By WMMH (Mizzy)
နေ့လည်နေ့ခင်း မိုးအေးအေးမှာ Delivery နဲ့ မုန့်မှာစားဖို့ ကြံစည်နေကြတဲ့ အစားအသောက်ချစ်သူ Foodie တို့အတွက် သတင်းကောင်းလေးတစ်ခု ပြောပြပေးချင်ပါတယ်။ ဒါကတော့ Food Delivery Service Company တစ်ခုဖြစ်တဲ့ Foodmall ရဲ့ Happy Hour ပရိုမိုးရှင်းအကြောင်းပဲ ဖြစ်ပါတယ်။
ဒီ ပရိုမိုးရှင်းလေးကတော့ နေ့စဉ် နေ့လည် ၂ နာရီမှ ညနေ ၆ နာရီအထိ Foodmall ကနေ Order မှာယူသူများ အားလုံးကို Free Delivery နဲ့ လိုက်လံပို့ဆောင်ပေးနေတာပဲ ဖြစ်ပါတယ်။
Foodmall မှာ နေ့စဉ် Happy Hour Promotion ကြီးအပြင် တစ်ဆိုင်ချင်းဆီရဲ့ Menu တစ်ခုချင်းစီမှာလည်း လျှော့ဈေးများ ရရှိနေတာ ဖြစ်ပါတယ်။
သူရဲ့ App မှာတော့ ရန်ကုန်မြို့တွင်းမှာရှိတဲ့ စားသောက်ဆိုင်ပေါင်း ၅၀၀ ကျော်ကနေ အစားအစာ မှာယူရရှိနိုင်ပြီး Order များကိုတော့ မနက် ၉ နာရီကနေ ည ၈ နာရီအထိ ပိတ်ရက်မရှိ လိုက်လံ ပို့ဆောင်ပေးနေတာပဲ ဖြစ်ပါတယ်။
အစားအသောက်များကိုတော့ Foodmall ရဲ့ Website Link >> www.foodmallmm.com နဲ့ Application Download Link >> https://bit.ly/2XRvGgJ ကနေ မှာယူရရှိနိုင်တာ ဖြစ်ပါတယ်။
Foodmall Food Delivery Service ရုံးချုပ်ရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်များကိုတော့ အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုလို့ ရပါတယ်။