Business

ရုံးသုံး Herman Miller ခုံတွေ ငှားရမ်းနိုင်မယ့် ပထမဦးဆုံး Rent-A-Chair Program

Read 493 times

လုပ်ငန်းရှင် တော်တော်များများ စိတ်ဝင်စားနေတဲ့ Rent-A-Chair Program ကို သိချင်ကြမယ် ထင်ပါတယ်။ လတ်တလောမှာ ရေပန်းစားနေတဲ့အတွက် ဒီ Program လေးအကြောင်းကို အသေးစိတ် သိထားဖို့တော့ လိုမယ်နော်။ 

MMRD Office Living ရဲ့ Rent-A-Chair Program ဆိုတာဘာလဲ

တကယ်တော့ Rent-A-Chair က Premium Subscription Program လေးပါ။ ကျွန်တော်တို့ MMRD Office Living က မြန်မာနိုင်ငံရဲ့ တစ်ဦးတည်းသော Herman Miller Brand Ambassador ဖြစ်ပါတယ်။ ဒီ Program က ဘယ်လိုမျိုးလဲဆိုတော့ ကျွန်တော်တို့ဆီက Herman Miller Office Chair တွေကို ငှားပြီး လူကြီးမင်းတို့ရဲ့ ရုံးမှာ ဇိမ်ကျကျနဲ့ အလုပ်တွေကို စိတ်ရောကိုယ်ပါ လုပ်ဆောင်နိုင်မယ့် အစီစဉ်လေးပါ။

Premium Subscription Program ဆိုတော့ ဘာကို Subscribe လုပ်ရမှာလဲ

ဒီမေးခွန်းလေးက လူမေးများတဲ့ မေးခွန်းလေးပေါ့နော်။ ဘာကို Subscribe လုပ်ရမှာလဲဆိုတော့ Herman Miller Office Chair တွေကို ငှားမယ့်သူတွေအနေနဲ့ ကျွန်တော်တို့ဆီမှာ Office Chair တွေကို စိတ်ကျေနပ်တဲ့ထိ စမ်းထိုင်ပြီးတာနဲ့ ကြိုက်တဲ့ Office Chair ကို ငှားရမ်းဖို့ Office Chair ပေါ်မူတည်ပြီး လစဉ်ကြေးပေးဆောင်ရမှာကို ဆိုလိုတာဖြစ်ပါတယ်။

 May be an image of table, office and text that says 'HermanMiller Rent- A Chair Premium Subscription Program Low Monthly Payments Starting at Ks. 99,000, our plan will get you month of superior comfort on Herman Miller's award winning ergonomic chair. That's only Ks. 3,300 per day! Sayl 99,000 ks PMonth Terms condition Terms&conditionapply apply'

လစဉ်ကြေးအနေနဲ့ကရော ဘယ်လိုရှိတာလဲ ပြီးတော့ Terms & Conditions တွေကရော ဘယ်လိုလဲ 

လစဉ်ကြေးက လူကြီးမင်း ရွေးချယ်တဲ့ Office Chair ပေါ်မူတည်ပြီး အပြောင်းအလဲရှိနိုင်ပါတယ်။ Program ရဲ့ အနိမ်းဆုံးဈေးနှုန်းကတော့ ၉၉,၀၀၀ ကျပ် ကနေစပါတယ်။ ဒါပေမယ့် Office Chair ငှားရမ်းမယ့် လူကြီးမင်းနဲ့ MMRD Office Living ရဲ့ နားလည်မှုအနေနဲ့ Office Chair တစ်လုံးကို အနည်းဆုံး (၃) သိန်း Contract လုပ်ပေးရပါမယ်။ 

ဆိုလိုတာက ထိုင်ခုံငှားမယ်ဆို တစ်ခုံကို အနည်းဆုံး (၃) သိန်းဖိုးလောက်တော့ ငှားရမယ်ပေါ့။ ဈေးနှုန်းကို မြင်ပြီး ဟာ ဈေးကြီးလိုက်တာလို့တော့ မထင်ပါနဲ့ ... ဈေးနှုန်းထက် ကိုယ်ပြန်ရမယ့် ခံစားမှုတွေ၊ Standard ရှိမှုတွေက ဘာနဲ့မှကို လဲလို့ရမှာ မဟုတ်ပါဘူး။ 

နောက်ပြီးတော့ အချိန်မရွေး လူကြီးမင်းရဲ့ Subscription ကို ရပ်နိုင်သလို၊ ညှိနှိုင်းနိုင်ပါတယ်။ Office Chair ကို ငှားရမ်းပြီး (၂) ရက်အတွင်း စိတ်တိုင်းမကျလို့ လဲချင်တာပဲဖြစ်ဖြစ်၊ စိတ်ပြောင်းပြီး ပြန်ပို့တာဖြစ်ဖြစ် လုပ်နိုင်ပါတယ်။ User ကြောင့်ဖြစ်တဲ့ အပျက်အစီးကိုတော့ User က တာဝန်ယူပေးရမှာပါ။

တစ်ခုရှိတာက Rent-A-Chair Program က Events/ Meeting/ Business Use တွေအတွက် မဟုတ်ပါဘူး။ လုပ်ငန်းခွင်မှာ စတိုင်ကျကျ အလုပ်လုပ်ချင်တဲ့ လူကြီးမင်းတွေကို ရည်ရွယ်ပါတယ်။ Rent-A-Chair Program ရဲ့ Herman Miller Office Chair အမျိုးအစားတွေက Embody: ၁၉၉,၀၀၀ ကျပ်၊ Aeron: ၁၅၉,၀၀၀ ကျပ်၊ Mirra: ၁၂၉,၀၀၀ ကျပ်နဲ့ Sayl: ၉၉,၀၀၀ ကျပ် အသီးသီးဖြစ်ပါတယ်။

