Government News

ရန်ကင်းမြို့နယ်တွင် COVID-19 လူနာသစ် ( ၃ ) ဦး ထပ်တိုး၊ စုစုပေါင်း ( ၁၇၀ ) ဦး ရှိလာ

Read 347 times

ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာန၏ အောက်တိုဘာလ ၅၊ ၂၀၂၀ ( ညနေ ၄း၃၀ နာရီအချိန် ) ထုတ်ပြန်ချက်များအရ ရန်ကင်းမြို့နယ်တွင် COVID-19 ဓာတ်ခွဲအတည်ပြု လူနာသစ် ( ၃ ) ဦး ထပ်တိုးလာပြီး စုစုပေါင်းလူနာ ( ၁၇၀ ) ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။

( ယနေ့ သေဆုံးလူနာစာရင်းကိုမူ MOHS မှ ည ၈ နာရီအချိန်တွင် ထုတ်ပြန်မည် ဖြစ်ပါသည်။ )

မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ (၂၃) ရက်နေ့မှ ယနေ့အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၇,၇၉၄) ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၅,၁၉၅) ဦး နှင့် သေဆုံးလူနာ (၄၁၂) ဦး ရှိပြီ ဖြစ်သည်။

Bookmark