Government News

ရွှေပြည်သာမြို့နယ်တွင် COVID-19 လူနာသစ် ( ၅၀ ) ဦး ထပ်တိုး၊ စုစုပေါင်း ( ၂၃၃ ) ဦး ရှိလာ

Read 279 times

ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာန၏ အောက်တိုဘာလ ၁၊ ၂၀၂၀ ( ညနေ ၅း၃၀ နာရီအချိန် ) ထုတ်ပြန်ချက်များအရ ရွှေပြည်သာမြို့နယ်တွင် COVID-19 ဓာတ်ခွဲအတည်ပြု လူနာသစ် ( ၅၀ ) ဦး ထပ်တိုးလာပြီး စုစုပေါင်းလူနာ ( ၂၃၃ ) ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။

( ယနေ့ သေဆုံးလူနာစာရင်းကိုမူ MOHS မှ ည ၈ နာရီအချိန်တွင် ထုတ်ပြန်မည် ဖြစ်ပါသည်။ )

မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ (၂၃) ရက်နေ့မှ ယနေ့အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၃,၃၇၃) ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၃,၇၅၅) ဦး နှင့် သေဆုံးလူနာ (၃၁၀) ဦး ရှိပြီ ဖြစ်သည်။

Bookmark