By WMMH (Mizzy)
ဘော်ဒါတွေ ပျော်ပျော်ပါးပါး စုပြီး Chill ချင်သူများအတွက် သတင်းကောင်းလေးတစ်ခု ရှိပါတယ်။ ဒါကတော့ လူ၄ယောက်နဲ့ အထက် လာတာနဲ့ Carlsberg Beer Tower ကို Free ပေးနေတဲ့ Native Kitchen ဆိုင်လေးအကြောင်းပဲ ဖြစ်ပါတယ်။
ဒီဆိုင်လေးရဲ့ ထူးခြားချက်ကတော့ စားစရာအတွက် အမြည်းအစုံအလင်အပြင် ဟင်းလျာများ၊ အကင်များ နဲ့ မြန်မာ့ဓလေ့ရိုးရာ အညာဒေသ အစားအစာများကအစ ရရှိနိုင်တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဆိုင်ရဲ့ Signature Cocktail များစွာနဲ့ ယမကာမျိုးစုံ၊ ဝိုင်မျိုးစုံကိုလည်း ရရှိနိုင်ပါတယ်။
ဆိုင်လေးထဲ ဝင်လိုက်တာနဲ့ ထူးခြားပြီး ချစ်စဖွယ်ကောင်းတဲ့ ဆိုင်အပြင်အဆင်ကို မြင်တွေ့နိုင်မှာ ဖြစ်လို့ ဓာတ်ပုံရိုက်ရတာ ဝါသနာပါတဲ့ သူငယ်ချင်းများအတွက်လည်း သဘောကျစေမယ့် ဘားလေးပါပဲ။
Native Kitchen ဟာ လက်ရှိမှာ Promotion ၂ခုကို တစ်ပြိုင်နက် ပြုလုပ်နေတာ ဖြစ်ပါတယ်။ သူရဲ့ ပရိုမိုးရှင်းတွေကတော့ ...
အပတ်စဉ် သောကြာနေ့တိုင်းမှာ ညနေ ၅နာရီခွဲကနေ ၆နာရီခွဲအတွင်း လူ၅ယောက် ပြည့်အောင်လာတဲ့ ဝိုင်းတိုင်းကို Myanmar Premium Tower တစ်တိုင် Free ချပေးနေတာ ဖြစ်ပါတယ်။ ဘီယာမသောက်ချင်ရင်တော့ ရှီရှားတစ်အိုး Free ပေးသွားမှာပါ။
အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းမှာတော့ ညနေ ၆နာရီကနေ ၇နာရီအတွင်း လူ၄ယောက် ပြည့်အောင်လာတဲ့ ဝိုင်းတိုင်းကို Carlsberg Beer Tower တစ်တိုင် Free ပေးနေတာ ဖြစ်ပါတယ်နော်။
ဒီပရိုမိုးရှင်းက အပတ်စဉ် ဗုဒ္ဓဟူးနဲ့ သောကြာနေ့တိုင်းမှာ ရရှိနေတာဖြစ်လို့ လကုန်ရက်တွေရောက်မှ ဘော်ဒါတွေနဲ့ စုပြီး သွားချင်သူတွေ အတွက်ရော၊ ဘယ်ဘားသွားရမလဲ တိုင်ပင်ရခက်နေသူများအတွက်ပါ သတင်းကောင်းလေး ပါးလိုက်ရပါတယ်နော်။
Native Kitchen ရဲ့ ဆိုင်လိပ်စာနဲ့ ဖုန်းနံပါတ်များကိုတော့ အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ >> https://bit.ly/2CAuLsA