Government News

တောင်ဒဂုံမြို့နယ်တွင် COVID-19 လူနာသစ် ( ၅ ) ဦး ထပ်တိုး၊ စုစုပေါင်း ( ၁၃၃ ) ဦး ရှိလာ

Read 428 times

ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ ၂၃၊ ၂၀၂၀ ( ညနေ ၄း၃၀ နာရီအချိန် ) ထုတ်ပြန်ချက်များအရ တောင်ဒဂုံမြို့နယ်တွင် COVID-19 ဓာတ်ခွဲအတည်ပြု လူနာသစ် ( ၅ ) ဦး ထပ်တိုးလာပြီး စုစုပေါင်းလူနာ ( ၁၃၃ ) ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။

ကူးစက်ခံရသူ လူနာများအနက် Case - 6703, Case - 6916, Case - 3367, Case - 4343, Case - 4055, Case - 6776, Case - 6781, Case - 6806, Case - 6805, Case - 6743, Case - 6744, Case - 6782, Case - 1605 လူနာ ( ၁၃ ) ဦးမှာ သေဆုံးခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ (၂၃) ရက်နေ့မှ ယနေ့အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၉၅၈) ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၁၉၅၁) ဦး နှင့် သေဆုံးလူနာ (၁၂၉) ဦး ရှိပြီ ဖြစ်သည်။

Bookmark