 May be an image of ‎furniture and ‎text that says '‎HermanMiller Rent-A-Chair A Chair Premium Subscription Program C Free Trial The search for an office chair can be a journey. Make sure you've found the right chair by subscribing and testing it out first Mirra 129,000 ks ۔o Terms&coditionapply‎'‎‎

ဒီ Rent-A-Chair Program ကို စိတ်ဝင်စားလို့ Subscribe လုပ်ချင်တယ်ဆို ဘယ်လိုလုပ်ရမလဲ

အဲ့အတွက်က အရမ်းလွယ်ပါတယ်။ Subscribe ဘယ်လိုလုပ်ရမလဲဆိုတော့ ပထမဆုံးအနေနဲ့ လူကြီးမင်း စိတ်ကြိုက် Herman Miller Office Chair တစ်လုံးကို ရွေးချယ်ပါ။ ပြီးရင် ကျွန်တော်တို့ကို ဆက်သွယ်လိုက်ပါ။ ကျွန်တော်တို့ဘက်က လူကြီးမင်းအတွက် လိုအပ်တာတွေပြင်ဆင်ပြီး Confirm လုပ်ဖို့ဆက်သွယ်ပေးပါမယ်။ ပြီးရင်တော့ Delivery ပို့ပေးမှာဖြစ်ပါတယ်။

Delivery စပို့တဲ့နေ့ကစပြီး Subscription စတင်မှာပါ။ Subscription Expired Date ကို (၇) ရက်ကြိုပြီး အသိပေးမှာဖြစ်ပြီးတော့ ခုံနဲ့ အဆင်မပြေလို့ လဲလှယ်ချင်ရင်တော့ (၇) ရက်ကြို Request တင်ရပါမယ်။ လဲလှယ်ခ Fee အနေနဲ့ ၄,၅၀၀၀ ကျပ် ပေးဆောင်ရမှာဖြစ်ပါတယ်။

လူကြီးမင်းတို့အနေနဲ့ အသေးစိတ်ကို  [email protected] သို့မဟုတ် 09-895702585 ကိုဆက်သွယ်နိုင်ပါတယ်။ Showroom နဲ့ Office မှာလည်း စုံစမ်းနိုင်ပါတယ်။ လိပ်စာတွေကတော့ ...

Showroom: City Mall(ST.John),2nd floor,Unit 02-01, Corner of Pyay and Min Ye Kyaw Zwa Road, Lanmadaw Tsp, Yangon, Myanmar.

Office: 7th Floor, Building C, Shwe Pyae Sone Market, New Mingalar Market Complex, Corner of Set Yone Road & Banyardala Road, Mingalar Taung Nyunt Township Yangon, Myanmar.

May be an image of furniture, indoor and text that says 'HermanMiller Rent- A- A Chair Premium Subscription Program Care & Maintenance We provide you with scheduled maintenance and care for no additional fee to make sure that your chair is always like new. Aeron 159,000 ks PMonth Month Per conditionapply'

Rent-A-Chair Program အစီစဉ်ကို Subscribe လုပ်ရင် ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်လဲ

Office တော်တော်များများရဲ့ လုပ်ငန်းခွင်က ထိုင်ရတာများတဲ့အတွက် ခါးနာတာတွေ၊ အညောင်းမိတာတွေ ဖြစ်ကြပါတယ်။ အဲ့တာက ထိုင်ခုံရဲ့ ပြဿနာဖြစ်နိုင်သလို ထိုင်တဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ ဖွဲ့စည်းပုံကို လွဲချော်နေတာကြောင့် အဓိကဖြစ်နိုင်ပါတယ်။ 

ဒီပြဿနာတွေကို ကျွန်တော်တို့ MMRD Office Living က တွေးပြီးတော့ ဒီ Rent-A-Chair Premium Subscription Program လေးကို စီစဉ်လိုက်တာဖြစ်ပါတယ်။ Embody၊ Aeron၊ Mirra နဲ့ Sayl က အထိုင်များတဲ့သူတွေ၊ ခါးနာတတ်တဲ့သူတွေ၊ ဇိမ်ကျကျထိုင်ပြီး အလုပ်လုပ်ချင်တဲ့ လူကြီးမင်းတို့အတွက် သက်တောင့်သက်သာဖြစ်စေမယ့်အပြင် လုပ်ငန်းခွင်မှာ Premium ဆန်ဆန် အလုပ်လုပ်နိုင်ဖို့ ခွန်အားတွေ ပေးစွမ်းမှာ အသေချာပါပဲ။ 

အကယ်၍ လူကြီးမင်းတို့ ရွေးချယ်ငှားရမ်းတဲ့ Office Chair က အရမ်းအဆင်ပြေသွားလို့ အပိုင်ဝယ်ယူချင်တယ်ဆိုရင်လည်း MMRD Office Living က Warmly Welcome ပါ။

May be an image of ‎furniture and ‎text that says '‎HermanMiller Rent- A Chair Premium Subscription Program Circular Economy You win. We win. The world wins. Our flexible plan means that a single chair gets to be reused and repurposed again at the end of subscription, helping to eliminate waste and prevent overstocking. Embody 199,000 ks ۔Month Terms&coditionapply apply condition‎'‎‎

Bookmark