ဆောင်မှု ဝယ်ယူထားတဲ့ လုပ်ငန်းတွေကိုလည်း သူတို့ရဲ့ဝန်ထမ်းတွေကို စောင့်ရှောက်စေချင်ပါတယ်။ COVID-19 ကပ်ရောဂါရဲ့ အကျိုးဆက်တွေကို လက်ခံပြီး လိုက်လျောညီထွေ ဖြစ်အောင် ကြိုးစားနေချိန်မှာပဲ ဒီနှစ်ရဲ့ တုပ်ကွေးရာသီက တဖြည်းဖြည်းနီးလာနေပါပြီ။
ဒါကြောင့်လည်း ကျွန်တော်တို့အနေနဲ့ ကိုရိုနာဗိုင်းရပ်စ် အကာအကွယ်ကာလကို ထပ်မံတိုးမြှင့်လိုက်ရုံသာမကဘဲ ရာသီ တုပ်ကွေးကာကွယ်ရေးအတွက် အထိရောက်ဆုံးနည်းလမ်းဖြစ်တဲ့ တုပ်ကွေးကာကွယ်ဆေးထိုးခြင်းဖြင့် ဦးဆောင် ကူညီပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် KBZ MS ရဲ့ ကျန်းမာရေး အာမခံပေါ်လစီတွေ ဝယ်ယူထားတဲ့ ပြည်သူတွေစိတ်ထဲမှာ လုံခြုံမှုတစ်ခု ခံစားရစေဖို့ မျှော်လင့်ပါတယ်။ " ဟု Mr. Anil Mancham က ထပ်မံပြောကြားသည်။
တုပ်ကွေးရောဂါသည် တစ်ဦးတစ်ယောက်ချင်းစီတိုင်းနှင့် စီးပွားရေးလုပ်ငန်းများကို ပြင်းထန်စွာ အကျိုး သက်ရောက်စေနိုင်သည်။ အထူးသဖြင့် ထိခိုက်လွယ်သည့် ဂေဟစနစ်နှင့် အသေးစားလုပ်ငန်းများတွင် ဝန်ထမ်း တစ်ဦး၏ ပျက်ကွက်မှုက လုပ်ငန်းလည်ပတ်မှုကို ထိခိုက်စေကာ ကုန်ထုတ်လုပ်မှု၊ အလုပ်ပြီးမြောက်မှုပမာဏ ကိုလည်း လျော့ကျစေသည်။
သို့သော် ဝန်ထမ်းများအတွက် ကျန်းမာရေးစောင့်ရှောက်မှုမှာ မြန်မာနိုင်ငံတွင် အသုံးနည်းပါးနေဆဲ ဖြစ်သည်။ KBZ MS က အဆိုပါအချက်ကို စိန်ခေါ်နိုင်ပြီး ဝန်ထမ်းအခွင့်အရေးများတွင် အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ထည့်သွင်းလာခြင်းကို သတ်မှတ်ချက်အသစ်တစ်ခုအဖြစ် ဆောင်ရွက်ပေး နိုင်မည်ဟု မျှော်လင့်ထားသည်။
==============================
တုပ္ေကြးကာကြယ္ေဆး ထိုးႏွံေပးျခင္း အစီအစဥ္ကို KBZ MS က စတင္ လုပ္ေဆာင္
