Government News

ကျောက်တံတားမြို့နယ်တွင် COVID-19 လူနာသစ် ( ၅ ) ဦး ထပ်တိုး၊ စုစုပေါင်း ( ၅၇ ) ဦး ရှိလာ

Read 308 times

ကျန်းမာ‌ရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ ၂၂၊ ၂၀၂၀ ( ညနေ ၄:၃၀ နာရီအချိန် ) ထုတ်ပြန်ချက်များအရ ကျောက်တံတားမြို့နယ်တွင် COVID-19 ဓာတ်ခွဲအတည်ပြု လူနာသစ် ( ၅ ) ဦး ထပ်တိုးလာပြီး စုစုပေါင်းလူနာ ( ၅၇ ) ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ လူနာများအနက် Case-5974၊Case-5967၊ Case-5970၊ Case-1992၊ Case-5385၊ Case-5932၊ Case- 5892၊ Case- 5897၊ Case- 6308၊ Case-5999၊ Case-6000၊Case-6001 လူနာ ( ၁၃ ) ဦးမှာ သေဆုံးခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ ၂၃ ရက်နေ့မှ ယနေ့အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၄၇၁) ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၁၄၄၅) ဦး ရှိပြီ  ဖြစ်ကာ သေဆုံးလူနာ (၁၁၃) ဦး ရှိပြီ ဖြစ်သည်။

Bookmark