by Win May May Htay
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စက်တင်ဘာလ ၂၂၊ ၂၀၂၀ ( မနက် ၈ နာရီအချိန် ) ထုတ်ပြန်ချက်များအရ မြောက်ဥက္ကလာမြို့နယ်တွင် COVID-19 ဓာတ်ခွဲအတည်ပြု လူနာသစ် ( ၂၂ ) ဦး ထပ်တိုးလာပြီး စုစုပေါင်းလူနာ ( ၁၅၂ ) ဦး ရှိပြီ ဖြစ်ကြောင်း သိရသည်။
ကူးစက်ခံရသူ လူနာများအနက် Case-5974, Case-5967, Case-5970, Case-1992, Case-5385, Case-5932, Case- 5892, Case- 5897, Case- 6308, Case-5999, Case-6000, Case-6001 စသည့် လူနာ ( ၁၃ ) ဦးမှာ သေဆုံးခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။
မြန်မာတစ်နိုင်ငံလုံးတွင် မတ်လ (၂၃) ရက်နေ့မှ ယနေ့အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၄၇၀) ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၁၄၄၅) ဦး နှင့် သေဆုံးလူနာ (၁၁၃) ဦး ရှိပြီ ဖြစ်သည်။