KBZ MS က အာမခံပမာဏ၏ အခမဲ့ ထပ္ေဆာင္း ၅၀ ရာခိုင္ႏႈန္း COVID-19 အကာအကြယ္ ရယူႏိုင္မည့္ ကာလကို ထပ္မံတိုးျမႇင့္လိုက္ၿပီး ျမန္မာႏိုင္ငံသားမ်ား၏ က်န္းမာေရးကို အေထာက္အပံ့ေပးရန္ တုပ္ေကြးကာကြယ္ေဆး ထိုးႏွံေပးျခင္း အစီအစဥ္ကို မိတ္ဆက္လိုက္ၿပီ ျဖစ္သည္။
ျမန္မာ့အာမခံနယ္ပယ္တြင္ ဦးေဆာင္ေနသူျဖစ္ေသာ အေထြေထြအာမခံကုမၸဏီ KBZ MS က လက္ရွိ က်န္းမာေရးအာမခံထားရွိသူမ်ားႏွင့္ အသစ္ဝယ္ယူမည့္သူမ်ားအတြက္ အခမဲ့အပို ၅၀ ရာခိုင္ႏႈန္း COVID-19 အကာအကြယ္ကို ၂၀၂၀ ခုႏွစ္ စက္တင္ဘာလ ၁၃ ရက္ေန႔အထိ ထပ္မံတိုးျမႇင့္ေပးအပ္ သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ေၾကညာခဲ့သည္။
KBZ MS သည္ COVID-19 ေၾကာင့္ ျပင္ပလူနာအျဖစ္ ကုသခံရျခင္း၊ ေဆး႐ုံတက္ရျခင္း ႏွင့္ ေသဆုံးျခင္း ျဖစ္စဥ္မ်ား အတြက္ အာမခံရရွိေငြ၏ ၅၀ ရာခိုင္ႏႈန္းအား အပိုထပ္ေဆာင္းေပးအပ္ျခင္းကို ျမန္မာႏိုင္ငံတြင္ ပထမဆုံး အေကာင္အထည္ေဖာ္လုပ္ေဆာင္ခဲ့သည့္ အာမခံလုပ္ငန္းျဖစ္သည္။ အဆိုပါအစီအစဥ္ကို ၂၀၂၀ ခုႏွစ္ မတ္လ ၁၃ ရက္ေန႔တြင္ စတင္ခဲ့ၿပီး ဇြန္လ ၁၃ ရက္ေန႔အထိ ေပးအပ္သြားရန္ သတ္မွတ္ထားခဲ့ေသာ္ လည္း လက္ရွိျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါ ဆက္လက္ျပန႔္ပြားေနဆဲျဖစ္ေသာေၾကာင့္ COVID-19 အကာအကြယ္အခမဲ့ေပးအပ္ျခင္းကာလကို စက္တင္ဘာလ ၁၃ ရက္ေန႔အထိ ၃ လတာ ထပ္မံ တိုးျမႇင့္လိုက္ျခင္း ျဖစ္သည္။
COVID-19 သည္ ျမန္မာႏိုင္ငံသားမ်ားအတြက္ တည္ရွိေနဆဲ အႏၲရာယ္တစ္ခု ျဖစ္ေနေသး ေသာေၾကာင့္ KBZ MS က ၎၏ အာေရာဂ်ံ အာမခံေပၚလစီ ဝယ္ယူထားသူမ်ားအတြက္ က်န္းမာေရး ေစာင့္ေရွာက္မႈမ်ား ပံ့ပိုးေပးျခင္းကို ဆက္လက္လုပ္ေဆာင္ရန္ ဆုံးျဖတ္ခဲ့သည္။ KBZ MS ၏ အာေရာဂ်ံ ဝန္ေဆာင္မႈရယူထားသူမ်ားႏွင့္ စတင္ဝယ္ယူသည့္သူမ်ားတြင္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ျပင္ပလူနာအျဖစ္ ကုသခံရျခင္း၊ ေဆး႐ုံတက္ရျခင္း ႏွင့္ ေသဆုံးျခင္းျဖစ္ရပ္မ်ား ျဖစ္ပြားခဲ့ပါက အာမခံပမာဏ၏ အခမဲ့ ထပ္ေဆာင္း ၅၀ ရာခိုင္ႏႈန္းကိုအက်ိဳးခံစားခြင့္ရွိမည္ ျဖစ္သည္။
