Health Careers & Jobs

လေထုထဲမှတစ်ဆင့် Covid-19 ကူးစက်နိုင်သဖြင့် Mask တပ်သင့်ကြောင်း WHO ထုတ်ပြန်

Read 718 times

Covid- 19 အဆုတ်ရောင်ရောဂါသည် ထိတွေ့မှုမှတစ်ဆင့် ကူးစက်သည့်အပြင် လေထုထဲမှ တစ်ဆင့်လည်း ကူးစက်နိုင်သဖြင့် Mask များ တပ်သင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)မှ ဧပြီလ ၄ ရက်နေ့က အသိအမှတ်ပြု ကြေညာလိုက်ပြီ ဖြစ်သည်။

လေထုထဲမှတစ်ဆင့် ကူးစက်ခြင်း ( ရိုးရိုးသာမန်စကားပြောရုံမျှဖြင့် ကူးစက်ခြင်း ) ကို နိုင်ငံအများက လက်ခံလာပြီ ဖြစ်ပြီး ပြန့်ပွားမှုကို ထိန်းချုပ်နိုင်သည့် အကောင်းဆုံးသော နည်းလမ်းမှာ မိမိအိမ်တွင်နေထိုင်ခြင်းနှင့် တစ်ဦးနှင့်တစ်ဦး ထိတွေ့မှုမရှိရန် (Physical Distancing) ပြုလုပ်ခြင်း ဖြစ်သည်။

အခြားကိုရိုနာဗိုင်းရပ်စ် ကာကွယ်နိုင်မယ့် နည်းလမ်းများ

၁။ အဆုတ်ရောင်ရောဂါလက္ခဏာ ခံစားနေရသူများနှင့် အနီးကပ် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။
၂။ လက်ကို စင်ကြယ်အောင် မကြာခဏ စနစ်တကျ ဆေးကြောပါ။
၃။  နှာချေ၊ ချောင်းဆိုးသည့်အခါတိုင်း နှာခေါင်းနှင့် ပါးစပ်ကို လုံခြုံအောင် ဖုံးအုပ်ပါ။ တစ်ရှူးအသုံးပြုပြီးပါက အမှိုက်ပုံးထဲသို့ စနစ်တကျ စွန့်ပစ်ပြီး လက်ကို စနစ်တကျ ပြန်လည် ဆေးကြောပါ။
၄။ တစ်ကိုယ်ရေ သန့်ရှင်းမှု ဂရုပြု ဆောင်ရွက်ပါ။ 
၅။ အာဟာရ ပြည့်ဝစွာ စားသုံးပါ။
၆။ ကောင်းစွာ အိပ်စက် အနားယူပါ။
၇။ လူထူထပ်သည့် နေရာများသို့ သွားလာခြင်းမှ တတ်နိုင်သလောက် ရှောင်ပါ။
၈။ တိရစ္ဆာန်များနှင့် အကာအကွယ်မပါပဲ တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ။
၉။ အဆုတ်ရောင်ရောဂါ ( ကိုရိုနာဗိုင်းရပ်စ် ) ဖြစ်ပွားသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ အမြန်ဆုံး သတင်းပို့၍ ကုသမှု ခံယူပါ။

Su Mon Oo ( Mine )
 

Bookmark