ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ ၂၄၊ ၂၀၂၀ ( ညနေ ၆:၃၀ နာရီအချိန် ) ထုတ်ပြန်ချက်များအရ အင်းစိန်မြို့နယ်တွင် COVID-19 ဓာတ်ခွဲအတည်ပြု လူနာသစ် ( ၈၈ ) ဦး ထပ်တိုးလာပြီး စုစုပေါင်းလူနာ ( ၃၂၈ ) ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါ လူနာများအနက် Case-2171 ၊Case-5888 ၊ Case-7741 ၊ Case- 7727 ၊ Case-7153၊ Case-7157၊ Case- 7169၊ Case- 7186၊Case- 7184၊ Case-7185၊ Case-7718၊ Case-7716၊ Case-7204၊ Case - 4534 လူနာ ( ၁၄ ) ဦးမှာ သေဆုံးခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။
မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ (၂၃) ရက်နေ့မှ ယနေ့အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၈၅၁၅) ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၂၃၈၁) ဦး နှင့် သေဆုံးလူနာ (၁၅၅) ဦး ရှိပြီ ဖြစ်သည်။