Government News

အလုံမြို့နယ်တွင် COVID-19 လူနာသစ် ( ၄ ) ဦး ထပ်တိုး၊ စုစုပေါင်း ( ၅၂ ) ဦး ရှိလာ

Read 1003 times

ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ ၂၃၊ ၂၀၂၀ ( ညနေ ၄:၃၀ နာရီအချိန် ) ထုတ်ပြန်ချက်များအရ အလုံမြို့နယ်တွင် COVID-19 ဓာတ်ခွဲအတည်ပြု လူနာသစ် ( ၄ ) ဦး ထပ်တိုးလာပြီး စုစုပေါင်းလူနာ ( ၅၂ ) ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ လူနာများအနက် Case-6703 ၊Case-6916 ၊ Case-3367 ၊ Case- 4343၊ Case-4055၊ Case-6776၊ Case- 6781၊ Case- 6806၊ Case- 6805၊ Case-6743၊ Case-6744၊ Case-6782၊ Case-1605 လူနာ ( ၁၃ ) ဦးမှာ သေဆုံးခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ (၂၃) ရက်နေ့မှ ယနေ့အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၉၅၈) ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၁၉၅၁) ဦး နှင့် သေဆုံးလူနာ (၁၂၉) ဦး ရှိပြီ ဖြစ်သည်။

 

Bookmark