ကိုဗစ်ကာလအတွင်း လုပ်ကိုင်ခွင့်ပြုထားသည့် လုပ်ငန်းအမျိုးအစား (၂၇) မျိုးမှ ဝန်ထမ်းများ မြို့နယ် ဖြတ်ကျော်ရာတွင် အထောက်အထားအဖြစ် ပြနိုင်မည့် QR Pass ကို ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မှ စက်တင်ဘာလ ၂၅ ရက်နေ့က စတင်၍ အွန်လိုင်းမှတစ်ဆင့် ထုတ်ပေးလျက် ရှိသည်။
အဆိုပါ လုပ်ငန်းများမှာ...
၁။ ဘဏ်နှင့်ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းများ
၂။ စက်သုံးဆီအရောင်းဆိုင်များ
၃။ စားသောက်ကုန်နှင့် သား၊ငါး အအေးခန်းများ
၄။ ဆေးဝါးနှင့် ဆေးကိရိယာပစ္စည်း ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ
၅။ ရေသန့်ထုပ်လုပ် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ
၆။ နေ့စဥ်တစ်ကိုယ်ရေသုံးပစ္စည်း ထုတ်လုပ်သည့်စက်ရုံများ
၇။ လေကြောင်းလိုင်းများ
၈။ အထွေထွေလေကြောင်းပို့ဆောင်ရေးလုပ်ငန်းများ
၉။ မြေပြင်ဝန်ဆောင်မှုလုပ်ငန်းများ
၁၀။ လေယာဥ်ဆီဖြည့်တင်းရေးလုပ်ငန်း
၁၁။ လေကြောင်းဖြင့် ကုန်စည်တင်သွင်း / တင်ပို့ခြင်းလုပ်ငန်း
၁၂။ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းများ
၁၃။ အကောက်ခွန်ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သည့် ကုမ္ပဏီအေဂျင်စီများ
၁၄။ လေယာဥ်အစားအသောက် ထုတ်လုပ်တင်ပို့ခြင်းလုပ်ငန်း
၁၅။ လေယာဥ်ပြုပြင် ထိန်းသိမ်းမွန်းမံခြင်းလုပ်ငန်း
၁၆။ ပုဂ္ဂလိကဆိပ်ကမ်းများ
၁၇။ သင်္ဘောလိုင်းဌာန ကိုယ်စားလှယ်ရုံးများ
၁၈။ အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်း ကုမ္ပဏီများ
၁၉။ အကောက်ခွန် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သည့် ကုမ္ပဏီအေဂျင်စီများ
၂၀။ ကုန်သေတ္တာတင် မော်တော်ယာဥ်လုပ်ငန်းများ
၂၁။ ဆိပ်ကမ်း ပို့ကုန်/သွင်းကုန် သယ်ဆောင်သည့် ကုန်တင်မော်တော်ယာဥ်၊ ရေယာဥ်လုပ်ငန်းများ
၂၂။ ကုန်းတွင်းကုန်သေတ္တာစခန်းများနှင့်
၂၃။ ကုန်းတွင်း ဆိပ်ကမ်းများ
၂၄။စာတိုက် ဝန်ဆောင်မှုလုပ်ငန်းများ
၂၅။ ကြိုးဖုန်းနှင့် မိုဘိုင်းတယ်လီဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း
၂၆။ အင်တာနက်ဝန်ဆောင်မှုများ (ဆိုင်ဖွင့်လှစ်၍ တယ်လီဖုန်းရောင်းချခြင်း၊ ဒေတာရောင်းချခြင်းမပါ) နှင့်
၂၇။ တာဝါနှင့် ဖိုင်ဘာပြုပြင်ရေး ဝန်ဆောင်မှုလုပ်ငန်းများ ဖြစ်သည်။
ယင်းလုပ်ငန်းအမျိုးအစား အားလုံး၏ ဖုန်းနံပါတ်၊ လိပ်စာ စသည့် စီးပွားရေးအချက်အလက်များကို ဘာပဲလိုလို ရန်ကုန်လမ်းညွှန်၏ ဝက်ဆိုဒ်တွင် ဝင်ရောက် ရှာဖွေနိုင်ပြီး စီးပွားရေးလုပ်ငန်း အမျိုးအစား ခွဲခြားခြင်းဆိုင်ရာ နိုင်ငံတကာ စံပြုသင်္ကေတ (ISIC) အတိုင်း ခွဲခြားထားသည်။
အဆိုပါ ISIC Code များကို အောက်ပါအတိုင်း လုပ်ငန်းအမျိုးအစားများအလိုက် မြင်တွေ့နိုင်ပြီး ရန်ကုန်လမ်းညွှန်ဝက်ဆိုဒ်တွင် ဖော်ပြပါ မြန်မာဘာသာ (သို့) အင်္ဂလိပ်ဘာသာဖြင့် လွယ်ကူစွာ ရှာဖွေနိုင်မည် ဖြစ်သည်။