KBZ MS ၏ အမႈေဆာင္ အရာရွိခ်ဳပ္ျဖစ္သူ Mr Anil Mancham က "စိတ္ဝင္စားတဲ့ ကုမၸဏီ ေတြနဲ႔ ဝန္ေဆာင္မႈ ဝယ္ယူသူေတြအတြက္ ဘယ္လို က်န္းမာေရးအာမခံေပၚလစီက သူတို႔နဲ႔ အသင့္ေတာ္ဆုံးျဖစ္မလဲဆိုတာကို ၿပီးျပည့္စုံတဲ့ အခမဲ့ Life Planning ေလ့လာဆန္းစစ္မႈရဲ႕ တစ္စိတ္တစ္ပိုင္းအျဖစ္ ေဆြးေႏြးအႀကံျပဳေပးမယ့္ ကြၽမ္းက်င္သူ Life Planners™ ေတြလည္း အသင့္ရွိေနပါတယ္။" ဟု ေျပာၾကားခဲ့သည္။
KBZ MS က ၎၏ ဝန္ထမ္းမ်ားႏွင့္ ဝန္ေဆာင္မႈရယူထားသည့္ ေကာ္ပိုရိတ္လုပ္ငန္းမ်ားအေနျဖင့္လာမည့္ တုပ္ေကြးရာသီကို က်န္းမာေရးေကာင္းမြန္စြာျဖင့္ ေက်ာ္ျဖတ္ႏိုင္ေစရန္အတြက္ တုပ္ေကြးကာကြယ္ေဆး ထိုးႏွံေပးျခင္းမ်ား ျပဳလုပ္ေပးသြားမည္ျဖစ္သည္။ တုပ္ေကြးကာကြယ္ေဆး၏ က်န္းမာေရး အက်ိဳးေက်းဇူးမ်ား ကို လူသိမ်ား လာေစရန္ ျမႇင့္တင္ေပးမည့္ ရည္႐ြယ္ခ်က္ျဖင့္ KBZ MS က ျမန္မာႏိုင္ငံရွိ စြန႔္ဦးတီထြင္ စီးပြားေရး လုပ္ငန္းရွင္မ်ားကို ဦးတည္ခ်က္ထားကာ တုပ္ေကြးကာကြယ္ေဆးထိုးျခင္း အစီအစဥ္ကို အေကာင္အထည္ ေဖာ္ေဆာင္ခဲ့ျခင္းျဖစ္သည္။ ေရွ႕တန္းမွလုပ္ကိုင္ေနေသာ ဝန္ထမ္းမ်ားႏွင့္ ဇြန္လမွစတင္ကာ စုေပါင္းအာမခံ ရယူထားေသာ ေကာ္ပိုရိတ္ လုပ္ငန္းမ်ားအတြက္ တုပ္ေကြးကာကြယ္ေဆး အလုံးေရ ၃၀၀ ကို ပံ့ပိုးေပးသြားမည္ ျဖစ္သည္။ ေရွ႕ေျပးစီမံကိန္းကို ရန္ကုန္ၿမိဳ႕တြင္ စတင္ေဆာင္႐ြက္လ်က္ရွိၿပီး ရလဒ္မ်ားအေပၚမူတည္၍ ၂၀၂၀ မကုန္ခင္တြင္ ျမန္မာႏိုင္ငံ၏ အျခားေဒသမ်ားသို႔ တိုးခ်ဲ႕ေဆာင္႐ြက္သြားမည္လည္း ျဖစ္သည္။
