Government News

မြောက်ဥက္ကလာမြို့နယ်တွင် COVID-19 လူနာသစ် ( ၃၀ ) ဦး ထပ်တိုး၊ စုစုပေါင်း ( ၂၃၆ ) ဦး ရှိလာ

Read 108 times

ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ ၂၅၊ ၂၀၂၀ ( ညနေ ၅ နာရီအချိန် ) ထုတ်ပြန်ချက်များအရ မြောက်ဥက္ကလာမြို့နယ်တွင်  COVID-19 ဓာတ်ခွဲအတည်ပြု လူနာသစ် ( ၃၀ ) ဦး ထပ်တိုးလာပြီး စုစုပေါင်းလူနာ ( ၂၃၆ ) ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။

ကူးစက်ခံရသူ လူနာများအနက် Case-3744, Case-5331, Case-2534, Case-4405, Case-5991, Case-7198, Case-8008, Case-8016, Case-8007, Case-8010, Case-8073, Case-8012, Case-8077, Case-8050, Case-8017, Case-8018, Case-8019 စသည့် လူနာ ( ၁၇ ) ဦးမှာ သေဆုံးခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ (၂၃) ရက်နေ့မှ ယနေ့အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၈,၅၁၅) ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၂၃၈၁) ဦး နှင့် သေဆုံးလူနာ (၁၅၅) ဦး ရှိပြီ ဖြစ်သည်။

Bookmark