Business

အာရှတစ်ဝန်း အကောင်းဆုံးအထွေထွေအာမခံဆုကို (၄) ကြိမ်မြောက် ရရှိခဲ့သည့် KBZ MS

Read 791 times

By Joey 

စင်ကာပူအခြေစိုက် Insurance Asia မှ ဇူလိုင်လ ၂၃ ရက်နေ့က ဦးဆောင်ကျင်းပပြုလုပ်ခဲ့သော Insurance Asia Award 2020 ဆုချီးမြှင့်ပွဲတွင် ​မြန်မာနိုင်ငံမှ KBZ MS အာမခံကုမ္ပဏီက Domestic General Insurer of the Year - Myanmar နှင့် Digital Insurance Initiative of the Year - Myanmar ဆုတို့ကို ရရှိခဲ့သည်။ 

အဆိုပါ ဆုများကို ချီးမြှင့်ရန်အတွက်  ငွေကြေးနှင့် အာမခံလုပ်ငန်းကြီးများ ဖြစ်သည့် KPMG| Pwc| Ernst နှင့် Milliman စသော ကုမ္ပဏီများမှ တာဝန်ရှိပုဂ္ဂိုလ်များမှ ပါဝင် အကဲဖြတ်ပေးခဲ့ကြသည်။ 

KBZMS အာမခံကုမ္ပဏီအနေဖြင့် ပြည်သူများ​၏ လိုအပ်ချက်ကို လျင်မြန်စွာ ဆောင်ရွက်နိုင်ခြင်း၊ နိုင်ငံ၏ စီးပွားရေးကို တတ်နိုင်သမျှ ပါဝင်ဆောင်ရွက်ခြင်း၊ အာမခံလုပ်ငန်း​ဝန်ဆောင်မှုများကို လွယ်ကူစွာ ဆောင်ရွက်နိုင်ရန် ထားရှိခြင်းအပြင် DIGITAL TRANSFORMATION ကို အောင်မြင်စွာ စနိုင်ခဲ့ခြင်းတို့ကြောင့် အဆိုပါဆုများကို ရရှိခဲ့ခြင်း ဖြစ်သည်။

ကမ္ဘောဇကုမ္ပဏီအုပ်စု၏ တစ်စိတ်တစ်ပိုင်းအဖြစ် KBZ အာမခံကုမ္ပဏီအား ရင်းနှီးမတည်ငွေ အမေရိကန်ဒေါ်လာ ၂၆.၄ သန်းဖြင့် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလတွင် စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံတွင် ပထမဦးဆုံး တရားဝင် လုပ်ငန်းလိုင်စင်ရရှိသည့် ပုဂ္ဂလိကပိုင် အာမခံကုမ္ပဏီတစ်ခု ဖြစ်သည်။  

ထို့နောက် ၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် IKBZ အာမခံသည် ဂျပန်အာမခံလုပ်ငန်းကြီးဖြစ်သည့် MSI နှင့်အတူ အကျိုးတူ လုပ်ငန်းပူးပေါင်းခဲ့ပြီး KBZ MS အထွေထွေအာမခံ ဟူသည့် နာမည်အသစ်ဖြင့် အာမခံလုပ်ငန်းကို ဆက်လက် လုပ်ဆောင်ခဲ့သည်။

ယခုအချိန်တွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ ပြည်၊ ပုသိမ်၊ စစ်တွေ၊ မကွေး၊ မိတ္ထီလာ၊ ပခုက္ကူ၊ မုံရွာ၊ ကလေး၊ မြစ်ကြီးနား၊ လားရှိုး၊ ပဲခူး၊ မော်လမြိုင်၊ မြိတ်၊ မြင်းခြံနှင့် တာချီလိတ် စသည့် ရုံးခွဲများအပါအဝင် ရုံးခွဲပေါင်း (၂၂) ခု နှင့်အတူ မြို့ပေါင်း (၁၉) မြို့တွင် တည်ရှိကာ ဝန်ဆောင်မှုပေးလျက်ရှိသည်။

Source : KBZ MS 

Bookmark