ဆေးဝါးနှင့် ဆေးကိရိယာပစ္စည်းထုတ်လုပ်ရေးနှင့် ဖြန်ဖြူးရောင်းချရေး လုပ်ငန်းများ
Q8610 - ဆေးရုံသုံးပစ္စည်းများ ( Hospital Equipment & Supplies )
G4772 - ဓာတ်ခွဲခန်းသုံးပစ္စည်းများ ( Laboratory Equipment & Supplies )
G4659 - ဆေးပစ္စည်းကိရိယာများ ( Medical Equipment )
G4772 - ဆေးဝါးပစ္စည်းများ ( Pharmaceutical Suppliers )
စားသောက်ကုန်နှင့် သား၊ ငါး၊ အအေးခန်းလုပ်ငန်းများ
C2599 - စည်သွတ်အစားအစာ လုပ်ငန်း ( Can Making & Canned Foods )
H5229 - အအေးချိန်ထိန်း ထောက်ပံ့ဖြည့်ဆည်းစီမံမှုလုပ်ငန်း ( Cold Chain Logistics )
H5210 - အအေးခန်းသိုလှောင်ရုံများ ( Cold Storages )
G4711 - လူသုံးကုန်ပစ္စည်းများ ( Consumer Products )
C1030 - အခြောက်ခံထားသော အသီးအရွက်နှင့် အစားအစာအမျိုးမျိုး ( Dehydrated Foods & Vegetables )
G4630 - ငါးနှင့်ပင်လယ်စာ လက္ကားရောင်းဝယ်သူများ ( Fish & Seafood Wholesalers )
C1020 - ငါးလုပ်ငန်း ( Fisheries )
G4630 - စားသောက်ကုန်များ ( Foodstuffs )
C1030 - အေးခဲအစားအစာအမျိုးမျိုး ( Frozen Food )
C1020 - ရေထွက်ပစ္စည်းများ ( Marine Products )
G4630 - ကြက်၊ ဘဲ၊ ငုံးလက္ကားရောင်းချသူများ ( Poultry Distributors & Wholesalers )
C1010 - အသားထုတ်လုပ်ခြင်း လုပ်ငန်း ( Slaughterhouses )
G4630 - ပွဲရုံများ (စားသောက်ကုန်) ( Warehouses [Foodstuff] )
နေ့စဉ်တစ်ကိုယ်ရေသုံးပစ္စည်း ထုတ်လုပ်သည့် စက်ရုံများ
C2023 - ဆပ်ပြာခရင် ၊အဆီ ( Soap Cream & Oil )
C2023 - ဆပ်ပြာစက်များ ( Soap Factories )
C2023 - ဆပ်ပြာ ( Soaps )
G4649 - သွားပွတ်တံ ( Toothbrushes )
G472 - သွားတိုက်ဆေး ( Toothpastes )
G4649 - အမျိုးသမီး လစဉ်သုံးပစ္စည်းများ ( Women Sanitary Wares )
ရေသန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းများ
C1104 - သောက်ရေသန့် (ထုတ်လုပ်၊ဖြန့်ချိ) ( Drinking Water [Manu/Dist] )
ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ
K6419 - ဘဏ်များ (ပုဂ္ဂလိက) ( Banks [Private] )
K6492 - အသေးစားငွေရေးကြေးရေး ဘဏ် ( Microfinance Banks )
K6492 - အသေးစားငွေချေး လုပ်ငန်းများ ( Small Loan Services )
Relief Flight များ၊ Cargo Flight များနှင့် အထူးစင်းလုံးငှား လေယာဥ်ခရီးစဥ်များအတွက် ဝန်ဆောင်မှုပေးရသည့် လုပ်ငန်းများ
H5229 - လေကြောင်းကုန်စည် ပို့ဆောင်ရေး ( Air Cargos )
H5110 - လေယာဉ် စီးလုံးငှား ( Air Charter Services )
H5110 - လေကြောင်းလိုင်းရုံးများ ( Air Lines )
