ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အောက်တိုဘာလ ၁၊ ၂၀၂၀ ( ညနေ ၅း၃၀ နာရီအချိန် ) ထုတ်ပြန်ချက်များအရ ပန်းဘဲတန်းမြို့နယ်တွင် COVID-19 ဓာတ်ခွဲအတည်ပြု လူနာသစ် ( ၄ ) ဦး ထပ်တိုးလာပြီး စုစုပေါင်းလူနာ ( ၂၄၂ ) ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။
( ယနေ့ သေဆုံးလူနာစာရင်းကိုမူ MOHS မှ ည ၈ နာရီအချိန်တွင် ထုတ်ပြန်မည် ဖြစ်ပါသည်။ )
မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ (၂၃) ရက်နေ့မှ ယနေ့အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၃,၃၇၃) ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၃,၇၅၅) ဦး နှင့် သေဆုံးလူနာ (၃၁၀) ဦး ရှိပြီ ဖြစ်သည်။