Food & Drinks Yangon Trend

သနပ်ခါးလိမ်းလာရုံနဲ့ ဘီယာတစ်ခွက် (သို့) House ကော့တေးတစ်ခွက် Free ပေးနေတဲ့ Havana

Read 596 times

By-Jae

ရိုးရိုးတန်းတန်း ဘားသွားရတာ ပျင်းစရာကောင်းနေပြီလား??? ဒါဆိုရင်တော့ ဘော်ဒါတွေနဲ့ အမှတ်တရလည်း ဖြစ်မယ့် ပျော်စရာသတင်းကောင်းလေးတစ်ခုက Havana မှာ စောင့်ကြိုနေပါတယ်နော်။

အဲဒါကတော့ အပတ်စဉ် ကြာသပတေးနေ့တိုင်းဟာ Havana ရဲ့ သနပ်ခါးနေ့ ဖြစ်ပါတယ်။ ကြာသပတေးနေ့ ဘားကိုလာတဲ့ သူတိုင်း သနပ်ခါးလိမ်းလာရင် ဘီယာတစ်ခွက် (သို့) House Coatail တစ်ခွက် လက်ဆောင်ရရှိမှာ ဖြစ်ပြီး သနပ်ခါးလိမ်းမလာတဲ့သူတွေ သနပ်ခါးလိမ်းချင်ရင်လည်း လိမ်းပေးတဲ့ အစီအစဉ်လေးရှိပါတယ်နော်။

သနပ်ခါးလိမ်းထားတာလေးတွေနဲ့  ဓာတ်ပုံရိုက်ပြီး ဘော်ဒါတွေနဲ့အတူ ပျော်ရွှင်စရာ အမှတ်တရတွေနဲ့ Chilling လုပ်လို့ရအောင် ရမှာဆိုတော့ ပျော်စရာကြီးပေါ့။ 

Havana မှာ Mexican, Cuban အစားအစာတွေအပြင် Mexican taco, Nacho, Quesadillas တွေလည်း ရှိပါတယ်။ ဒါ့အပြင် ဘီယာ ၊ ကော့တေးမျိုးစုံလည်း မှာယူရရှိနိုင်ပါတယ်။

ဓာတ်ပုံရိုက်ဖို့အတွက်ဆိုရင်  အပြင်မှာရော အထဲမှာပါ မီးအဝါလှလှလေးတွေ ဆင်ပေးထားပါတယ်။ ဒါ့အပြင် မှန်တွေနဲ့ Mirror Selfie ကိုယ်လုံးပေါ်ရိုက်လို့လည်းရနေတော့ Photogenic ဖြစ်တဲ့သူတွေအတွက် ပိုအဆင်ပြေတယ်လေ။

အောက်ပါ လင့်ခ်မှ တစ်ဆင့် Havana ရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်လေးတွေကို ကြည့်ရှုလို့ရပါတယ်နော်။

>>https://bit.ly/3hGw48m 

Bookmark