(၂၀၂၀) ခုနှစ်တွင် ဇန်နဝါရီလမှ ဇွန်လအတွင်း 5BB Broadband သည် မြန်မာနိုင်ငံတွင် အမြန်ဆုံး ISP (Internet Service Provider) အဖြစ် ကမ္ဘာလုံးဆိုင်ရာ အင်တာနက် စမ်းသပ် အကဲဖြတ်ရေး ဦးဆောင်အဖွဲ့အစည်းဖြစ်သော Ookla မှ ဆုချီးမြှင့်ခြင်း ခံခဲ့ရသည်။
5BB Broadband သည် Download Speed (59.97 Mbps) နှင့် Upload Speed (43.61 Mbps) အထိရရှိခဲ့ပြီး မြန်မာနိုင်ငံအတွင်းရှိ သုံးစွဲသူပေါင်း (၁,၅၃၉,၄၀၆) ယောက်အား Fixed ကွန်ရက်များအတွက် အမြန်နှုန်းစမ်းသပ်မှု အပ်ပလီကေးရှင်းအပေါ် အခြေခံ၍ Ookla က တိကျမှန်ကန်စွာ လေ့လာဆန်းစစ်ခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သောနှစ်များတွင် မြန်မာနိုင်ငံ၏ Fastest Mobile Network နှင့်ပတ်သက်သော ဆုချီးမြှင့်မှုမျိုးသာ ရှိခဲ့သော်လည်း ယခုနှစ်တွင် Fastest Fixed Network ဆုကို မြန်မာပြည်အတွက် ပထမဦးဆုံးပေးအပ်ရာ 5BB Broadband မှ Phone Operator များနှင့် အခြားသော Internet Service Provider များကို ကျော်ဖြတ်ပြီး ပထမဆုံး ရရှိခဲ့သည်။
၂၀၁၇ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သော 5BB Broadband ၏ အဓိကနည်းပညာများတွင် ဖိုင်ဘာနှင့် 4G / LTE ပါဝင်သည်။ 5BB သည် ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ပြည်နှင့် မော်လမြိုင်မြို့တို့၌ FTTH ( Fiber to the Home) ဖြင့် တစ်နိုင်ငံလုံးရှိ အိမ်ထောင်စုပေါင်း (၁.၂) သန်း၊ လူဦးရေ (၆) သန်း၊ 4G / LTE ကွန်ရက်ဖြင့် မော်လမြိုင်၊ ပဲခူး၊ ပြည်နှင့် ဘားအံနှင့် မကွေးတို့တွင် အိမ်ထောင်စု (၅) သန်း၊ လူဦးရေ (၂၅) သန်းတို့ကို ဝန်ဆောင်မှု ပေးလျက်ရှိသော ISP တစ်ခုဖြစ်သည်။
photo crd Thaibiz myanmar