“ရာသီေပၚတုပ္ေကြး နဲ႔ က်န္းမာေရးအက်ိဳးဆက္ေတြကို မၾကာခဏ လ်စ္လ်ဴရႈမိတတ္ၾကပါတယ္။ တာဝန္သိ အလုပ္ရွင္တစ္ဦး ၊ အာမခံနယ္ပယ္မွာ ဦးေဆာင္ေနသူတစ္ဦးအေနနဲ႔ ကြၽန္ေတာ္တို႔ ဝန္ထမ္းေတြ က်န္းမာၿပီး အႏၲရာယ္ကင္းေစခ်င္သလို ဝန္ေဆာင္မႈ ဝယ္ယူထားတဲ့ လုပ္ငန္းေတြကိုလည္း သူတို႔ရဲ႕ဝန္ထမ္းေတြကို ေစာင့္ေရွာက္ေစခ်င္ပါတယ္။ COVID-19 ကပ္ေရာဂါရဲ႕ အက်ိဳးဆက္ေတြကို လက္ခံၿပီး လိုက္ေလ်ာညီေထြ ျဖစ္ေအာင္ ႀကိဳးစားေနခ်ိန္မွာပဲ ဒီႏွစ္ရဲ႕ တုပ္ေကြးရာသီက တျဖည္းျဖည္းနီးလာေနပါၿပီ။
ဒါေၾကာင့္လည္း ကြၽန္ေတာ္တို႔အေနနဲ႔ ကို႐ိုနာဗိုင္းရပ္စ္ အကာအကြယ္ကာလကို ထပ္မံတိုးျမႇင့္လိုက္႐ုံသာမကဘဲ ရာသီ တုပ္ေကြးကာကြယ္ေရးအတြက္ အထိေရာက္ဆုံးနည္းလမ္းျဖစ္တဲ့ တုပ္ေကြးကာကြယ္ေဆးထိုးျခင္းျဖင့္ ဦးေဆာင္ ကူညီေပးဖို႔ ဆုံးျဖတ္ခဲ့တာပါ။ ကြၽန္ေတာ္တို႔ရဲ႕ ႀကိဳးစားအားထုတ္မႈေတြေၾကာင့္ KBZ MS ရဲ႕ က်န္းမာေရး အာမခံေပၚလစီေတြ ဝယ္ယူထားတဲ့ ျပည္သူေတြစိတ္ထဲမွာ လုံၿခဳံမႈတစ္ခု ခံစားရေစဖို႔ ေမွ်ာ္လင့္ပါတယ္။ " ဟု Mr. Anil Mancham က ထပ္မံေျပာၾကားသည္။
တုပ္ေကြးေရာဂါသည္ တစ္ဦးတစ္ေယာက္ခ်င္းစီတိုင္းႏွင့္ စီးပြားေရးလုပ္ငန္းမ်ားကို ျပင္းထန္စြာ အက်ိဳး သက္ေရာက္ေစႏိုင္သည္။ အထူးသျဖင့္ ထိခိုက္လြယ္သည့္ ေဂဟစနစ္ႏွင့္ အေသးစားလုပ္ငန္းမ်ားတြင္ ဝန္ထမ္း တစ္ဦး၏ ပ်က္ကြက္မႈက လုပ္ငန္းလည္ပတ္မႈကို ထိခိုက္ေစကာ ကုန္ထုတ္လုပ္မႈ၊ အလုပ္ၿပီးေျမာက္မႈပမာဏ ကိုလည္း ေလ်ာ့က်ေစသည္။
သို႔ေသာ္ ဝန္ထမ္းမ်ားအတြက္ က်န္းမာေရးေစာင့္ေရွာက္မႈမွာ ျမန္မာႏိုင္ငံတြင္ အသုံးနည္းပါးေနဆဲ ျဖစ္သည္။ KBZ MS က အဆိုပါအခ်က္ကို စိန္ေခၚႏိုင္ၿပီး ဝန္ထမ္းအခြင့္အေရးမ်ားတြင္ အခမဲ့ က်န္းမာေရးေစာင့္ေရွာက္မႈမ်ား ထည့္သြင္းလာျခင္းကို သတ္မွတ္ခ်က္အသစ္တစ္ခုအျဖစ္ ေဆာင္႐ြက္ေပး ႏိုင္မည္ဟု ေမွ်ာ္လင့္ထားသည္။