Food & Drinks

နေ့စဉ် တစ်လီတာသောက်ရုံနဲ့ (၄၄) ပေါင်ထိ ဝိတ်ကျစေနိုင်မယ့် Detox Water

Read 876 times

By - WMMH (Mizzy)

ခန္ဓာကိုယ် သွယ်လျပြီး အသားအရည် လှပတာကိုတော့ လူတိုင်း သဘောကျကြမယ် ထင်ပါတယ်။ ခန္တာကိုယ်နဲ့ အသားအရည်ကို ထိန်းသိမ်းဖို့ ဘာ Treatment မှ တသီးတသန့် လုပ်စရာမလိုဘဲ အိမ်မှာနေရင်း အလွယ်တကူ ပြုလုပ်နိုင်တာမျိုးဆို ပိုလို့တောင် သဘောကျကြမယ် ထင်ပါတယ်။

Detox Water ဆိုတာကတော့ အသီးအရွက်တွေနဲ့ ရေကို စိမ်ပြီး သောက်ရတဲ့ ရေတစ်မျိုး ဖြစ်ပါတယ်။ Detox Water က ခန္ဓာကိုယ်တွင်းမှာ ရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး အသည်းနဲ့ ကျောက်ကပ်ကို ရောဂါကင်းစင်စေပါတယ်။

ဝိတ်ချလိုတဲ့သူတွေ အနေနဲ့ Detox Water ကို နေ့စဉ် ၁ လီတာ သောက်သုံးပေးရုံနဲ့ (၄၄) ပေါင်အထိ လျော့ကျစေနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပုံမှန်သောက်သုံးပေးခြင်းဖြင့်လည်း ခန္ဓာကိုယ်ကို သွယ်လျစေပြီး ကြည်လင်လှပတဲ့ အသားအရည်ကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်နော်။

ဒါကြောင့် ဒီတစ်ပတ်မှာတော့ အသားအရည် စိုပြေလှပဖို့အတွက် Detox Water အမျိုးအစားများစွာ ရှိတဲ့အထဲကမှ ပြုလုပ်ရ လွယ်ကူတဲ့ Cucumber Lemon Mint Detox Water ပြုလုပ်နည်းလေးကို ပြောပြပေးချင်ပါတယ်။


ပါဝင်ပစ္စည်းတွေကတော့ …

  • တစ်လီတာဆံ့ ဖန်ပုလင်း (၁) လုံး
  • အခွံပါ သံပုရာသီး (၅) ကွင်း
  • ပူစီနံ Mint (၁၀) ရွက်ခန့်
  • ဂျင်း လက်တစ်ဆစ်ခန့်
  • သခွားသီး ခပ်ပါးပါး (၈) ခြမ်း
  • ရေသန့် တစ်လီတာ

တစ်လီတာဆံ့ ဖန်ပုလင်းထဲမှာ ရေသန့် ပြည့်လုပြည့်ခင်အထိ ထည့်ပါ။ ပြီးရင် သံပုရာသီး၊ သခွားသီး၊ ပူစီနံရွက်နဲ့ ဂျင်း လက်တစ်ဆစ်ကို ထည့်ပြီး ရေခဲသေတ္တာထဲမှာ တစ်ညခန့် ရေစိမ်ထားပါ။ နောက်နေ့ရောက်ရင်တော့ ပုံမှန်ရေအစား Detox Water ကို သောက်သုံးနိုင်ပါပြီနော်။

လွယ်ကူရိုးရှင်းပြီး ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ Detox Water ကို ပုံမှန်သောက်သုံးပေးရင်း ခန္ဓာကိုယ်ကို သွယ်လျပြီး ရောဂါကင်းစင် ကျန်းမာလှပတဲ့ အသားအရည်ကို ပိုင်ဆိုင်နိုင်ကြပါစေ။

Bookmark