H5222 - လေဆိပ်ထောက်ပံ့ရေး လုပ်ငန်းများ ( Airport Services )
H5229 - အကောက်ခွန်ရှင်းလင်းရေး ကိုယ်စားလှယ် ( Custom Clearing Agents )
အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှု လုပ်ငန်းများ ကုမ္ပဏီများ
H5229 - ထောက်ပံ့ရေးလုပ်ငန်းများ ( Logistics Services )
H5229 - ကုန်စည်ပို့ဆောင်ရေး ( Freight Forwarders )
ကြိုးဖုန်းနှင့် မိုဘိုင်းတယ်လီဖုန်း ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများ
S9512 - တယ်လီဖုန်းလိုင်းစနစ် တပ်ဆင်ခြင်းနှင့် ထိန်းသိမ်းခြင်း ( Telephone System Installation & Maintenance [S9512] )
F4321 - ဖိုင်ဘာအော့ပ်တစ်နှင့် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းများ ( Fibre Optic & Communication Services )
တာဝါနှင့် ဖိုင်ဘာပြုပြင်ခြင်းဝန်ဆောင်မှုလုပ်ငန်း
J611 - ဆက်သွယ်ရေးလုပ်ငန်းနှင့် ဆက်စပ်ပစ္စည်းများ ( Telecommunication Suppliers & Equipment )
အင်တာနက်ဝန်ဆောင်မှုများ
J6120 - အင်တာနက်ဝန်ဆောင်မှု လုပ်ငန်းများ ( Internet Service Providers )
စာပို့တိုက် ဝန်ဆောင်မှုများ
I5610 - အစားအစာအရောက်ပို့ ဝန်ဆောင်မှု ( Meal Delivery Services )
H5320 - ချောစာ၊ ချောထုပ်ပို့လုပ်ငန်းများ ( Courier Services & Delivery Services )
စက်သုံးဆီအရောင်းဆိုင်များ
G4799 - စက်သုံးဆီအရောင်းဆိုင်များ ( Filling Stations )
ပုဂ္ဂလိက ဆိပ်ကမ်းများ
H5223 - ဆိပ်ကမ်းများ ( Ports )
သင်္ဘောလိုင်းဌာန ကိုယ်စားလှယ်ရုံများ
H5229 - သင်္ဘောကုမ္ပဏီ ကိုယ်စားလှယ်များ ( Shipping Agents )
ဆိပ်ကမ်း ပို့ကုန်/သွင်း ကုန်သယ်ဆောင်သည့် ကုန်တင်မော်တော်ယဉ်၊ ရေယဉ် လုပ်ငန်းများ
H5229 - ကွန်တိန်နာလုပ်ငန်းများ ( Container Services )
ကုန်သေတ္တာတင် မော်တော်ယာဉ်လုပ်ငန်းများ
H491 - သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ ( Transportation Services )
အထက်ပါ လုပ်ငန်းအမျိုးအစားများကို ဘာပဲလိုလို ရန်ကုန်လမ်းညွှန် ဝက်ဆိုဒ်တွင် လုပ်ငန်းအမည် ရိုက်ထည့်၍သော်လည်းကောင်း၊ Business Categories Webpage တွင် လုပ်ငန်းအမည်၏ အစအက္ခရာကို ရွေး၍သော်လည်းကောင်း အောက်ပါလင့်ခ်များ နှိပ်၍ လွယ်ကူ လျှင်မြန်စွာ ဝင်ရောက် ရှာဖွေနိုင်ပါသည်။
> http://www.yangondirectory.com/
> http://www.yangondirectory.com/listing/
ရှာဖွေရာတွင် အခက်အခဲ တစ်စုံတစ်ရာ ရှိသည်ဖြစ်စေ၊ စီးပွားရေးလုပ်ငန်း အမျိုးအစား ခွဲခြားခြင်းဆိုင်ရာ နိုင်ငံတကာ စံပြုသင်္ကေတ (ISIC) နံပါတ်များနှင့် ပတ်သတ်၍ မေးမြန်းလိုသည်ဖြစ်စေ ဖုန်းနံပါတ် - 01 9000712 နှင့် 01 9000713 တို့ကို ရုံးချိန်အတွင်း ဆက်သွယ် စုံစမ်းနိုင်ပါသည်။