Yangon Trend Business

ဘာသာစကား (၈) မျိုးအထိ ဘာသာပြန်ပေးနိုင်သော Face Mask ကို သိပ္ပံပညာရှင်များ တီထွင်

Read 727 times

By - WMMH (Mizzy)

Japan Science Company တစ်ခုဖြစ်သော Donut Robotics ကုမ္ပဏီသည် နိုင်ငံခြားဘာသာစကား (၈) မျိုးအထိ ဘာသာပြန်ပေးနိုင်မည့် Face Mask တစ်ခုကို တီထွင်ခဲ့သည်။ 

အဆိုပါ Face Mask သည် Vocie Command  ဖြင့် ဖုန်းခေါ်ဆိုခြင်း၊ ဝတ်ဆင်သူ၏ အသံကို အတိုးအချဲ့ ပြုလုပ်ပေးနိုင်ခြင်းနှင့် ကမ္ဘာလှည့် ခရီးသွားလာသူများအတွက် ဆက်သွယ်ပြောဆိုရေးတွင် ပိုမိုလွယ်ကူ အဆင်ပြေစေရန် ဘာသာစကား (၈) မျိုးအထိ သာသာပြန်ဆိုပေးနိုင်ခြင်း စသည်တို့ ပါဝင်မည်ဖြစ်သည်။ 

Face Mask အသုံးပြုပုံမှာ သာမန်တပ်ဆင်လေ့ရှိသော Mask များကဲ့သို့ ရိုးရှင်းလွယ်ကူပြီး ပါဝင်သော Function များကို အသုံးပြုနိုင်ရန် Smart Phone မှတစ်ဆင့် Bluetooth ဖြင့် ချိတ်ဆက်ကာ Internet ဖွင့်ထားရုံဖြင့် အလွယ်တကူ အသုံးပြုနိုင်မည် ဖြစ်သည်။ 

အဆိုပါ Mask မှာ လူတို့ အပြန်အလှန် စကားပြောဆိုသည့် အသံများကို ၎င်းအတွက် သီးသန့်တီထွင်ထားသော Application မှတစ်ဆင့် မှတ်တမ်းရယူထားမည် ဖြစ်ပြီး ဘာသာပြန်ဆိုထားသော အသံဖိုင်ကို Mask အတွင်းမှ Build-in ပါဝင်သော Amplifier မှတစ်ဆင့် Mask တပ်ဆင်သူ၏ နားထဲသို့ ကြည်လင်စွာ ကြားသိနိုင်အောင် ပြုလုပ်ပေးထားသည်။

ပြန်ဆိုနိုင်သော ဘာသာစကားများမှာ အင်္ဂလိပ်၊ တရုတ်၊ ပြင်သစ်၊ ကိုရီးယား၊ ထိုင်း၊ အင်ဒိုနီးရှား၊ စပိန်နှင့် ဗီယက်နမ် စသည်တို့ဖြစ်ပြီး လတ်တလောတွင်မူ ဂျပန်ဘာသာ တစ်မျိုးထဲဖြင့်သာ ဘာသာပြန်ဆို ပြောကြားပေးနိုင်မည် ဖြစ်သည်။ 

အဆိုပါ Face Mask ကို ဂျပန်ငွေ ၃,၉၈၀ ယန်း ( မြန်မာငွေ ကျပ် ၅ သောင်းကျော်ခန့် ) ဖြင့် ရောင်းချမည် ဖြစ်ပြီး စက်တင်ဘာလတွင် ဂျပန်နိုင်ငံ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချသွားမည်ဟု သိရသည်။ 

Original Website Link >> https://bit.ly/30f7ioK 

Bookmark